လစာလျှော့ချသည့် ပရီးမီးယားလိဂ်အသင်းများကို လာမည့်နွေရာသီအပြောင်းအစျေးကွက်တွင် ကစားသမား ရောင်းဝယ်ခွင့် ပိတ်ပင်သင့်သည်ဟု ဂယ်ရီနဗီးလ် အကြုံပြု

လစာလျှော့ချသည့် ပရီးမီးယားလိဂ်အသင်းများကို လာမည့်နွေရာသီအပြောင်းအစျေးကွက်တွင် ကစားသမား ရောင်းဝယ်ခွင့် ပိတ်ပင်သင့်သည်ဟု ဂယ်ရီနဗီးလ် အကြုံပြု
Photos: PA & Sky Sports
Photos: PA & Sky Sports
Published 13 April 2020

မန်ယူနောက်ခံလူဟောင်း ဂယ်ရီနဗီးလ်က ဝန်ထမ်းများကို လစာမဲ့ခွင့်ရက်ရှည်ပေးပြီး အစိုးရအကူအညီဖြင့် လစာပေးရန် ဆုံးဖြတ်ခဲ့သည့်အသင်းများနှင့် ကစားသမားများအား လစာဖြတ်တောက်သည့် ပရီးမီးယားလိဂ်ကလပ်အသင်းများကို လာမည့်နွေရာသီအပြောင်းအရွှေ့စျေးကွက်တွင် ကစားသမား ရောင်းဝယ်ခွင့်ပိတ်ပင်သင့်သည်ဟု ပြောကြားခဲ့သည်။ 

မန်ယူနောက်ခံလူဟောင်း ဂယ်ရီနဗီးလ်က ဝန်ထမ်းများကို လစာမဲ့ခွင့်ရက်ရှည်ပေးပြီး အစိုးရအကူအညီဖြင့် လစာပေးရန် ဆုံးဖြတ်ခဲ့သည့်အသင်းများနှင့် ကစားသမားများအား လစာဖြတ်တောက်သည့် ပရီးမီးယားလိဂ်ကလပ်အသင်းများကို လာမည့်နွေရာသီအပြောင်းအရွှေ့စျေးကွက်တွင် ကစားသမား ရောင်းဝယ်ခွင့်ပိတ်ပင်သင့်သည်ဟု ပြောကြားခဲ့သည်။ 

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကြောင့် ဘောလုံးပြိုင်ပွဲများ ရပ်နားထားချိန်တွင် ပရီးမီးယားလိဂ်ကလပ်အသင်းအချို့သည် အသင်းဝန်ထမ်းများကို ခွင့်ရက်ရှည်ပေးပြီး ဗြိတိန်အစိုးရ၏ အလုပ်လက်မဲ့ဖြစ်နေသူများကို လစာ (၈၀) ရာခိုင်နှုန်းပေးအပ်သည့်စနစ် (Furlough Scheme) ကို အသုံးပြုခဲ့ကြသည်။ 

ယင်းအသင်းများထဲတွင် ဘုန်းမောက်၊ နယူးကာဆယ် စသည့် အသင်းများ ပါဝင်ပြီး လီဗာပူးလ်နှင့် စပါးအသင်းတို့မှာ အသင်းကစားသမားဟောင်းများနှင့် ပရိသတ်များဝေဖန်မှုကြောင့် အစိုးရထံမှ အကူအညီရယူမည့် အစီအစဉ်ကို ပယ်ပျက်ခဲ့ရသည်။ ထို့ပြင် ပရီးမီးယားလိဂ်အသင်းများသည် ကပ်ဘေးကာလအတွင်း ကစားသမားများကို လစာလျှော့ယူစေရန် အလိုရှိနေကြပြီး ကစားသမားများဘက်က ငြင်းဆန်ထားသော်လည်း လက်ရှိအချိန်အထိ ဆွေးနွေးနေဆဲဖြစ်ကြောင်း သိရသည်။

သို့သော် ပရီးမီးယားလိဂ်အသင်းများအနေဖြင့် လာမည့်နွေရာသီအပြောင်းအရွှေ့စျေးကွက်တွင် ဟာရီကိန်းကို ပေါင်သန်း (၂၀၀)၊ ဆန်ချိုကို ပေါင်သန်း (၁၀၀)တို့ဖြင့် ခေါ်ယူမည်ဟု သတင်းများထွက်ပေါ်နေသည်။ 

