ဒီဇင်ဘာ (၁)ရက်က ကစားခဲ့သည့် အက်သလက်တီကို (၀-၁) ဘာစီလိုနာပွဲတွင် အက်သလက်တီကိုအသင်းပရိသတ်များသည် အသင်းကစားသမားဟောင်းတစ်ဦးဖြစ်သည့် ဘာစီလိုနာတိုက်စစ်မှူး ဂရီးဇ်မန်းကို အော်ဟစ်လှောင်ပြောင်မှုများ ပြုလုပ်ခဲ့ကြပြီး ပရိသတ်အချို့က ဂရီးဇ်မန်းသေစမ်းဟု အော်ဟစ်ခဲ့ကြကြောင်း သိရသည်။
အက်သလက်တီကိုအသင်းသည် ဘာစီလိုနာကို ရှုံးနိမ့်သည့်ပွဲတွင် ဘာစီလိုနာတိုက်စစ်မှူး ဂရီးဇ်မန်းကို "ဂရီးဇ်မန်း သေစမ်း" ဟု အော်ဟစ်ခဲ့ကြသည့် ပရိသတ်များကြောင့် ကွင်းပိတ်ပြစ်ဒဏ် ချမှတ်ခံရမည့်အရေးနှင့် ရင်ဆိုင်နေရကြောင်း စပိန်မီဒီယာများက ဖော်ပြခဲ့ကြသည်။

ဒီဇင်ဘာ (၁)ရက်က ကစားခဲ့သည့် အက်သလက်တီကို (၀-၁) ဘာစီလိုနာပွဲတွင် အက်သလက်တီကိုအသင်းပရိသတ်များသည် အသင်းကစားသမားဟောင်းတစ်ဦးဖြစ်သည့် ဘာစီလိုနာတိုက်စစ်မှူး ဂရီးဇ်မန်းကို အော်ဟစ်လှောင်ပြောင်မှုများ ပြုလုပ်ခဲ့ကြပြီး ပရိသတ်အချို့က ဂရီးဇ်မန်းသေစမ်းဟု အော်ဟစ်ခဲ့ကြကြောင်း သိရသည်။ ဂရီးဇ်မန်းသည် ပြီးခဲ့သည့်နွေရာသီအပြောင်းအရွှေ့ကာလအတွင်းက အက်သလက်တီကိုအသင်း မှ ဘာစီလိုနာအသင်းသို့ စာချုပ်လျော်ကြေး ယူရို သန်း (၁၂၀)ဖြင့် ပြောင်းရွှေ့ခဲ့သည်။

ဂရီးဇ်မန်း သည် ဘာစီလိုနာအသင်းသို့ ပြောင်းရွှေ့ရန် ၂၀၁၈ ခုနှစ်၊ မတ်လကတည်းက ပုဂ္ဂိုလ်ရေးသဘောတူညီမှုရရှိထားသည်ဟု စပိန်မီဒီယာများက ဖော်ပြခဲ့ကြပြီး ယင်းအချက်ကို အက်သလက်တီကိုပရိသတ်များက ဒေါသပေါက်ကွဲခဲ့ကြကြောင်း သိရသည်။ ထို့ကြောင့် အသင်းမှထွက်ခွာပြီးနောက် မက်ထရိုပိုတာနိုကွင်းသို့ ပြိုင်ဘက်အဖြစ် ပြန်လာသည့် ဂရီးဇ်မန်းကို အက်သလက်တီကိုပရိသတ်များက ပြင်းထန်သည့်စကားလုံးများဖြင့် အော်ဟစ်လှောင်ပြောင်ခဲ့ခြင်းဖြစ်သည်။

သို့သော် အက်သလက်တီကိုပရိသတ်များ၏ အပြုအမူကို ရှုတ်ချကြောင်း စပိန်ဘောလုံးအဖွဲ့ချုပ်နှင့် လာလီဂါအဖွဲ့ချုပ်တို့က ထုတ်ပြန်ထားပြီး လက်ရှိတွင် ယင်းဖြစ်ရပ်အတွက် စပိန်အကြမ်းဖက်ဆန့်ကျင်ရေးကော်မတီ ကို တိုင်ကြားထားကြောင်း သိရသည်။















