ဘွန်ဒစ်လီဂါပွဲစဉ်(၂၂) ပွဲကြိုသုံးသပ်ချက်

ဘွန်ဒစ်လီဂါပွဲစဉ်(၂၂) ပွဲကြိုသုံးသပ်ချက်
Photos : Leipzig, Leverkusen
Photos : Leipzig, Leverkusen
Published 15 February 2020

လိုက်ပ်ဇစ် နှင့် ၀ါဒါဘရီမင် (စနေည ၉းဝ၀ နာရီ)

 

လိုက်ပ်ဇစ်အသင်း ပြိုင်ပွဲစုံ(၄)ပွဲဆက် နိုင်ပွဲပျောက်ထား ပြီး ချန်ပီယံလိဂ်ကစားဖို့ရှိနေသေးတယ်။ ၀ါဒါဘရီမင်ကလည်း ပုံစံပျက်နေလို့ အိမ်ရှင်ပဲ ရွေးချယ်ချင်တယ်။

ဟော်ဖန်ဟင်မ် နှင့် ဝုလ်ဖ်ဘတ် (စနေည ၉းဝ၀ နာရီ)

ဟော်ဖန်ဟင်မ်အသင်း ရှုံးပွဲပြန်တွေ့ထားပေမယ့် လက်ရှိခြေစွမ်းမှာ ဝုလ်ဖ်ဘတ်ထက်တော့ သာပါတယ်။ ဟော်ဖန်ဟင်မ် အနိမ့်ဆုံးသရေကစားမယ်။

အော့စ်ဘတ် နှင့် ဖရိုင်းဘတ် (စနေည ၉းဝ၀ နာရီ)

အော့စ်ဘတ်က နောက်ဆုံး(၅)ပွဲမှာ (၄)ပွဲအထိရှုံးထားပြီး ဖရိုင်းဘတ်ကလည်း သိပ်ယုံစားလို့မရဘူး။ ဒါပေမဲ့ သရေကျဖို့ များလို့ ဖရိုင်းဘတ်ကို ပိုကြိုက်တယ်။

ပါဒါဘွန်း နှင့် ဟာသာဘာလင် (စနေည ၉းဝ၀ နာရီ)

ကလင်းစမန်းချန်ထားရစ်ခဲ့တဲ့ ဟာသာဘာလင်အသင်း အသင်းတွင်းတည်ငြိမ်မှုပိုင်းကို ထိခိုက်သွားနိုင်တယ်။ ပါဒါဘွန်း အမှတ်ရမှာပါ။

အူန်ယွန်းဘာလင် နှင့် လေဗာကူဆင် (စနေည ၉းဝ၀ နာရီ)

အူန်ယွန်းဘာလင်က အိမ်ကွင်းနောက်ဆုံး(၆)ပွဲမှာ (၅)ပွဲအထိ အနိုင်ကစားခဲ့တယ်။ လေဗာကူဆင်ကတော့ ရလဒ်ပိုင်း အတက်အကျများလို့ အိမ်ရှင်ဘက်ကပဲ ရပ်တည်သင့်တယ်။

ဒစ်ဆယ်ဒေ့ါဖ် နှင့် မိုချန်ဂလာဘတ် (စနေည ၁၂းဝ၀ နာရီ)

ဒစ်ဆယ်ဒေါ့ဖ်က (၄)ပွဲဆက် နိုင်ပွဲပျောက်ထားပြီး မိုချန်ဂလာဘတ်ကလည်း အဝေးကွင်းမှာ နိုင်ပွဲမရတာ (၅)ပွဲရှိပါပြီ။   ဒစ်ဆယ်ဒေါ့ဖ် အမှတ်ရနိုင်တယ်။

Most Read

Most Recent