Soccerex Football Finance က ထုတ်ပြန်သည့် ကမ္ဘာတစ်ဝန်း ဘဏ္ဍာရေးအတောင့်တင်းဆုံးအသင်းများစာရင်းတွင် မန်စီးတီးကိုကျော်၍ PSG အသင်း ထိပ်ဆုံးရောက်လာ

Soccerex Football Finance က ထုတ်ပြန်သည့် ကမ္ဘာတစ်ဝန်း ဘဏ္ဍာရေးအတောင့်တင်းဆုံးအသင်းများစာရင်းတွင် မန်စီးတီးကိုကျော်၍ PSG အသင်း ထိပ်ဆုံးရောက်လာ
Published 15 February 2020

Soccerex Football Finance က ထုတ်ပြန်သည့် ကမ္ဘာတစ်ဝန်း ဘဏ္ဍာရေးအတောင့်တင်းဆုံးဘောလုံးအသင်း ၁၀၀ စာရင်းတွင် ပြင်သစ်ကလပ် PSG အသင်းက မန်စီးတီးအသင်းကိုကျော်၍ ထိပ်ဆုံးနေရာ ရောက်ရှိလာကြောင်း သိရသည်။

ယင်းစာရင်းကို တတိယအကြိမ်ထုတ် ပြန်ခြင်းဖြစ်ပြီး ကလပ်အသင်းများ၏ ကစား သမားတန်ဖိုး၊ မပြောင်းရွှေ့နိုင်သည့်ပစ္စည်း (ဥပမာ-ကွင်း) တန်ဖိုး၊ ဘဏ်စာရင်း၊ အသင်းပိုင်ရှင်၏ ရင်းနှီးမြှုပ်နှံနိုင်မည့် အလားအလာနှင့် အသားတင်ကြွေးမြီ စသည့်အချက်ငါး ချက်အပေါ်မူတည်၍ Football Finance Index ရမှတ်ကို အချိုးကျတွက်ချက်ထားကြောင်း သိရသည်။

ယခုနှစ်အတွက် ထုတ်ပြန်သည့်စာရင်းတွင် PSG အသင်းသည် ကာတာပိုင်ရှင်များ၏ စိုက်ထုတ်ရင်းနှီးမြှုပ်နှံမှုနှင့် ကစားသမားရောင်းချမှုကြောင့် ကြွေးမြီ ပမာဏကို ပေါင် ၅၈ သန်းအထိ လျှော့ချနိုင်ခဲ့သဖြင့် ဘဏ္ဍာရေးအတောင့်တင်းဆုံးစာရင်းတွင် FFI ရမှတ် ၅ ဒသမ ၃၁၈ မှတ်ဖြင့် ထိပ်ဆုံးနေရာ ရောက်ရှိလာခြင်းဖြစ်သည်။

မန်စီးတီးအသင်းမှာမူ ကြွေးမြီပမာဏ ပေါင် ၇၅ သန်းကျော်အထိ မြင့်တက်လာသောကြောင့် ရမှတ် ၅ ဒသမ ၁၉၇ ဖြင့် ဒုတိယနေရာသို့ ကျဆင်းသွားခြင်းဖြစ်ကြောင်း သိရသည်။

ဘိုင်ယန်မြူးနစ်အသင်းက ၃ ဒသမ ၈၈၈ မှတ်ဖြင့် တတိယနေရာရပ်တည်နေပြီး စပါးအသင်းက ၃ ဒသမ ၄၄၁ မှတ်ဖြင့် စတုတ္ထနေရာ၌ အံ့အားသင့်ဖွယ် ရပ်တည်နိုင်ခဲ့သည်။

ထို့ပြင် ရီးယဲလ်အသင်းက ၃ ဒသမ ၃၃၆ မှတ်၊ အာဆင်နယ်အသင်းက ၃ ဒသမ ၁၅၀ မှတ်၊ ချယ်လ်ဆီးအသင်းက ၂ ဒသမ ၈၉၃ မှတ်၊ လီဗာပူးလ်အသင်းက ၂ ဒသမ ၆၁၆ မှတ်၊ ဂျူဗင်တပ်စ်အသင်းက ၂ ဒသမ ၁၉၅ မှတ်၊ ဒေါ့မွန်အသင်းက ၂ ဒသမ ၁၅၄ မှတ်ဖြင့် အဆင့် ၁၀ နေရာအထိ အစဉ်လိုက်ရပ်တည်နိုင်ခဲ့သည်။

ဘာစီလိုနာအသင်းမှာမူ အက်သလက်တီကို (အဆင့် ၁၁) ၏နောက်တွင် အဆင့် ၁၂ နှင့် မန်ယူအသင်းမှာလည်း အဆင့် ၁၆ နေရာသာ ရပ်တည်နိုင်ခဲ့ကြောင်း သိရသည်။

FOOTBALL FINANCE - TOP 25

1. PSG (Up 1)

2. Manchester City (Down 1)

3. Bayern Munich (No movement)

4. Tottenham (No movement)

5. Real Madrid (Up 1)

6. Arsenal (Down 1)

7. Chelsea (Up 3)

8. Liverpool (Up 3)

9. Juventus (No movement)

10. Borussia Dortmund (Up 5)

11. Atletico Madrid (Up 2)

12. Barcelona (Down 5)

13. RB Leipzig (Up 3)

14. Hoffenheim (New Entry)

15. Guangzhou Evergrande (Down 3)

16. Manchester United (Down 8)

17. Napoli (Up 6)

18. Los Angeles FC (New Entry)

19. Bayer Leverkusen (Down 5)

20. Monaco (Up 2)

21. Leicester (Down 2)

22. LA Galaxy (Down 4)

23. Zenit St Petersburg (Up 6)

24. Nagoya Grampus (New Entry)

25. Inter Milan (Down 1)

Most Read

Most Recent