ကစားသမားများစွာ ရောင်းထုတ်ရန် အေစီမီလန်အသင်း စီစဉ်

ကစားသမားများစွာ ရောင်းထုတ်ရန် အေစီမီလန်အသင်း စီစဉ်
Published 23 December 2019

အေစီမီလန်အသင်းသည် လာမည့်ဇန်နဝါရီအ ပြောင်းအရွှေ့ကာလတွင် ကစားသမားများစွာ ရောင်းထုတ်သွားရန်စီစဉ်ထားကြောင်း သိရသည်။

အေစီမီလန်အသင်းတာဝန်ရှိသူများသည် ၀ါရင့်တိုက်စစ်မှူး အီဘရာဟီမိုဗစ်ကိုခေါ်ယူရန် လက်ရှိအချိန်အထိ ပစ်မှတ်ထားနေဆဲဖြစ်ပြီး အသင်းမှရှိရင်းစွဲ တိုက်စစ်ကစားသမားအချို့ကို ရောင်းထုတ်သွားရန်လည်း စီစဉ်နေခြင်းဖြစ်သည်။

အီတလီမီဒီယာများ၏ဖော်ပြချက်အရ အေစီမီလန်အသင်းသည် ကစားသမားများရောင်းထုတ်ပြီးမှသာ ကစားသမားသစ်များ ခေါ်ယူသွားဖွယ်ရှိကြောင်း သိရသည်။

အခြားအသင်းများမှ စိတ်ဝင်စားနေသည့် ကစားသမားများအပြင် အသင်းတွင် ခြေစွမ်းမပြနိုင်သည့် ကစားသမားများကိုလည်း ရောင်းထုတ်သွားဖွယ်ရှိနေသည်။

အေစီမီလန်အသင်းရောင်းထုတ်မည့် ကစားသမားများထဲတွင် တိုက်စစ်ကစားသမား ဘော်ရီနီ၊ ကွင်းလယ်လူ ဘစ်ဂလီယာတို့ ထိပ်ဆုံးမှ ပါဝင်နေပြီး ယင်းကစားသမားများသည် ၂၀၂၀ ခုနှစ်$ စာချုပ်သက်တမ်း ကုန်ဆုံးမည့်သူများလည်းဖြစ်သည်။

ထို့ပြင် အေစီမီလန်အသင်း၏ အရောင်းစာရင်းတွင် သီယိုဟာနန်ဒက်ဇ်၊ ကွန်တီ၊ ရီကာဒိုရိုဒရီဂွက်ဇ်၊ ကာလာဘရီယာနှင့် ကက်ဆီးစသည့် မျှော်လင့်ချက်ကြီးစွာဖြင့် ခေါ်ယူခဲ့သည့် ကစားသမားများပါဝင်နေသည်။