၂၀၂၀ ပြည့်နှစ် ဇန်နဝါရီတွင် ရန်ကုန်စတော့အိတ်ချိန်းအရောင်းအဝယ်ဖြစ်မှု ကျပ် ၁ ဒသမ ၂၅ ဘီလျံကျော်ရှိခဲ့ပြီး ယမန်နှစ်ကာလတူထက် ကျပ် သိန်း ၇၂၀၀ ကျော် အရောင်းအဝယ်ဖြစ်ပေါ်မှု မြင့်တက်

၂၀၂၀ ပြည့်နှစ် ဇန်နဝါရီတွင် ရန်ကုန်စတော့အိတ်ချိန်းအရောင်းအဝယ်ဖြစ်မှု ကျပ် ၁ ဒသမ ၂၅ ဘီလျံကျော်ရှိခဲ့ပြီး ယမန်နှစ်ကာလတူထက် ကျပ် သိန်း ၇၂၀၀ ကျော် အရောင်းအဝယ်ဖြစ်ပေါ်မှု မြင့်တက်
Published 3 February 2020

၂၀၂၀ ပြည့်နှစ် ဇန်နဝါရီတွင် ရန်ကုန် စတော့အိတ်ချိန်း၏ အရောင်းအဝယ်ဖြစ်မှု ကျပ် ၁ ဒသမ ၂၅ ဘီလျံကျော်ရှိခဲ့ပြီး ယမန် နှစ်ကာလတူထက် ကျပ် သိန်း ၇၂၀၀ ကျော် အရောင်းအဝယ်မြင့်တက်မှု ဖြစ်ပေါ်ခဲ့ ကြောင်း ရန်ကုန်စတော့အိတ်ချိန်း၏ လအလိုက်အရောင်းအဝယ်ဖြစ်မှုစာရင်းများအရ သိရသည်။

ရန်ကုန်စတော့အိတ်ချိန်းတွင် နှစ်စဉ် ဇန်နဝါရီလများတွင် အရောင်းအဝယ်ဖြစ်မှု များအဖြစ် ၂၀၁၇ ခုနှစ်တွင် ကျပ် ၂ ဒသမ ၈၂ ဘီလျံကျော်၊ ၂၀၁၈ ခုနှစ်တွင် ကျပ် ၁ ဒသမ ၂၁ ဘီလျံကျော်နှင့် ၂၀၁၉ ခုနှစ်တွင် ကျပ် ၅၂၆၂ သိန်းကျော်ဖြစ်ပေါ်ခဲ့ပြီး ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီတွင်မူ ကျပ် ၁ ဒသမ ၂၅ ဘီလျံကျော်ဖြစ်ပေါ်ခဲ့သည်။

ရန်ကုန်စတော့အိတ်ချိန်းတွင် ၂၀၁၉ ခုနှစ် နှစ်စမှစတင်ပြီး ဧပြီအထိ ကျပ်သိန်း ထောင်ဂဏန်းသာ အရောင်းအဝယ်ဖြစ်နေခဲ့ပြီး မေလတွင် ကျပ် ၁ ဒသမ ၄ ဘီလျံကျော်၊ ဇွန်လတွင် ကျပ် ၁ ဒသမ ၃ ဘီလျံကျော်၊ ဇူလိုင်တွင် ကျပ် ၁ ဒသမ ၂ ဘီလျံကျော်၊ သြဂုတ်တွင် ကျပ် ၁ ဒသမ ၉ ဘီလျံကျော်၊ စက်တင်ဘာတွင် ကျပ် ၂ ဒသမ ၄ ဘီလျံ ကျော်၊ အောက်တိုဘာတွင် ကျပ် ၁ ဒသမ ၃ ဘီလျံကျော် အရောင်းအဝယ်ဖြစ်ခဲ့ရာမှ နိုဝင်ဘာတွင် ကျပ် ၉၉၂၆ သိန်းကျော်သို့ ကျဆင်းလာခဲ့သည်။ ထိုသို့၂၀၁၉ ခုနှစ် မေလမှ အောက်တိုဘာအထိ လစဉ်ကျပ်တစ်ဘီ လျံကျော်အထက် အရောင်းအဝယ်ဖြစ်ပေါ် နေမှုမှာ နိုဝင်ဘာတွင်  ကျပ်သိန်း ၉၉၂၆ သို့ ပြန်လည်ကျဆင်းခဲ့ပြီးနောက် ဒီဇင်ဘာတွင်လည်း ကျပ်သိန်း ၇၉၄၀ ကျော်သာအရောင်း အဝယ်ဖြစ်ခဲ့ပြီး စျေးကွက်ကျဆင်းမှု ဖြစ် ပေါ်နေရာမှ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီတွင် ပြန်လည်မြင့်တက်ကာ ကျပ် ၁ ဒသမ ၂၅ ဘီလျံကျော်အထိ ဖြစ်ပေါ်လာခဲ့သည်။

