စီးရီးအေပြိုင်ပွဲကို ဇွန် (၂၀)ရက်တွင် ပြန်လည်စတင်ရန် အတည်ပြုနိုင်ခဲ့ခြင်းမှာ အီတလီဘောလုံးလောကအတွက် အောင်ပွဲဖြစ်သည်ဟု လာဇီယိုဥက္ကဋ္ဌ ဆို

စီးရီးအေပြိုင်ပွဲကို ဇွန် (၂၀)ရက်တွင် ပြန်လည်စတင်ရန် အတည်ပြုနိုင်ခဲ့ခြင်းမှာ အီတလီဘောလုံးလောကအတွက် အောင်ပွဲဖြစ်သည်ဟု လာဇီယိုဥက္ကဋ္ဌ ဆို
Photos: Getty Images
Photos: Getty Images
Published 29 May 2020

လာဇီယိုအသင်းဥက္ကဋ္ဌ လော့တီတိုက စီးရီးအေပြိုင်ပွဲကို ဇွန်လ (၂၀)ရက်နေ့တွင် ပြန်လည်စတင်ရန် အတည်ပြုနိုင်ခဲ့ခြင်းမှာ အီတလီဘောလုံးလောကအတွက် အောင်ပွဲဖြစ်သည်ဟု ပြောကြားခဲ့သည်။ 

ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကြောင့် မတ်လ (၁၀)ရက်နေ့ကတည်းက ရပ်နားထားခဲ့ရသည့် ယခုရာသီ စီးရီးအေပြိုင်ပွဲကို ဇွန်လ (၂၀)ရက်နေ့တွင် ပြန်လည်စတင်မည်ဟု အီတလီအားကစားဝန်ကြီး စပါဒါဖိုရာက မေလ (၂၈)ရက်တွင် အတည်ပြုခဲ့သည်။ 

လာဇီယိုဥက္ကဋ္ဌ လော့တီတိုသည် ကပ်ဘေးကြောင့် ဘောလုံးပွဲများ ရပ်နားရသည့်အချိန်ကတည်းက စီးရီးအေပြိုင်ပွဲကို ပြန်လည်စတင်ရန် အရေးဆိုခဲ့သူလည်း ဖြစ်သည်။ 

လော့တီတိုက "စီးရီးအေပြိုင်ပွဲကို ဇွန်လ (၂၀)ရက်နေ့မှာ ပြန်လည်ကစားဖို့ အတည်ပြုနိုင်ခဲ့တာဟာ လော့တီတိုရဲ့ အောင်ပွဲမဟုတ်ပါဘူး။ ဒါက အီတလီဘောလုံးလောကတစ်ခုလုံးအတွက် အောင်ပွဲဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ အစကတည်းက ဒီရာသီ စီးရီးအေပြိုင်ပွဲ ပြန်လည်စတင်နိုင်မယ်ဆိုတာကို ယုံကြည်ခဲ့ပါတယ်။ ကျွန်တော်တို့အနေနဲ့ စီးရီးအေပြိုင်ပွဲရဲ့ အဆင့်အတန်းကို ထိန်းသိမ်းသွားမှာပါ။ စီးရီးအေပြိုင်ပွဲဟာ အားကစားလောကမှာ အရေးကြီးဆုံးပြိုင်ပွဲတွေထဲက တစ်ခုဖြစ်ပါတယ်"ဟု ပြောကြားခဲ့သည်။ 

ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကြောင့် စီးရီးအေပြိုင်ပွဲ မရပ်နားမီ ပွဲစဉ် (၂၆)အပြီးတွင် လာဇီယိုအသင်းသည် ရမှတ် (၆၂)မှတ်ဖြင့် အဆင့် (၂) နေရာ၌ ရပ်တည်နေပြီး အဆင့် (၁)နေရာမှ လက်ရှိချန်ပီယံ ဂျူဗင်တပ်စ်အသင်း (၆၃ မှတ်)နှင့် (၁) မှတ်သာကွာဟသည်။ 

Most Read

Most Recent