သိန္နီမြို့နယ်နှင့် ကလောမြို့နယ်တွင် မူးယစ်ဆေးဝါးများနှင့် ဘိန်းစိမ်းများ ဖမ်းဆီးရမိ

သိန္နီမြို့နယ်နှင့် ကလောမြို့နယ်တွင် မူးယစ်ဆေးဝါးများနှင့် ဘိန်းစိမ်းများ ဖမ်းဆီးရမိ
​​​​​​​မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့သူတစ်ဦးအား တွေ့ရစဉ်
​​​​​​​မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့သူတစ်ဦးအား တွေ့ရစဉ်
Published 3 February 2020
  ပြည့်ဖြိုးအောင်

သိန္နီမြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း ဖေဖော်ဝါရီ ၃ ရက်က မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရ သည်။

အဆိုပါ ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၂ ရက် နံနက် ၁၁ နာရီ မိနစ် ၃၀ အချိန်တွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ် ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ သိန္နီမြို့နယ် မူဆယ်-မန္တလေးသွား ပြည်ထောင်စုကားလမ်း ပေါ်တွင် တားဆီးနှိမ်နင်းရေးလုပ်ငန်းများ ဆောင်ရွက်စဉ် ကွတ်ခိုင်မြို့ဘက်မှ လားရှိုး မြို့ဘက်သို့ လားရှိုးမြို့နယ် နောင်ဖော့ကျေး ရွာအုပ်စု၊ လွယ်လမ့်ကျေးရွာနေ ရန်စီဝမ်း ၂၇ နှစ် စီးနင်းမောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ဆိုင်ကယ်ခွကြားတွင် တင်ဆောင်လာသော ဆာလာအိတ်အတွင်းမှ ပလတ်စတစ် ကပ်ခွာအိတ်များဖြင့် ထည့်ထားသည့် စိတ်ကြွရူးသွပ်ဆေး ပြား ၁၂၀၀၀ (ဒေသကာလ ပေါက်စျေး တန်ဖိုးငွေ ကျပ်သိန်း ၂၄၀)၊ မြန်မာငွေ ကျပ် ၁၀၀၀၀၀ နှင့် လက်ကိုင်ဖုန်း တစ်လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိကြောင်း သိရသည်။

ယင်းသို့ ဖမ်းဆီးရမိသဖြင့် သိန္နီမြို့မ ရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေဖြင့် အမှုဖွင့်အရေးယူပြီး ကွင်းဆက် များ ဖော်ထုတ်စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။

အလားတူ ကလောမြို့နယ်တွင် ကျပ် ၃၆၉ သိန်း တန်ဖိုးရှိ ဘိန်းစိမ်းများ ဖမ်းဆီးရ မိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က ဖေဖော်ဝါရီ ၃ ရက်တွင်  ထုတ်ပြန်ခဲ့သည်။

ဖြစ်စဉ်မှာ ဖေဖော်ဝါရီလ ၂ ရက် ၁၄:၃၀ အချိန်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ် နင်းရေးရဲတပ်ဖွဲ့မှ  တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ ကလောမြို့နယ် ကလော-သာစည် သွားကားလမ်းပေါ်တွင် ကလောမြို့ဘက်မှ သာစည်မြို့ဘက်သို့ ကယားပြည်နယ်၊ လွိုင်ကော်မြို့၊  ဒေါဥခူ ရပ်ကွက် နေ ဖိုးလုံး(ခ)အောင်မြင့်ဌေး ၂၄ နှစ်စီးနင်း မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ် အား ရပ်တန့်စစ်ဆေးရှာဖွေရာ ဆိုင်ကယ်တွင် သိုဝှက်သယ်ဆောင်လာသော ဘိန်း စိမ်းအလေးချိန် ၆၁ ဒသမ ၅ ကီလို (ဒေသ ကာလပေါက်စျေး တန်ဖိုးငွေကျပ် ၃၆၉ သိန်း) နှင့် လက်ကိုင်ဖုန်း တစ်လုံးတိုအား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အဆိုပါ ဖမ်းဆီးရမိမှုအား ကလော မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့်အရေးယူပြီး ကွင်းဆက်များ ဖော်ထုတ်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

ထို့ပြင် မြစ်ကြီးနားမြို့နယ်တွင် ကျပ် ၂၆၄ သိန်း တန်ဖိုးရှိ ဘိန်းဖြူများနှင့် စိတ်ကြွရူးသွပ်ဆေး ပြားများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၂ ရက် နံနက် ၁၁ နာရီ မိနစ် ၃၀ အချိန်တွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် သတင်းအရ သက်သေများ နှင့်အတူ မြစ်ကြီးနားမြို့၊ လယ်ကုန်းရပ်ကွက်၊ ခတ်ချိုစက်လှေဆိပ်သို့ လမ်းလျှောက်လာသူ ပင်လည်ဘူးမြို့နယ်၊ ကျောက်အင်းကုန်း ကျေးရွာနေ သက်နိုင်ထွန်း ၂၄ နှစ်အား စစ် ဆေးရှာဖွေရာ ၎င်းသယ်ဆောင်လာသော လက်ဆွဲအိတ်အတွင်းမှ ဆပ်ပြာခွက်များဖြင့် ထည့်ထားသည့် ဘိန်းဖြူအလေးချိန် ၃၃၀ ဂရမ် (ဒေသကာလ ပေါက်စျေးတန်ဖိုးငွေ ကျပ် ၂၆၄ သိန်း) နှင့် ပလတ်စတစ်ကပ်ခွာအိတ်ဖြင့်ထည့်ထားသည့် စိတ်ကြွရူးသွပ် ဆေးပြား ၂၀၀ (ဒေသကာလပေါက်စျေး တန်ဖိုးငွေကျပ် ၁၀ သိန်း)အား တွေ့ရှိ သိမ်းဆည်းရမိသဖြင့် မြစ်ကြီးနားနယ်မြေ ရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေဖြင့် အမှုဖွင့်အရေးယူပြီး ကွင်းဆက်များ ဖော်ထုတ်စစ်ဆေးလျက်ရှိကြောင်း သိရသည်။                                  

Most Read

Most Recent