AA အဖွဲ့မှ ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ ညီမ နှင့် ယောက်ဖဖြစ်သူအား အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂ (က) ဖြင့်တရားစွဲမှုကို တရားရုံးက လက်ခံ

AA အဖွဲ့မှ ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ ညီမ နှင့် ယောက်ဖဖြစ်သူအား အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂ (က) ဖြင့်တရားစွဲမှုကို တရားရုံးက လက်ခံ
ဓာတ်ပုံ - ကြည်နိုင်
ဓာတ်ပုံ - ကြည်နိုင်
Published 15 November 2019
ကြည်နိုင်

 

AA အဖွဲ့မှ ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ ညီမ နှင့် ယောက်ဖဖြစ်သူအား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂ (က) ဖြင့်တရားစွဲမှုကို နိုဝင်ဘာ ၁၅ ရက် ရုံးချိန်းတွင် မရမ်းကုန်းမြို့နယ်တရားရုံးက လက်ခံခဲ့ကြောင်း သိရသည်။

မန္တလေးတွင် ဖမ်းဆီးရမိသော ဖောက်ခွဲရေးပစ္စည်းများနှင့် ပတ်သက်၍ AA အဖွဲ့မှ ထွက်ပြေးတိမ်းရှောင်နေသူ မောင်မောင်စိုးကို ထိုင်းနိုင်ငံနှင့် လာအိုနိုင်ငံတွင် တွေ့ဆုံကာ ငွေကြေးထောက်ပံ့မှုများပြလုပ်ခဲ့သဖြင့် ကိုကျော်နိုင်နှင့်အပေါင်းအပါကို အမှုဖွင့်တိုင်တန်းခြင်းဖြစ်ကြောင်း တရားစွဲအဖွဲ့အစည်း၏ တိုင်ကြားစာတွင် ဖော်ပြထားသည်။

 

ညီမဖြစ်သူ မယမင်းမြတ် (ခေါ်) မိုးပွင့်ဖြူနှင့် ၎င်း၏ ခင်ပွန်း ကိုကျော်နိုင်တို့ကို အောက်တိုဘာ ၁၉ ရက်တွင် ဖမ်းဆီးခဲ့သည်။

ကိုကျော်နိုင်မှာ ထိုင်းနိုင်ငံမှ ပြည်တွင်းသို့ ပြန်လာစဉ် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ဖမ်းဆီးခံရသည်။

Most Read

Most Recent