ဟာဇက်၏ ဒဏ်ရာ (၄)ပတ်မှ (၆)ပတ်အထိ အနားယူရဖွယ်ရှိ

ဟာဇက်၏ ဒဏ်ရာ (၄)ပတ်မှ (၆)ပတ်အထိ အနားယူရဖွယ်ရှိ
Photo: Getty Images
Photo: Getty Images
Published 6 December 2019

ရီးယဲလ်အသင်း၏ တောင်ပံတိုက်စစ်ကစားသမား ဟာဇက်သည် ခြေချင်းဝတ်ဒဏ်ရာကြောင့် (၄)ပတ်မှ (၆)ပတ် အထိ အနားယူရဖွယ်ရှိကြောင်း သိရှိရသည်။ 

ရီးယဲလ်အသင်း၏ တောင်ပံတိုက်စစ်ကစားသမား ဟာဇက်သည် ခြေချင်းဝတ်ဒဏ်ရာကြောင့် (၄)ပတ်မှ (၆)ပတ် အထိ အနားယူရဖွယ်ရှိကြောင်း သိရှိရသည်။ 

ဟာဇက်သည် PSG အသင်းနှင့် ယှဉ်ပြိုင်ကစားသည့် ချန်ပီယံလိဂ်အုပ်စုပွဲစဉ်တွင် ညာဘက်ခြေချင်းဝတ်၌ ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ပြီး မူလက (၁၀)ရက်ခန့်သာ အနားယူရဖွယ်ရှိသည်ဟု ရီးယဲလ်အသင်းက ခန့်မှန်းခဲ့သည်။ 

သို့သော် စမ်းသပ်စစ်ဆေးမှုများ ထပ်မံပြုလုပ်ခဲ့ပြီးနောက် (၄)ပတ်မှ (၆)ပတ်ကြား အနားယူရနိုင်သည်ဟု ရီးယဲလ်အသင်း ဆေးအဖွဲ့က အတည်ပြုလိုက်ခြင်းဖြစ်သည်။ 

ထို့ကြောင့် ဟာဇက်သည် ဘာစီလိုနာအသင်းနှင့် ယှဉ်ပြိုင်ရမည့် El Clásico ပွဲကို လွဲချော်မည်ဖြစ်သလို၊ စပိန်စူပါဖလားပွဲအမီ ပြန်ကစားနိုင်ရန်လည်း မသေချာကြောင်း သိရှိရသည်။

ပြီးခဲ့သည့်နွေရာသီအပြောင်းအရွှေ့ကာလတွင် ဟာဇက်သည် ချယ်လ်ဆီးအသင်းမှ ရီးယဲလ်အသင်းသို့ ရောက်ရှိလာခဲ့သူဖြစ်ပြီး အသင်းအတွက် ခြေစွမ်းပြကစားနေသူဖြစ်သည်။ 

ဟာဇက်သည် ရီးယဲလ်အသင်းအတွက် ယခုရာသီ ပြိုင်ပွဲစုံ (၁၃)ပွဲတွင် (၁)ဂိုး သွင်းယူထားသည်။

 

Most Read

Most Recent