၂၀၁၆ ခုနှစ် မတ်လတွင် စတင်ခဲ့့သည့် ရန်ကုန်စတော့အိတ်ချိန်းသည် လက်ရှိတွင် သက်တမ်းငါးနှစ်ရှိလာခဲ့ပြီဖြစ်ပြီး စတင်ခဲ့သည့် ၂၀၁၆ ခုနှစ်အတွင်း ကျပ် ၇၀ ဒသမ ၇၄ ဘီလျံကျော်ဖိုး အရောင်းအဝယ်ဖြစ်ခဲ့သော်လည်း ၂၀၁၇ ခုနှစ် အတွင်း  ကျပ် ၂၂  ဒသမ ၁၃ ဘီလျံကျော်သာအ ရောင်းအဝယ် ဖြစ်ပေါ်ကာ ၂၀၁၈ ခုနှစ်တွင် ကုမ္ပဏီတစ်ခု တိုးလာသကဲ့သို့ နေ့စဉ် အရောင်းအဝယ်ပြု သည့် အကြိမ်ရေ လေးကြိမ်အထိ တိုးမြှင့်ခဲ့ သော်လည်း အရောင်းအဝယ်ကျဆင်းကာ ရှယ်ယာအရောင်းအဝယ်ဖြစ်မှု ကျပ် ၁၁ ဘီ လျံကျော်သာ ရှိခဲ့ပြီး Block Trading အရောင်းအဝယ်ဖြစ်မှုတွင်လည်း ၂၀၁၇ ခုနှစ် ထက် ကျပ် ငါးဘီလျံခန့် ကျဆင်းခဲ့သည်။

ထိုသို့ကျဆင်းခဲ့ရာမှ ၂၀၁၉ ခုနှစ် တစ်နှစ်အတွင်း ရန်ကုန်စတော့အိတ်ချိန်း၏ အရောင်းအဝယ်ဖြစ်မှု ၂၀၁၈ ခုနှစ်ကထက် ကျပ် နှစ်ဘီလျံခန့် မြင့်တက်လာပြီး စုစုပေါင်း ကျပ် ၁၃ ဘီလျံကျော်ဖိုး အရောင်း အဝယ်ဖြစ်ပေါ်ခဲ့ကြောင်း ရန်ကုန်စတော့အိတ်ချိန်း၏ နှစ်အလိုက်အရောင်းအဝယ် ဖြစ်မှုများအရ သိရသည်။

လက်ရှိအချိန် ရန်ကုန်စတော့အိတ် ချိန်းစာရင်းဝင်ကုမ္ပဏီများ၏ အစုရှယ်ယာအရောင်းအဝယ်ဖြစ်ပေါ်မှုများအဖြစ် MTSH ရှယ်ယာတစ်စု ကျပ် ၃၉၅၀၊ FMI ရှယ်ယာတစ်စု ကျပ် ၁၁၅၀၀၊ FPB ရှယ်ယာ တစ်စုကျပ် ၂၃၀၀၀၊ MCB ရှယ်ယာတစ်စု ကျပ် ၈၂၀၀ နှင့် TMH ရှယ်ယာတစ်စု ကျပ် ၂၈၅၀ ဖြင့် အရောင်းအဝယ်ဖြစ်ပေါ်နေကြောင်း ရန်ကုန်စတော့အိတ်ချိန်းမှ ဖေဖော်ဝါရီ ၃ ရက်တွင် သိရသည်။

 

Most Read

Most Recent