အပြောင်းအရွှေ့သတင်းများကြောင့် ဆန်ချို ဖိအားများ ခံစားနေရသည်ဟု ဒီလာနေး ပြောကြား

အပြောင်းအရွှေ့သတင်းများကြောင့် ဆန်ချို ဖိအားများ ခံစားနေရသည်ဟု ဒီလာနေး ပြောကြား
Photos: Getty Images
Photos: Getty Images
Published 29 May 2020

ဒေါ့မွန်ကွင်းလယ်လူ ဒီလာနေးက အသင်းဖော် ဆန်ချိုမှာ အပြောင်းအရွှေ့သတင်းများကြောင့် ဖိအားများ ခံစားနေရသည်ဟု ပြောကြားခဲ့သည်။ 

ဒေါ့မွန်ကွင်းလယ်လူ ဒီလာနေးက အသင်းဖော် ဆန်ချိုမှာ အပြောင်းအရွှေ့သတင်းများကြောင့် ဖိအားများ ခံစားနေရသည်ဟု ပြောကြားခဲ့သည်။ 

အသက် (၂၀)နှစ်အရွယ်ရှိ အင်္ဂလန်တောင်ပံကစားသမား ဆန်ချိုသည် လာမည့်နွေရာသီအပြောင်းအရွှေ့စျေးကွက်တွင် ဒေါ့မွန်အသင်းမှ ထွက်ခွာမည်ဟု သတင်းများထွက်ပေါ်နေပြီး ၎င်းကို ခေါ်ယူရန် မန်ယူ၊ လီဗာပူးလ် အပါအဝင် ဥရောပထိပ်တန်းအသင်းကြီးများက စိတ်ဝင်စားကြကြောင်း ဥရောပမီဒီယာများက ဖော်ပြနေကြသည်။ 

ဒီလာနေးက ဆန်ချိုမှာ လက်ရှိကမ္ဘာ့အကောင်းဆုံးဘောလုံးသမား (၅)ဦးထဲတွင် တစ်ဦးအပါအဝင်ဖြစ်ကြောင်းနှင့် အပြောင်းအရွှေ့သတင်းများကြောင့် ဆန်ချိုအနေဖြင့် ဖိအားများ ခံစားနေရကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

"ဆန်ချိုဟာ ကျွန်တော် တွဲကစားဖူးတဲ့ ထိပ်တန်းကစားသမားတွေထဲက တစ်ဦး ဖြစ်ပါတယ်။ သူ့အနေနဲ့ အကောင်းဆုံးကစားနိုင်တာကြောင့် ဥရောပထိပ်တန်းအသင်းတွေရဲ့ စိတ်ဝင်စားမှုကို ခံနေရပါတယ်။ ဒါက သူ့ကို ဖိအားဖြစ်စေတယ်လို့ ကျွန်တော် ထင်ပါတယ်။ လက်ရှိအချိန်မှာ ဆန်ချိုအနေနဲ့ ကစားသမားဘဝ နောက်တစ်ဆင့်ကို တက်ရောက်ဖို့အတွက် မျှော်လင့်နေတဲ့အချိန်ဖြစ်ပြီး ဘယ်လိုဆက်ဖြစ်မလဲဆိုတာ အရမ်းစိတ်ဝင်စားစရာ ကောင်းပါတယ်"ဟု ဒီလာနေးက ပြောကြားခဲ့သည်။ 

ဆန်ချိုသည် ယခုရာသီတွင် ဒေါ့မွန်အသင်းအတွက် ပြိုင်ပွဲစုံ (၃၈) ပွဲတွင် (၁၇) ဂိုးသွင်းယူထားပြီး ဂိုးဖန်တီးမှု အကြိမ် (၂၀) အထိ ပြုလုပ်ပေးထားသည်။ 

ဒေါ့မွန်အသင်းသည် ဆန်ချိုအား ပေါင်သန်း (၁၀၀)နှင့်အထက် ရရှိမှသာ ရောင်းချဖွယ်ရှိနေပြီး ၎င်းကို ခေါ်ယူရန် မန်ယူအသင်းက ရေပန်းအစားဆုံးဖြစ်နေကြောင်း သိရသည်။

Most Read

Most Recent