စပါးအသင်းကို တာဝန်မယူမီ အာဆင်နယ်နှင့်ချိတ်ဆက်မှုမရှိခဲ့ဟု မော်ရင်ဟို ဖွင့်ဟ

စပါးအသင်းကို တာဝန်မယူမီ အာဆင်နယ်နှင့်ချိတ်ဆက်မှုမရှိခဲ့ဟု မော်ရင်ဟို ဖွင့်ဟ
Photos: Getty Images
Photos: Getty Images
Published 1 December 2019

နိုဝင်ဘာ ၂၉ ရက်က အာဆင်နယ်အသင်းနည်းပြရာထူးမှ ထုတ်ပယ်ခံခဲ့ရသည့် အူနိုင်းအမ်မရီ၏အနာဂတ် စတင်လှုပ်ခတ်လာချိန်တွင် ယခုလအစောပိုင်းက မော်ရင်ဟိုမှာ အာဆင်နယ်ဘောလုံးဒါရိုက်တာ ဆန်လယ်ဟီနှင့် တွေ့ဆုံခဲ့သည်ဟု သတင်းများက ဖော်ပြခဲ့ကြသည်။   

စပါးအသင်းနည်းပြ မော်ရင်ဟိုက လက်ရှိရာထူးကို မရယူမီအချိန်တွင် မြောက်လန်ဒန်ဒါဘီပြိုင်ဘက် အာဆင်နယ်အသင်းနှင့် မည်သည့်ဆက်သွယ်မှုမျှ မရှိခဲ့ကြောင်း ပြောကြားခဲ့သည်။

နိုဝင်ဘာ ၂၉ ရက်က အာဆင်နယ်အသင်းနည်းပြရာထူးမှ ထုတ်ပယ်ခံခဲ့ရသည့် အူနိုင်းအမ်မရီ၏အနာဂတ် စတင်လှုပ်ခတ်လာချိန်တွင် ယခုလအစောပိုင်းက မော်ရင်ဟိုမှာ အာဆင်နယ်ဘောလုံးဒါရိုက်တာ ဆန်လယ်ဟီနှင့် တွေ့ဆုံခဲ့သည်ဟု သတင်းများက ဖော်ပြခဲ့ကြသည်။ 

"အဲဒီအချိန်တုန်းက ကျွန်တော်နဲ့ မစ္စတာ ဆန်လယ်ဟီတို့ တွေ့ဆုံခဲ့တယ်လို့ ရေးသားခဲ့ကြပါတယ်။ ဒါဟာ မမှန်ပါဘူး။ အာဆင်နယ်အသင်းနဲ့ ရင်ဆိုင်ကစားရမယ့်ပွဲကိုပဲ မျှော်လင့်စောင့်စားနေပါတယ်။ အာဆင်နယ်ကို ပြိုင်ဘက်အဖြစ် ကျွန်တော် ရင်ဆိုင်လိုနေပါတယ်။ ဒီအရာက ကျွန်တော်တို့အသင်းပရိသတ်တွေအတွက် ဘယ်လောက်အဓိပ္ပာယ်ရှိသလဲဆိုတာ သိပါတယ်။ မော်ရီစီယို(ပိုချက်တီနို) ဒါမှမဟုတ် အမ်မရီ ဒါမှမဟုတ် ဖရက်ဒီယွန်းဘတ် ဒါမှမဟုတ် ဘယ်သူပဲဖြစ်ဖြစ် ပြဿနာ မရှိပါဘူး။ အကြီးကျယ်ဆုံးအရာတွေအကြောင်း ကျွန်တော်သိပြီး ဒီပွဲက အကြီးကျယ်ဆုံးတစ်ခုပါ။ အာဆင်နယ်အသင်းသာ အသင်းကြီးမဟုတ်ဘဲ ကျွန်တော်တို့ကလည်း တူညီတဲ့ ဦးတည်ချက်တွေအတွက် တိုက်ပွဲဝင်နေတာပါ။ ဒီအဓိပ္ပာယ်ကို ကျွန်တော် ကောင်းကောင်းသိပြီး ကြိုက်လည်းကြိုက်ပါတယ်" ဟု မော်ရင်ဟို က ပြောကြားခဲ့သည်။

မော်ရင်ဟိုသည် စပါးအသင်းနှင့် ၂၀၂၂-၂၃ ရာသီကုန်အထိ သုံးနှစ်သက်တမ်းရှိစာချုပ် ချုပ်ဆိုထားသူလည်းဖြစ်သည်။

Most Read

Most Recent