မန်ယူကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်က အသင်းအနေဖြင့် ပေါ့ဘာ၏စွမ်းရည်အပေါ် ယုံကြည်နေဆဲဖြစ်ကြောင်း ပြောကြားခဲ့သည်။
မန်ယူကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်က အသင်းအနေဖြင့် ပေါ့ဘာ၏စွမ်းရည်အပေါ် ယုံကြည်နေဆဲဖြစ်ကြောင်း ပြောကြားခဲ့သည်။
ပေါ့ဘာသည် ၂၀၁၆ ခုနှစ်တွင် ဂျူဗင်တပ်စ်အသင်းမှ မန်ယူအသင်းသို့ ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် (၈၉)သန်းဖြင့် ပြန်လည်ရောက်ရှိလာပြီးနောက် ၎င်း၏ခြေစွမ်းပိုင်းနှင့်ပတ်သက်ပြီး ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသူဖြစ်သည်။
ထို့ပြင် ပေါ့ဘာသည် မန်ယူအသင်းမှ ထွက်ခွာလိုနေသည်ဟု သတင်းများ ထွက်ပေါ်ခဲ့ပြီး ၎င်းကို ခေါ်ယူရန် ရီးယဲလ်နှင့် ဂျူဗင်တပ်စ်အသင်းတို့က စိတ်ဝင်စားနေကြကြောင်း ဥရောပမီဒီယာများက ဖော်ပြနေကြသည်။
မန်ယူကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်က အသင်းဖော် ပေါ့ဘာနှင့် တွဲဖက်ကစားရန် စိတ်လှုပ်ရှားနေကြောင်း MUTV အမေး အဖြေကဏ္ဍတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
ဘရူနိုဖာနန်ဒက်စ်က "ကျွန်တော်တို့အသင်းရဲ့ ကွင်းလယ်မှာ ကစားသမားကောင်းတွေ အများကြီး ရှိပါတယ်။ ဒဏ်ရာကြောင့် ပေါ့ဘာ အနားယူနေရတာ ကြာပြီဖြစ်ပေမယ့် သူဟာ ဘယ်လိုအရည်အချင်းတွေ ရှိတယ်ဆိုတာကို ကျွန်တော်တို့ သိပြီးသားပါ။ ပေါ့ဘာက မန်ယူအသင်း အခြေအနေမကောင်းချိန်မှာ အသင်းကို ရောက်လာတယ်။ ဒီတော့ သူ ခြေစွမ်းမနိုင်တဲ့အခါ ပရိသတ်တွေ ဝေဖန်ကြပါတယ်။ ဒါက ပေါ့ဘာက ထိပ်တန်းကစားသမားဖြစ်ပြီး သူ့အတွက် မန်ယူအသင်း ပေးခဲ့ရတဲ့ စျေးကလည်း မြင့်မားတာကြောင့်ပါ။ ဒီတော့ ပေါ့ဘာဆီကနေ ပရိသတ်တွေ စီရော်နယ်လ်ဒိုတို့၊ မက်ဆီတို့ကို စွမ်းဆောင်မှုတွေကို မျှော်လင့်နေကြတာပါ။ ကျွန်တော်ကတော့ ကွင်းအတွင်းမှာ ပေါ့ဘာနဲ့ တွဲဖက်ကစားရမှာကို စိတ်လှုပ်ရှားနေပါတယ်။ ပေါ့ဘာကို လူတိုင်းက မန်ယူအသင်းမှာ ဆက်ရှိနေစေချင်ကြပါတယ်။ ဘာလို့လဲဆိုတော့ သူ့ရဲ့ စွမ်းရည်ကို သိကြလို့ပါ။ မန်ယူအသင်းအနေနဲ့ ပေါ့ဘာရဲ့ စွမ်းရည်အပေါ် ယုံကြည်မှုအပြည့်ရှိပါတယ်"ဟု ပြောကြားခဲ့သည်။
ပေါ့ဘာသည် ယခုရာသီတွင် မန်ယူအသင်းအတွက် ပြိုင်ပွဲစုံ (၈)ပွဲသာ ကစားထားရသေးပြီး ၂၀၁၉ ခုနှစ်ကတည်းက ဒဏ်ရာပြဿနာများကြောင့် အနားယူနေရသူဖြစ်သည်။















