ကလပ်အသင်းတွင်လည်း စီရော်နယ်လ်ဒိုနှင့် တွဲဖက်ကစားလိုသည်ဟု ယာအိုဖီးလစ် ပြောကြား

ကလပ်အသင်းတွင်လည်း စီရော်နယ်လ်ဒိုနှင့် တွဲဖက်ကစားလိုသည်ဟု ယာအိုဖီးလစ် ပြောကြား
Photos: Getty Images, Goal
Photos: Getty Images, Goal
Published 17 December 2019

အက်သလက်တီကိုတိုက်စစ်ကစားသမား ယာအိုဖီးလစ်က မိမိအနေဖြင့် ပေါ်တူဂီအသင်းဖော် စီရော်နယ်လ်ဒိုနှင့်အတူ ကလပ်အသင်းတစ်သင်းတည်းတွင် တွဲဖက်ကစားလိုကြောင်း ဝန်ခံပြောကြားခဲ့သည်။ 

အက်သလက်တီကိုတိုက်စစ်ကစားသမား ယာအိုဖီးလစ်က မိမိအနေဖြင့် ပေါ်တူဂီအသင်းဖော် စီရော်နယ်လ်ဒိုနှင့်အတူ ကလပ်အသင်းတစ်သင်းတည်းတွင် တွဲဖက်ကစားလိုကြောင်း ဝန်ခံပြောကြားခဲ့သည်။ 

ပေါ်တူဂီလက်ရွေးစင် တိုက်စစ်ကစားသမား ယာအိုဖီးလစ်သည် Golden Boy ဆုကို လက်ခံရယူပြီးနောက် Tuttosport သို့ ယင်းကဲ့သို့ ပြောကြားခဲ့သည်။ 

အနာဂတ်တွင် ကလပ်အသင်းတစ်သင်းတည်း၌ စီရော်နယ်လ်ဒိုနှင့် တွဲဖက် ကစားရန် ရှိသလားဟု Tuttosport မှ မေးမြန်းခဲ့ရာ ယာအိုဖီးလစ်က "အနာဂတ်ကို ဘယ်သူမှ မသိနိုင်ပါဘူး။ နိုင်ငံအသင်းမှာ စီရော်နယ်လ်ဒိုနဲ့ တွဲဖက်ကစားခွင့်ရတာက ကျွန်တော့်အတွက် အခွင့်အရေးပါပဲ။ စီရော်နယ်လ်ဒိုနဲ့ တွဲဖက်ကစားရတာကို ကျွန်တော် အရမ်းနှစ်သက်ပါတယ်။ သူက ဂန္ထဝင်ကစားသမားပါ။ ကလပ်အသင်းမှာလည်း သူနဲ့ တွဲဖက်ကစားခွင့်ရချင်ပါတယ်"ဟု ပြောကြားခဲ့သည်။ 

အသက် (၂၀)နှစ်အရွယ်ရှိ ယာအိုဖီးလစ်သည် ပြီးခဲ့သည့်နွေရာသီအပြောင်းအရွှေ့ကာလတွင် ပေါ်တူဂီကလပ် ဘင်ဖီကာအသင်းမှ အက်သလက်တီကိုအသင်းသို့ ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေး (၁၂၆)သန်းဖြင့် ပြောင်းရွှေ့ခဲ့သူဖြစ်သည်။ 

ယာအိုဖီးလစ်သည် ယခုရာသီ၌ အက်သလက်တီကိုအသင်းအတွက် ပြိုင်ပွဲစုံ (၁၆)ပွဲတွင် (၄)ဂိုး သွင်းယူပေးထားသည်။