နှစ်လကျော် ပိတ်ထားသည့် တနင်္သာရီတိုင်း ထားဝယ်ကမ်းခြေများကို ပြန်လည်ဖွင့်လှစ်

နှစ်လကျော် ပိတ်ထားသည့် တနင်္သာရီတိုင်း ထားဝယ်ကမ်းခြေများကို ပြန်လည်ဖွင့်လှစ်
Published 4 June 2020
ဖြိုးဇင် (ထားဝယ်)

နှစ်လကျော် ပိတ်ထားသည့် တနင်္သာရီတိုင်း ထားဝယ်ကမ်းခြေများကို ပြန်လည်ဖွင့်လှစ်ခွင့်ပြုကြောင်း တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ ့ထံမှသိရသည်။

COVID-19 ရောဂါ ကူးစက်ပျံ့နှ့ံမှုမရှိစေရန် ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်အတွင်းရှိ မောင်းမကန်ကမ်းခြေ၊ စမ်းလှမ်းကမ်းခြေ၊ တီဇစ်ကမ်းခြေ၊ ပညစ်ကမ်းခြေ၊ ဆင်ထောက်ကမ်းခြေ၊ ဖိုးဖိုးကျောက်ကမ်းခြေ၊ မြင်းခွာအော်ကမ်းခြေ၊ ပါရာဒိုက်ကမ်းခြေတို့အား မတ် ၂၇ ရက်မှစတင်ကာ ကမ်းခြေများအား ယာယီပိတ်သိမ်းထားခဲ့သည်။

"ဆိုင်တွေကတော့ Social Distancing နဲ့ ကျန်းမာရေးဌာနရဲ့ လမ်းညွှန်ချက်အတိုင်း ဖွင့်လိုက်ပြီပေါ့။ စျေးတွေဆိုင်တွေ အကုန်ဖွင့်ပြီဆိုတော့ မောင်းမကန်ကမ်းခြေလည်း ဖွင့်ပြီပေါ့။ မောင်းမကန်ကမ်းခြေတော့ ဖွင့်ခွင့်ပြုလိုက်ပြီ။ ကမ်းခြေတွေအားလုံး ဖွင့်ခွင့်ပြုလိုက်ပြီ။ ဆိုင်ခန်းတွေအကုန်လုံး ဖွင့်ခွင့်ပြုလိုက်ပြီဆိုတော့လေ" ဟု တို်င်းဒေသကြီးအစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးကျော်မင်းက ပြောကြားသည်။

ဇွန် ၃ ရက်ကထုတ်ပြန်ခဲ့သည့် တနသာင်္ရီတိုင်းဒေသကြီး Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ အမိန့်ကြေညာချက်အတွင်း၌ ပါဝင်ခဲ့ခြင်း မရှိသော်လည်း ကမ်းခြေများကို တရားဝင် ပြန်လည်ဖွင့်ခွင့်ပြုလိုက်ခြင်းဖြစ်ကြောင်း၊ ကော်မတီမှ ယခင်ထုတ်ပြန်ထားသည့် အမိန့်ကြေညာချက်များအားလုံးနီးပါး ဖြေလျော့မှုပေးလိုက်ခြင်းဖြစ်ပြီး ည ၁၂ နာရီမှနံနက် ၄ နာရီအထိ ညမထွက်ရအမိန့်တစ်ခုသာ လက်ရှိအချိန်ထိ တည်ဆဲဖြစ်ကြောင်း ဝန်ကြီးဦးကျော်မင်းက ပြောကြားသည်။

တနသာင်္ရီတိုင်းဒေသကြီး Coronavirus Disease 2019(COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီ၏ ဇွန် ၃ ရက်နေ ့ရက်စွဲပါ အမိန့်ကြေညာချက်အတွင်း၌ အချက် ၁၁ ချက်ပါဝင်ခဲ့ပြီး တိုင်းအတွင်း ပြည်သူများ နေအိမ်ပြင်ပ သွားလာရာတွင် Mask များ စနစ်တကျ တပ်ဆင်ရန်၊ ပြည်ပနိုင်ငံများမှ ပြန်လာသူများနှင့် ရန်ကုန်တိုင်း အင်းစိန်နှင့် မရမ်းကုန်းမြို့နယ်တွင် သွားရောက်နေထိုင်ခဲ့ပြီး ပြန်လည်ရောက်ရှိလာသူများ Community Based Facility quarantine ၂၁ ရက်နှင့် Home Quarantine ၇ ရက် ဆောင်ရွက်ရန်၊ ရန်ကုန်တိုင်း အင်းစိန်နှင့် မရမ်းကုန်းမြို့နယ်မှလွဲ၍ ကျန်အခြားမြို့နယ်များတွင် နေထိုင်ခဲ့ပြီး ရပ်ကွက်/ကျေးရွာ ထောက်ခံချက်ဖြင့် ပြန်လာသူဖြစ်ပါက Quarantine ကင်းလွတ်ခွင့် ပြုရန် ဖော်ပြထားသည်။

ထို ့အပြင်မြိတ်မြို့နယ်နှင့် ကျွန်းစုမြို့နယ်သို့ ပြေးဆွဲသော ရေယာဉ်များ၊ တို်င်းဒေသကြီးပြင်ပ မော်တင်ယာဉ် ပြေးဆွဲမှုအား မူလတင်ဆောင်နိုင်သောဦးရေ၏ ၅၀ ရာခိုင်နှုန်း ခရီးသည်သာ အများဆုံးတင်ဆောင်ရန်နှင့် ခရီးသည်များအား Mask တပ်ဆင်စေခြင်း၊ ကို််ယ်အပူချိန် တိုင်းတာခြင်း၊ လက်ဆေးခြင်းများ ပြုလုပ်စေခြင်းနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ထားသော စည်းကမ်းများအတိုင်း ဆောင်ရွက်ရန်နှင့် စည်းမျဉ်း စည်းကမ်းများနှင့်အညီ စစ်ဆေးမှုခံယူ ပြေးဆွဲရန်၊ စားသောက်ဆိုင်၊ လက်ဖက်ရည်ဆို်င်များအနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီဌာန၏ သတ်မှတ်ချက်နှင့် ညီညွတ်ပါက ဆိုင်ထိုင်စားသောက်ခြင်းဖြင့် ရောင်းချရန်နှင့် သတ်မှတ်ချက်နှင့် မညီညွတ်ပါက ပါဆယ်စနစ်ဖြင့်သာ ရောင်းချရန် စသည့်အချက်များ ပါဝင်ခဲ့သည်။

 

 

 

Most Read

Most Recent