ဘာစီလိုနာနှင့် စာချုပ်သစ်ချုပ်ဆိုရန် မက်ဆီ ဆန္ဒရှိနေကြောင်း Mundo Deportivo ဖော်ပြ

ဘာစီလိုနာနှင့် စာချုပ်သစ်ချုပ်ဆိုရန် မက်ဆီ ဆန္ဒရှိနေကြောင်း Mundo Deportivo ဖော်ပြ
Photo: Getty Images
Photo: Getty Images
Published 31 January 2020

ဘာစီလိုနာအသင်းခေါင်းဆောင် မက်ဆီသည် အသင်းနှင့် စာချုပ်သစ်ချုပ်ဆိုရန် ဆန္ဒရှိနေကြောင်း စပိန်အားကစားသတင်းစာ Mundo Deportivo က ဖော်ပြခဲ့သည်။ 

ဘာစီလိုနာအသင်းခေါင်းဆောင် မက်ဆီသည် အသင်းနှင့် စာချုပ်သစ်ချုပ်ဆိုရန် ဆန္ဒရှိနေကြောင်း  စပိန်အားကစားသတင်းစာ Mundo Deportivo က ဖော်ပြခဲ့သည်။ 

အသက် (၃၂)နှစ်အရွယ်ရှိ အာဂျင်တီးနားတိုက်စစ်မှူး မက်ဆီသည် ဘာစီလိုနာအသင်းနှင့် ၂၀၂၁ ခုနှစ်၊ ဇွန်လ (၃၀)ရက်တွင် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်သည်။ 

ဘာစီလိုနာအသင်းဥက္ကဋ္ဌ ဘာတိုမူက မက်ဆီအား ကစားသမားဘဝကုန်ဆုံးသည်အထိ အသင်းတွင် ဆက်ရှိနေစေလိုကြောင်း ပြောကြားထားသည်။ 

Mundo Deportivo ၏ ဖော်ပြချက်အရ မက်ဆီသည် ဘာစီလိုနာအသင်းနှင့် တစ်နှစ်ချင်း သက်တမ်းတိုးစာချုပ် ချုပ်ဆိုရန် ဆန္ဒရှိနေကြောင်း သိရသည်။ 

မက်ဆီသည် ၂၀၀၄ ခုနှစ်တွင် ဘာစီလိုနာအသင်းနှင့်အတူ ပရော်ဖက်ရှင်နယ်ကစားသမားဘဝ စတင်ခဲ့ပြီး ယခုရာသီ ပြိုင်ပွဲစုံ (၂၃)ပွဲတွင် (၁၉) ဂိုးအထိ သွင်းယူထားသည်။

Most Read

Most Recent