လားရှိုး-နမ္မတူ ကားလမ်းမပေါ်ရှိ လွယ်တောက်ကျေးရွာ တောင်ယာခင်းအနီးသို့ လက်နက်ကြီးကျည် ကျရောက်မှုကြောင့် အီနိုင်းကျေးရွာသို့ ထွက်ပြေး တိမ်းရှောင်လာသူများ နယ်မြေအခြေအနေ ပြန်လည်တည်ငြိမ်သဖြင့် နေရပ် ပြန်ကြပြီဖြစ်ကြောင်း သိရ

လားရှိုး-နမ္မတူ ကားလမ်းမပေါ်ရှိ လွယ်တောက်ကျေးရွာ တောင်ယာခင်းအနီးသို့ လက်နက်ကြီးကျည် ကျရောက်မှုကြောင့် အီနိုင်းကျေးရွာသို့ ထွက်ပြေး တိမ်းရှောင်လာသူများ နယ်မြေအခြေအနေ ပြန်လည်တည်ငြိမ်သဖြင့် နေရပ် ပြန်ကြပြီဖြစ်ကြောင်း သိရ
 တိုက်ပွဲဖြစ်ပွားမည်ကို စိုးရိမ်ခြင်းကြောင့် နေရပ်စွန့်ကာ တိမ်းရှောင်လာကြသူများ ဒီဇင်ဘာ ၁၇ ရက် ညနေပိုင်းက မိမိနေရပ်အသီးသီးသို့ ပြန်ရန်ပြင်ဆင်နေသည်ကို တွေ့ရစဉ်
တိုက်ပွဲဖြစ်ပွားမည်ကို စိုးရိမ်ခြင်းကြောင့် နေရပ်စွန့်ကာ တိမ်းရှောင်လာကြသူများ ဒီဇင်ဘာ ၁၇ ရက် ညနေပိုင်းက မိမိနေရပ်အသီးသီးသို့ ပြန်ရန်ပြင်ဆင်နေသည်ကို တွေ့ရစဉ်
Published 19 December 2019
ထွန်းနေလှိုင် (နောင်ပိန်)

ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုး- နမ္မတူကားလမ်းမပေါ်ရှိ လွယ်တောက်ကျေးရွာ တောင်ယာခင်းအနီးသို့ လက်နက်ကြီး ကျည်ကျရောက်မှုကြောင့် အီနိုင်းကျေးရွာသို့ ထွက်ပြေးတိမ်းရှောင်လာကြသူများသည် ဒီဇင်ဘာ ၁၇ ရက် ညနေပိုင်းက မိမိနေရပ် အသီးသီးသို့ ပြန်ကြပြီဖြစ်ကြောင်း သိရသည်။ အီနိုင်းကျေးရွာသို့ တိုက်ပွဲရှောင်လာကြသူများသည် လူဦးရေ ၅၆၀ ရှိပြီးလွယ်တောက်၊ ပန်ဟုန်း၊ မန်ပြိန်း၊ နမ့်ကတ်ကျေးရွာများမှ ဒေသခံများဖြစ်ကြောင်း သိရသည်။

“သူတို့ ရွာတွေဘက်မှာ အခုနယ်မြေအခြေအနေ ပြန်ကောင်းသွားပြီလို့ သိရတဲ့အတွက် တိုက်ပွဲတိမ်းရှောင်လာကြသူတွေ အားလုံး ရွာအသီးသီးဆီပြန်ကုန်ပါပြီ။ သူတို့ ရောက်လာတာက ဒီဇင်ဘာလ ၁၆ ရက်နေ့ကပါ။ ၁၇ ရက်နေ့မှာ အားလုံးပြန်ကြပါတယ်။လားရှိုးမြို့က ပရဟိတကား ၁၂ စီးက တိမ်း ရှောင်လာကြတဲ့ ဒေသခံတွေကို ရွာအရောက် လိုက်ပို့ပေးပါတယ်။ တချို့တွေကလည်း သူတို့ဆိုင်ကယ်တွေ ကားတွေနဲ့ ပြန်ကြတာပါ”ဟု အီနိုင်းကျေးရွာမှ မကေသီက ပြောကြားသည်။

“ရွာအနီး တောင်ယာတွေဘက်မှာတော့ လက်နက်ကြီးတွေကျတယ်။ လူထိခိုက်မှုတော့ မရှိဘူး။ လက်နက်ကိုင်တွေ ရွာအနီး လှုပ်ရှားသွားလာတာတွေ ရှိတယ်။ ဒါကြောင့် ရွာသူရွာသားတွေက တိုက်ပွဲဖြစ်မှာ စိုးရိမ်တယ်။ ဒါကြောင့် အနီးစပ်ဆုံးဖြစ်တဲ့ အီနိုင်းကျေးရွာက ဘုန်းကြီးကျောင်းကို ပြေးလာကြတာပေါ့။ အခုတော့ လက်နက်ကိုင်တွေလည်း ရွာအနီးမှာ မရှိတော့ဘူးလို့သိရတယ်။ ရွာမှာကလည်း အိမ်မွေးတိရစ္ဆာန်တွေကို ဒီအတိုင်းထားခဲ့ရတယ်။ တောင်ယာစိုက်ပျိုးရေးလုပ်ငန်းခွင်လည်း ရပ်ခဲ့ရတယ်လေ။ အခုတော့ အခြေအနေက တည်ငြိမ်သွားပြီဆိုတော့ အားလုံးရွာကို ပြန်ကြတော့မှာပါ”ဟု ပန်ဟုန်းကျေးရွာမှ ဦး အိုက်ပေါင်းက ပြောကြားသည်။

တိုက်ပွဲများဖြစ်ပွားမည်ကို စိုးရိမ်သဖြင့် ထွက်ပြေးတိမ်းရှောင်လာကြသည့် ဒေသခံများအတွက် လားရှိုးမြို့ ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနက လိုအပ်သည့် စောင်၊အနွေးထည်၊ဆန်များအပြင် ကယ်ဆယ်ရေး ပစ္စည်း ဆယ်မျိုးထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့ ကားကတော့ လွယ်တောက်ကျေးရွာက တိုက်ပွဲရှောင်လာ တဲ့ ဒေသခံတွေကို လိုက်လံပို့ဆောင်ပေးခဲ့ပါ တယ်။ ထွက်ပြေးလာတဲ့သူတွေက ၅၀၀ ကျော်ရှိတယ်ဆိုတော့ ပရဟိတကား ၁၂ စီးက သုံးခေါက်စီလောက် သူတို့ရွာတွေဆီ ပို့ပေး ရပါတယ်။လက်ရှိအခြေအနေအရတော့ နယ်မြေတည်ငြိမ်သွားပါပြီ”ဟု လားရှိုးလူငယ် များ လူမှုကူညီရေးအသင်းမှ ကိုဝသုန်က ပြောကြားသည်။

လားရှိုး-နမ္မတူလမ်းပိုင်းတွင် လက်နက် ကိုင်အဖွဲ့များ လှုပ်ရှားသွားလာတတ်ပြီး တိုက် ပွဲများမကြာခဏဖြစ်ပွားလေ့ရှိခြင်းကြောင့် ဒေသခံများသည် လားရှိုး၊ နမ္မတူမြို့နှင့် မန်စံ၊ အီနိုင်းကျေးရွာများသို့ မကြာခဏတိုက်ပွဲ တိမ်းရှောင်မှုများရှိနေကြောင်း သိရသည်။

 

 

Most Read

Most Recent