လီဗန်တေး နှင့် လီဟာနက်စ် (စနေညနေ ၆း၃၀ နာရီ)
လီဟာနက်စ် အဆင့် (၁၈)အထိရောက်လာပြီး ကြိုးစားမှုလည်းကောင်းနေပေမယ့် အဝေးကွင်းမှာတော့ စိတ်မချရသေးဘူး။ အထူးသဖြင့် တိုက်စစ်က ဂိုးသွင်းနှုန်းပုံမှန်မရှိသေးတာက လီဗန်တေးလိုအသင်းကို ဂိုးရဖို့လည်း ရုန်းကန်ရဦးမယ်။ နိုင်ပွဲ ပြန်ရှာရမယ့် လီဗန်တေးနဲ့ ဂိုးအများပဲ ကြိုက်တယ်။
ဂီတာဖေး နှင့် ဗလင်စီယာ (စနေည ၉း၃၀ နာရီ)
ဂီတာဖေးကတော့ အဆင့် (၃)နေရာထိအောင် ရောက်လာပါပြီ။ အသင်းကလည်း စပိန်ဘုရင့်ဖလားက ထွက်ထားရပြီ ဖြစ်လို့ လာလီဂါကိုပဲ အပြည့်အဝ အာရုံစိုက်ခွင့်ရထားတာက အားသာမှုတစ်ခုလို ဖြစ်နေတယ်။ ဗလင်စီယာကလည်း ဒီပွဲမတိုင်မီ စပိန်ဘုရင့်ဖလားမှာ ဂရန်နာဒါနဲ့ အဝေးကွင်းပွဲနွှဲထားရတဲ့အပြင် လာလီဂါအဝေးကွင်းနောက်ဆုံးကစားခဲ့တဲ့ မာယော့ကာနဲ့ပွဲတုန်းကလည်း ဂိုးပြတ်အရေးနိမ့်ထားတာရှိလို့ အခုပွဲမှာ သတိတော့ထားရလိမ့်မယ်။ ဗလင်စီယာမှာ ဒဏ်ရာပြဿနာတွေလည်းများနေပြီး တိုက်စစ်က ဂိုးသွင်းနှုန်းလည်း လျော့လာတာတွေ့ရတယ်။ ဒါပေမဲ့ အခုနောက်ပိုင်းပွဲတွေမှာတော့ ဗလင်စီယာတို့ ခံစစ်ကစားပုံပိုငြိမ်လာလို့ ဒီပွဲမှာလည်း အိမ်ကွင်းမာတဲ့ ဂီတာဖေးကို ခံစစ်အားပြုရင်းပဲ တုံ့ပြန်သွားဖို့ရှိနေတယ်။ ဂီတာဖေးကလည်း ချန်ပီယံလိဂ်ဝင်ခွင့်ပြိုင်ဆိုင်မှုမှာ အခုလို အိမ် ကွင်းပွဲမျိုးကိုတော့ အတတ်နိုင်ဆုံး အမှားခံမယ်မထင်ပါဘူး။ ဂိုးအနည်းနဲ့ ဂီတာဖေးကိုပဲ ပိုကြိုက်နေမိတယ်။
ဗယ်လာဒိုလစ် နှင့် ဗီလာရီးယဲလ် (စနေည ၁၂းဝ၀ နာရီ)
ဗီလာရီးယဲလ်က လာလီဂါနဲ့ စပိန်ဘုရင့်ဖလားပြိုင်ပွဲ (၂) ခုကြား အာရုံစိုက်ရင်း နိုင်ပွဲတွေလည်းဆက်လာတာ တွေ့ရ တယ်။ ဒါပေမဲ့ ဗယ်လာဒိုလစ်ကလည်း အိမ်ကွင်းအားနဲ့ ကစားနေတဲ့အသင်းဖြစ်ပြီး ခံစစ်ကောင်းကောင်းနဲ့ ထိန်းကစားနေတဲ့ အသင်းဖြစ်တယ်။ အိမ်ရှင်နဲ့ ဂိုးအနည်းပဲ ရွေးကြည့်ချင်တယ်။
အက်သလက်တီကို နှင့် ဂရန်နာဒါ (တနင်္ဂနွေနံနက် ၂း၃၀ နာရီ)
အတော်လေးဆိုးရွားလာတဲ့ အခြေအနေဆိုးက အက်သလက်တီကို ရုန်းထွက်ပြနိုင်ဖို့လိုနေပါပြီ။ အသင်းကလည်း ဖိအား တွေအောက်ရောက်နေပြီး အသင်းရဲ့စိတ်ဓာတ်ပိုင်းပါ လျော့လာတာတွေ့ရလို့ ဒါကိုပြန်မြှင့်တင်ပြဖို့ အခုပွဲက အခွင့်ကောင်း လို့ပဲ ထင်ပါတယ်။ ဂရန်နာဒါကလည်း ကစားအားကောင်းတဲ့အသင်းလို့ဆိုနိုင်ပေမယ့် အဝေးကွင်းမှာ စိတ်မချရတဲ့အပြင် အက်သလက်တီကိုကိုယှဉ်နိုင်တဲ့ အစဉ်အလာလည်း မရှိသေးပါဘူး။ ပထမအကျော့ သရေကျထားပေမယ့် မက်ထရိုပိုလီတာနိုမှာတော့ အက်သလက်တီကိုနဲ့ ဂိုးအများကိုပဲ ရွေးထားချင်တယ်။