မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာက မိမိအနေဖြင့် မက်ဆီအား ဘာစီလိုနာအသင်းတွင်သာ ကစားသမားဘဝကုန်ဆုံးစေချင်သည်ဟု ပြောကြားခဲ့သည်။
မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာက မိမိအနေဖြင့် မက်ဆီအား ဘာစီလိုနာအသင်းတွင်သာ ကစားသမားဘဝကုန်ဆုံးစေချင်သည်ဟု ပြောကြားခဲ့သည်။
ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ဘာစီလိုနာအားကစားဒါရိုက်တာ အဘီဒယ်လ်နှင့် မက်ဆီတို့အကြား ပြဿနာများ ဖြစ်ပွားခဲ့ပြီးနောက် မက်ဆီအနေဖြင့် အသင်းပြောင်းရွှေ့ဖွယ်ရှိနေသည်ဟု ဥရောပမီဒီယာများက ဖော်ပြခဲ့ကြသည်။
အသက် (၃၂)နှစ်အရွယ်ရှိ အာဂျင်တီးနားတိုက်စစ်မှူး မက်ဆီသည် ဘာစီလိုနာအသင်းနှင့် ချုပ်ဆိုထားသည့် စာချုပ်အရ ယခုရာသီကုန်တွင် ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ထွက်ခွာခွင့်ရှိရာ ၎င်းကို ခေါ်ယူရန် ကြိုးစားခဲ့ဖူးသည် မန်စီးတီးအသင်းသို့ ရောက်ဖွယ်ရှိနေသည်ဟုလည်း ဗြိတိန်မီဒီယာများက ဖော်ပြခဲ့ကြသည်။
ဇန်နဝါရီ (၇)ရက်နေ့ ဝက်စ်ဟမ်းအသင်းနှင့် ကစားမည့် ပရီးမီးယားလိဂ်ပွဲစဉ်အကြို မီဒီယာတွေ့ဆုံပွဲတွင် မက်ဆီအနေဖြင့် မန်စီးတီးအသင်းကို ရောက်လာနိုင်သလားဟု သတင်းထောက်များက ဂွါဒီယိုလာကို မေးမြန်းခဲ့ကြသည်။
အဆိုပါမေးခွန်းနှင့် ပတ်သက်၍ ဂွါဒီယိုလာက "မက်ဆီက ဘာစီလိုနာအသင်းရဲ့ ကစားသမားပါ။ သူအနေနဲ့ ဘာစီလိုနာမှာပဲ ဆက်ရှိနေပါလိမ့်မယ်။ ကျွန်တော်ကတော့ သူ့ကို ဘာစီလိုနာအသင်းမှာ ဆက်ရှိနေစေချင်ပါတယ်။ ကျွန်တော့်အနေနဲ့ တခြားအသင်းက ကစားသမားအကြောင်းကို မပြောချင်ပါဘူး။ မက်ဆီဟာ ကစားသမားဘဝက အနားယူတဲ့အထိ ဘာစီလိုနာမှာပဲ ရှိနေပါလိမ့်မယ်"ဟု ပြောကြားခဲ့သည်။
ဂွါဒီယိုလာသည် ဘာစီလိုနာအသင်းကို ၂၀၀၈ ခုနှစ် ၂၀၁၂ ခုနှစ်အထိ ကိုင်တွယ်ခဲ့ဖူးပြီး မက်ဆီနှင့်အတူ ချန်ပီယံလိဂ် (၂)ကြိမ်အပါအဝင် ဆုဖလားပေါင်း (၁၄)လုံးအထိ ရယူနိုင်ခဲ့သည်။