ဆယ်စုနှစ်အတွင် ပြင်သစ်ကစားသမား ပါယက် အခွင့်အရေးဖန်တီးနိုင်မှုအများဆုံးဖြစ်

ဆယ်စုနှစ်အတွင် ပြင်သစ်ကစားသမား ပါယက် အခွင့်အရေးဖန်တီးနိုင်မှုအများဆုံးဖြစ်
Published 31 December 2019

 

မာဆေးအသင်းမှ ပြင်သစ်ကွင်းလယ်တိုက်စစ်ကစားသမား ပါယက်သည် ပြီးခဲ့သည့်ဆယ်စုနှစ်အတွင်း ဥရောပထိပ်သီးလိဂ်(၅)ခုထဲ၌ ဂိုးရရှိရန် အခွင့်အရေးဖန်တီးပေးနိုင်မှု အများဆုံးကစားသမားအဖြစ် ရပ်တည်ခဲ့ကြောင်း Optajoe မှ ဖော်ပြခဲ့သည်။ 

ပါယက်သည် အသင်းဖော်များ ဂိုးသွင်းနိုင်ရန် အခွင့်အရေး(၉၇၄)ကြိမ်ဖန်တီးပေးနိုင်ခဲ့ကြောင်း သိရသည်။ 

၎င်းအနေဖြင့် ပြီးခဲ့သည့်ဆယ်စုနှစ်အတွင်း လိုင်လီ၊ ဝက်စ်ဟမ်း၊ မာဆေးလ်အသင်းများတွင် ကစားပြီး ရရှိခဲ့ခြင်းဖြစ်သည်။

ပါယက်၏နောက် ဒုတိယနေရာတွင် အာဆင်နယ်နှင့် ဂျာမနီကွင်းလယ်လူ အိုဇေးလ်က (၉၁၆)ကြိမ်ဖြင့် ရပ်တည်ခဲ့ပြီး တတိယနေရာတွင် ရီးယဲလ်အသင်းမှ ဘယ်လ်ဂျီယံတောင်ပံကစားသမား ဟာဇက်က (၈၃၀)ကြိမ်ဖြင့် ရပ်တည်ခဲ့ကြောင်းလည်း သိရသည်။

ထိပ်ဆုံး ၁၀ ဦးစာရင်းတွင် ပရီးမီးယားလိဂ်၌ကစားဖူးသူ (၆)ဦးအထိပါဝင်နေကြောင်း သိရသည်။

 

Most Read

Most Recent