မီလင်ကိုဗစ်အတွက် ကမ်းလှမ်းမှုများကို လက်ခံစဉ်းစားဖွယ်ရှိကြောင်း လာဇီယိုအားကစားဒါရိုက်တာ ဝန်ခံ

မီလင်ကိုဗစ်အတွက် ကမ်းလှမ်းမှုများကို လက်ခံစဉ်းစားဖွယ်ရှိကြောင်း လာဇီယိုအားကစားဒါရိုက်တာ ဝန်ခံ
Photo:Getty Images
Photo:Getty Images
Published 3 June 2020

လာဇီယိုအသင်းအားကစားဒါရိုက်တာဖြစ်သူ တာရီက မိမိတို့အနေဖြင့် အသင်းကွင်းလယ်လူ မီလင်ကိုဗစ်အတွက် ကမ်းလှမ်းမှုများကို လက်ခံစဉ်းစားသွားဖွယ်ရှိနေကြောင်း ဝန်ခံခဲ့သည်။ 

လာဇီယိုအသင်းအားကစားဒါရိုက်တာဖြစ်သူ တာရီက မိမိတို့အနေဖြင့် အသင်းကွင်းလယ်လူ မီလင်ကိုဗစ်အတွက် ကမ်းလှမ်းမှုများကို လက်ခံစဉ်းစားသွားဖွယ်ရှိနေကြောင်း ဝန်ခံခဲ့သည်။ 

အသက် (၂၅)နှစ်အရွယ်ရှိ ဆားဘီးယားကွင်းလယ်လူ မီလင်ကိုဗစ်သည် လာဇီယိုအသင်းတွင် ခြေစွမ်းပြနေသူဖြစ်ပြီး ၎င်းကို ခေါ်ယူရန် ဂျူဗင်တပ်စ်၊ မန်ယူ၊ PSG အပါအဝင် ဥရောပထိပ်တန်းအသင်းကြီးများက စိတ်ဝင်စားနေကြောင်း သိရသည်။ 

တာရီက မိမိတို့အနေဖြင့် မီလင်ကိုဗစ်ကို အသင်း၌ ဆက်ရှိနေစေလိုသော်လည်း ထိုက်တန်သည့်ကမ်းလှမ်းမှု ရှိလာပါက လက်ခံသွားဖွယ်ရှိနေကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ 

"မီလင်ကိုဗစ်က တစ်နှစ်ထက် တစ်နှစ် ပိုပြီးတိုးတက်လာတဲ့ ကစားသမားပါ။ ဒီလိုကစားသမားမျိုးကို ကျွန်တော်တို့အနေနဲ့ လက်မလွှတ်ချင်ပါဘူး။ ဒါပေမဲ့ မီလင်ကိုဗစ်ရဲ့ ဆန္ဒနဲ့ အခြေအနေကိုလည်း ကျွန်တော်တို့ စဉ်းစားရပါဦးမယ်။ တကယ်လို့ အသင်းအတွက်ရော၊ ကစားသမားအတွက်ပါ အဆင်ပြေမယ်ဆိုရင် သူ့အတွက် ကမ်းလှမ်းမှုတွေကို ကျွန်တော်တို့ လက်ခံစဉ်းစားသွားမှာပါ။ သူ ဒီမှာပဲ ဆက်နေမယ်ဆိုရင်လည်း ကျွန်တော်တို့ ပျော်ရွှင်မှာပါ"ဟု တာရီက ပြောကြားခဲ့သည်။ 

လာဇီယိုအသင်းသည် ကပ်ဘေးကာလမတိုင်မီက မီလင်ကိုဗစ်ကို ယူရိုသန်း (၁၀၀) ရရှိမှသာ ရောင်းချမည်ဟု သတင်းများထွက်ပေါ်ခဲ့သည်။ 

သို့သော် ကပ်ဘေးကြောင့် ကစားသမားများ၏ တန်ကြေးမှာ လျှော့ကျသွားခဲ့ပြီး PSG အသင်းသည် မီလင်ကိုဗစ်ကို ယူရို (၅၆) သန်းဖြင့် ကမ်းလှမ်းရန် စီစဉ်နေကြောင်း ဗြိတိန်သတင်းစာ Daily Mail က ဖော်ပြခဲ့သည်။

မီလင်ကိုဗစ်သည် လာဇီယိုအသင်းအတွက် ယခုရာသီ ပြိုင်ပွဲစုံ ပွဲ (၃၀)တွင် (၃)ဂိုး သွင်းယူထားသည်။ 

Most Read

Most Recent