ဧရာဝတီတိုင်းအတွင်းရှိ ခရိုင်မြို့ကြီးများတွင် မြို့အင်္ဂါရပ်ကောင်းမွန်စေရေးအတွက် AC လမ်းမကြီးများ ခင်းကျင်းသွားမည်

ဧရာဝတီတိုင်းအတွင်းရှိ ခရိုင်မြို့ကြီးများတွင် မြို့အင်္ဂါရပ်ကောင်းမွန်စေရေးအတွက် AC လမ်းမကြီးများ ခင်းကျင်းသွားမည်
အောက်တိုဘာလအတွင်းက ဟင်္သာတမြို့တွင် လမ်းလုပ်ငန်းများဆောင်ရွက်နေသည်ကို တွေ့ရစဉ်(ဓာတ်ပုံ- အောင်ကျော်မျိုး)
အောက်တိုဘာလအတွင်းက ဟင်္သာတမြို့တွင် လမ်းလုပ်ငန်းများဆောင်ရွက်နေသည်ကို တွေ့ရစဉ်(ဓာတ်ပုံ- အောင်ကျော်မျိုး)
Published 17 November 2019
မင်းသူဝင်းထွဋ်

ဧရာဝတီတိုင်းဒေသကြီးအတွင်း ပုသိမ်ခရိုင်၊ ဟင်္သာတခရိုင်၊ မြောင်းမြခရိုင်၊ မအူပင်ခရိုင်၊ လပွတ္တာခရိုင်နှင့် ဖျာပုံခရိုင်မြို့ကြီး များတွင် မြို့အင်္ဂါရပ် ကောင်းမွန်စေရေးအတွက် AC လမ်းမကြီးများ ခင်းကျင်းသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ခရိုင်မြို့ကြီးများရှိ မြို့လယ်လမ်းမကြီး များအား AC လမ်းမကြီးများအဖြစ် အဆင့်မြှင့်တင်ခြင်း၊ လမ်းမီးတိုင်အသစ်များ စိုက်ထူ ခြင်းလုပ်ငန်းများကို ၂၀၁၉-၂၀၂ဝဘဏ္ဍာ ရေးနှစ်အတွင်း အပြီးသတ်လုပ်ဆောင်သွားမည်ဖြစ်ပြီး ပုသိမ်မြို့တွင်မူ ယခင်ဘဏ္ဍာရေး နှစ်မှာပင် ခင်းကျင်းပြီးစီးခဲ့ပြီဖြစ်ကြောင်း၊ ခရိုင်မြို့ကြီးများအနက် ဟင်္သာတခရိုင်တွင် စတင်ခင်းကျင်းလုပ်ဆောင်နေပြီဖြစ်ပြီး ဖျာပုံခရိုင်တွင်လည်း လုပ်ငန်းများစတင်နေပြီဖြစ်ကြောင်း၊ အခြားသောခရိုင်မြို့ကြီးများတွင်လည်း ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

အဓိကတော့ ကျွန်တော့်တို့ဆီမှာတော့ ခရိုင်ခြောက်ခရိုင်ရှိတာပေါ့နော်။ ပုသိမ်နဲ့ ဟင်္သာတခရိုင်တော့ လုပ်နေပြီ။ AC လမ်း ခင်းတယ်ဆိုတာ မြို့ရဲ့အင်္ဂါရပ်ကို ကျွန်တော်တို့က ကောင်းအောင်ပြုပြင်ပြောင်းလဲတဲ့သဘောပါပဲ။ ပြီးလို့ရှိရင် ကျွန်တော်တို့က ဖျာပုံ၊ မအူပင်၊ လပွတ္တာ၊ မြောင်းမြဆက်ပြီးတော့ လုပ်သွားမှာပါ။ AC လမ်းတင်မကဘဲဘေးနား က ရေမြောင်းတွေပါ ထည့်စဉ်းစားရမယ်ထည့် လုပ်ရမယ်။ နောက်ပြီးလို့ရှိရင် လမ်းမီးတွေ ဒါတွေကအစ အကုန်လုံးလုပ်သွားဖို့ အစီအစဉ်ရှိပါတယ်။ ဒါတွေက ဖျာပုံမှာလုပ်မယ့်အစီအစဉ်တွေကို ပြည်သူတွေကို ချပြဆွေးနွေးတာပါ။ ပြီးလို့ရှိရင် မသိတာတွေလည်း ပြည်သူတွေက မေးလို့ရတယ်။ အဲဒါကြောင့် ကျွန်တော်က ဘယ်လိုလုပ်မယ်ဆိုတာကို ပြည်သူတွေကို ပန်းဖလက်ဝေဖို့ပြောထားတယ်။ ပြီး ရင် ဖုန်းနံပါတ်တွေလည်းထည့်ရေးဖို့ ပြောထားတယ်။ ဘာလို့လည်းဆိုတော့ ပြည်သူက မသိလို့ရှိရင် မေးလို့ရအောင်လို့၊ အကုန်လုံးက ဒီနှစ်ဘတ်ဂျက်ထဲမှာ ပြီးသွားမှာပါ။ ကျန်တဲ့ လေးခရိုင်မြို့အားလုံးပြီးသွားမှာပါ။ လမ်းမီး တိုင်တွေပါ ပါပါတယ်ဟု ဧရာဝတီတိုင်းဒေသကြီးလျှပ်စစ်၊ စက်မှုလက်မှုနှင့်လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေး က ဆိုသည်။

AC လမ်းခင်းကျင်းခြင်းလုပ်ငန်းအား တိုင်းဒေသကြီးဘတ်ဂျက်မှ ကျခံသုံးစွဲသွား မည်ဖြစ်ပြီး သက်ဆိုင်ရာမြို့နယ်များအလိုက် မြို့ခံလွှတ်တော်ကိုယ်စားလှယ်များ၊ ဒေသခံ များနှင့် တိုင်ပင်ဆွေးနွေးကာလိုအပ်သည့် မြို့ လယ်လမ်းမကြီးများအား ခင်းကျင်းလုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent