PSG အသင်းအတွက် ဂိုးများဆက်တိုက်သွင်းယူနေသော်လည်း နေမာ၏စျေးကွက်တန်ဖိုးယူရိုသန်း ၁၆၀ သို့ကျသွားပြီး ကစားသမားဘဝတစ်လျှောက် ပထမဆုံးအကြိမ် ကျဆင်းမှုဖြစ်

PSG အသင်းအတွက် ဂိုးများဆက်တိုက်သွင်းယူနေသော်လည်း နေမာ၏စျေးကွက်တန်ဖိုးယူရိုသန်း ၁၆၀ သို့ကျသွားပြီး ကစားသမားဘဝတစ်လျှောက် ပထမဆုံးအကြိမ် ကျဆင်းမှုဖြစ်
Photos: Getty Images
Photos: Getty Images
Published 22 December 2019

နေမာသည် ဘရာဇီးလ်ကလပ် ဆန်းတို့စ်အသင်းနှင့် ပရော်ဖက်ရှင်နယ် ကစားသမားဘဝစတင်ချိန် ၂၀၀၉ ခုနှစ်မှစ၍ စျေးကွက်တန်ဖိုး အတက်သာရှိခဲ့သော်လည်း ယခုနှစ်အတွင်း ပထမဆုံးအကြိမ် ကျဆင်းခဲ့ ခြင်းဖြစ်သည်။ ဘောလုံးသမားများ၏ စျေးကွက်တန်ဖိုးကို တွက်ချက် ထုတ်ပြန်ပေးသည့် Transfermarkt ဝက်ဘ်ဆိုက်၏ ထုတ်ပြန်ချက်အရ နေမာ၏ စျေးကွက်တန်ဖိုးမှာ ယူရိုသန်း ၁၈၀ မှ သန်း ၁၆၀ သို့ကျ ဆင်းသွားခြင်းဖြစ်သည်။

 

 

PSG အသင်း၏ ဘရာဇီးလ် လက်ရွေးစင်တိုက်စစ်မှူး နေမာသည် ဒီဇင်ဘာလအတွင်းကစားသည့် ငါးပွဲဆက်တိုက် ဂိုးသွင်းယူထားနိုင်သော်လည်း ၎င်း၏စျေးကွက်တန်ဖိုးမှာ ကစားသမားဘဝတစ်လျှောက် ပထမဆုံးအဖြစ် ကျဆင်းမှုဖြစ်ခဲ့ပြီး ယူရိုသန်း ၁၆၀ သတ်မှတ်ခံထားရကြောင်း သိရသည်။

နေမာသည် ဘရာဇီးလ်ကလပ် ဆန်းတို့စ်အသင်းနှင့် ပရော်ဖက်ရှင်နယ် ကစားသမားဘဝစတင်ချိန် ၂၀၀၉ ခုနှစ်မှစ၍ စျေးကွက်တန်ဖိုး အတက်သာရှိခဲ့သော်လည်း ယခုနှစ်အတွင်း ပထမဆုံးအကြိမ် ကျဆင်းခဲ့ ခြင်းဖြစ်သည်။ ဘောလုံးသမားများ၏ စျေးကွက်တန်ဖိုးကို တွက်ချက် ထုတ်ပြန်ပေးသည့် Transfermarkt ဝက်ဘ်ဆိုက်၏ ထုတ်ပြန်ချက်အရ နေမာ၏ စျေးကွက်တန်ဖိုးမှာ ယူရိုသန်း ၁၈၀ မှ သန်း ၁၆၀ သို့ကျ ဆင်းသွားခြင်းဖြစ်သည်။

နေမာသည် ကစားသမားဘဝစတင်ပြီး နောက်တစ်နှစ်အကြာ ၂၀၁၀ ပြည့် နှစ်တွင် စျေးကွက်တန်ဖိုး ယူရို ၁၈ သန်းအဖြစ် စတင်သတ်မှတ်ခံခဲ့ရပြီး ၂၀၁၁ ခုနှစ်တွင် ယူရိုသန်း ၃၀၊ ၂၀၁၂ ခုနှစ် ယူရိုသန်း ၄၀၊ ဘာစီ လိုနာအသင်းသို့ ပြောင်းရွှေ့ကစားသည့် ၂၀၁၃ ခုနှစ်တွင် ယူရိုသန်း ၅၀ သို့ မြင့်တက်လာသည်။ သို့သော် ဘာစီလိုနာအသင်းအနေဖြင့် ၎င်းကိုခေါ်ယူစဉ် စျေးကွက်တန်ဖိုးထက် ကျော်လွန်၍ ယူရို ၈၆ ဒသမ ၂ သန်း ပေးချေခဲ့ရပြီး တရားဝင်ထုတ်ပြန်ရာတွင်မူ ယူရို ၅၇ ဒသမ ၁ သန်းသာ ကြေညာခဲ့သောကြောင့် စုံစမ်းစစ်ဆေးမှုများခံယူခဲ့ရသည်။

၎င်းသည် ဘာစီလိုနာအသင်း၌ ခြေစွမ်းပြကစားနိုင်သောကြောင့် စျေးကွက်တန်ဖိုးမှာ ဆက်လက်မြင့်တက်လာပြီး ၂၀၁၄ ခုနှစ်တွင် ယူရိုသန်း ၇၀၊ ၂၀၁၅ နှင့် ၂၀၁၆ ခုနှစ်တွင် ယူရို သန်း ၁၀၀ နှင့် PSG အသင်းသို့ ထပ်မံပြောင်းရွှေ့သည့် ၂၀၁၇ ခုနှစ် တွင် ယူရိုသန်း ၁၅၀ သတ်မှတ်ခံခဲ့ရသည်။ PSG အသင်းအနေဖြင့်လည်း စျေးကွက်တန်ဖိုးထက်များစွာကျော်လွန်၍ ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ ကြေး ယူရို ၂၂၂ သန်းအထိပေးချေ ခဲ့ရခြင်းဖြစ်သည်။

နေမာသည် PSG အသင်းသို့ ရောက်ရှိလာပြီးနောက် ပြီးခဲ့သည့် နှစ်တွင် စျေးကွက်တန်ဖိုး ယူရိုသန်း ၁၈၀ အထိ ထပ်မံမြင့်တက်ခဲ့သော်လည်း ယခုနှစ်တွင်မူ ယူရိုသန်း ၁၆၀ သို့ ပြန်လည်ကျဆင်းသွားခဲ့သည်။ ၎င်းအနေဖြင့် နှစ်ရာသီဆက်တိုက်  ဒဏ်ရာပြဿနာကြောင့် ကာလရှည် အနားယူခဲ့ရသည့်အပြင် ဘရာဇီးလ် မော်ဒယ်တစ်ဦးကို အဓမ္မပြုကျင့်ကြောင်း စွပ်စွဲမှုအပါအဝင် ကွင်းပြင်ပပြဿနာများကြောင့် စျေးကွက်တန်ဖိုးလျော့ကျလာခြင်းဖြစ်ကြောင်း ကျွမ်းကျင်သူများက သုံးသပ်ခဲ့သည်။