ထို့ကြောင့် ဂယ်ရီနဗီးလ်က အသင်းကစားသမားများနှင့် ဝန်ထမ်းများကို လစာပေးရန် တွန့်တိုနေကြသော်လည်း အသင်းတည်ဆောက်ရေးတွင် ပေါင်သန်းပေါင်းများစွာ အသုံးပြုမည်ဆိုသည့် ပရီးမီးယားလိဂ်ကလပ်အသင်းအချို့၏ လုပ်ရပ်မှာ လက်ခံနိုင်စရာမရှိကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ 

"ကစားသမားတွေနဲ့ ဘုတ်အဖွဲ့ဝင်တွေကို လစာ (၃၀) ရာခိုင်နှုန်းဖြတ်ပြီး အပြောင်းအရွှေ့စျေးကွက်မှာကျတော့ ပေါင်ဘီလီယံချီ အသုံးပြုမယ်ဆိုတဲ့ အသင်းတွေရဲ့ လုပ်ရပ်က လက်ခံနိုင်စရာမရှိပါဘူး။ လာမယ့်နွေရာသီအပြောင်းအရွှေ့စျေးကွက်မှာ ပေါင်သန်း (၂၀၀) တန်တဲ့ အပြောင်းအရွှေ့မျိုးကို မြင်တွေ့ရဖို့ အရမ်းခက်ပါလိမ့်မယ်။ အသင်းဝန်ထမ်းတွေကိုကျတော့ အစိုးရအကူအညီနဲ့ လစာပေးတဲ့အသင်းတွေ၊ ကစားသမားတွေကို လစာလျှော့တဲ့ အသင်းတွေကို ပရီးမီးယားလိဂ်တာဝန်ရှိသူတွေအနေနဲ့ လာမယ့်နွေရာသီအပြောင်းအရွှေ့စျေးကွက်မှာ ကစားသမား ရောင်းဝယ်ခွင့် ပိတ်ပင်ဖို့ ကျွန်တော် အကြံပေးချင်ပါတယ်"ဟု ဂယ်ရီနဗီးလ်က Sky Sports သို့ ပြောကြားခဲ့သည်။ 

ပရီးမီးယားလိဂ်တွင် နယူးကာဆယ်၊ နောဝစ်ချ်၊ ဘုန်းမောက်နှင့် ရှက်ဖီးလ်ယူနိုက်တက်အသင်းများမှာ ဘောလုံးနှင့် မပတ်သက်သည့် ဝန်ထမ်းများ (non-playing staff) ကို လစာမဲ့ခွင့်ရက်ရှည်ပေးထားကြပြီး ဝေဖန်မှုများနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။ 

 

■ Furlough Scheme အကြောင်း သိကောင်းစရာ

- အချို့သောလုပ်ငန်းများမှာ ဝန်ထမ်းများကို လစာငွေဆက်လက်ပေးချေနိုင်သော်လည်း အချို့မှာမူ ဆက်လက်ပေးချေနိုင်ခြင်းမရှိသဖြင့် ဗြိတိန်အစိုးရက ဝင်ရောက်ကူညီပေးရသည်။

- ယင်းအစီအစဉ်ကို Furlough Scheme ဟုခေါ်ဆိုပြီး အစိုးရအနေဖြင့် အခွန်ပုံမှန်ပေးဆောင်နေသော ဝန်ထမ်းများအား လက်ရှိလစာငွေ၏ (၈၀) ရာခိုင်နှုန်းကို စိုက်ထုတ်ပေးခြင်း ဖြစ်သည်။

- ယင်းဝန်ထမ်းများအနေဖြင့် ကိုရိုနာဗိုင်းရပ်စ်ရောဂါတိုက်ဖျက်ရေးလုပ်ငန်းစဉ်များတွင် အန္တရာယ်မရှိသည့်နေရာများ၌ ပါဝင်ကူညီသွားရမည်ဖြစ်သည်။

- ပရီးမီးယားလိဂ်တွင် ကလပ်အသင်းအချို့မှာ ဝန်ထမ်းများအတွက် အစိုးရထံမှ လစာငွေ ရာခိုင်နှုန်း (၈၀) ကိုရယူကာ ၎င်းတို့မှ ကျန်ရာခိုင်နှုန်း (၂၀) ကို ပေးချေမည်ဖြစ်သည်။

 

 

 

Most Read

Most Recent