ဒီဇင်ဘာလအတွင်းကစားမည့် မန်ချက်စတာဒါဘီပွဲစဉ်တွင် ပြန်ကစားနိုင်ရန် ပေါ့ဘာ ပစ်မှတ်ထား

ဒီဇင်ဘာလအတွင်းကစားမည့် မန်ချက်စတာဒါဘီပွဲစဉ်တွင် ပြန်ကစားနိုင်ရန် ပေါ့ဘာ ပစ်မှတ်ထား
Photo: Getty Images,Daily Mail
Photo: Getty Images,Daily Mail
Published 13 November 2019

ပေါ့ဘာသည် စက်တင်ဘာလ(၃၀)ရက်နေ့က မန်ယူနှင့် အာဆင်နယ်တို့ (၁-၁) ဂိုးဖြင့် သရေကျသောပွဲတွင် ဒဏ်ရာရရှိခဲ့ပြီး ယင်းပွဲနောက်ပိုင်း အနားယူနေရခြင်းဖြစ်သည်။ မန်ယူအသင်းအနေဖြင့် နှစ်ကုန်ပိုင်းတွင် (၃၆)ရက်အတွင်း ပွဲစဉ်(၁၁)ပွဲကို ကစားရမည် ဖြစ်ရာ ပေါ့ဘာ ပြန်ကစားနိုင်မည့်သတင်းက မန်ယူအသင်းနည်းပြ ဆိုးလ်ရှားအတွက်လည်း သတင်းကောင်းဖြစ်စေခဲ့သည်။ 

 

မန်ယူအသင်းတွင် ခြေချင်းဝတ်ဒဏ်ရာကြောင့် ကာလရှည်အနားယူနေရသူ ပြင်သစ် ကွင်းလယ်လူ ပေါ့ဘာသည် ဒီဇင်ဘာလ(၇) ရက်နေ့တွင် ကစားမည့် မန်ချက်စတာဒါဘီပွဲစဉ်၌ ပြန်လည်ကစားနိုင်ရန် ပစ်မှတ်ထားနေကြောင်း သိရှိရသည်။ 

ပေါ့ဘာသည် ယင်းဒဏ်ရာကြောင့် မန်ယူအသင်း၏ ပွဲစဉ်(၉)ပွဲကို ပါဝင်မကစားနိုင်ဘဲ လွဲချော်ခဲ့ရပြီး ယခုအခါ သူ၏ဒဏ်ရာမှာ ပျောက်ကင်းသက်သာလာပြီဖြစ်ကြောင်း သိရှိရသည်။ ပြီးခဲ့သည့်တနင်္လာနေ့က သူ၏ဒဏ်ရာကို ပြန်လည်ကြည့်ရှုစစ်ဆေးခဲ့ရာတွင် ဆရာဝန်က ကျောက်ပတ်တီးကို ဖြည်ပေးခဲ့ကြောင်း သိရှိရသည်။

   

ပေါ့ဘာက သူ၏ Instagram တွင် ညာခြေချင်းဝတ်ရှိ ကျောက်ပတ်တီးဖြည်နေသောပုံကို ဖော်ပြခဲ့သည်။ ပေါ့ဘာသည် စက်တင်ဘာလ(၃၀)ရက်နေ့က မန်ယူနှင့် အာဆင်နယ်တို့ (၁-၁) ဂိုးဖြင့် သရေကျသောပွဲတွင် ဒဏ်ရာရရှိခဲ့ပြီး ယင်းပွဲနောက်ပိုင်း အနားယူနေရခြင်းဖြစ်သည်။ မန်ယူအသင်းအနေဖြင့် နှစ်ကုန်ပိုင်းတွင် (၃၆)ရက်အတွင်း ပွဲစဉ်(၁၁)ပွဲကို ကစားရမည် ဖြစ်ရာ ပေါ့ဘာ ပြန်ကစားနိုင်မည့်သတင်းက မန်ယူအသင်းနည်းပြ ဆိုးလ်ရှားအတွက်လည်း သတင်းကောင်းဖြစ်စေခဲ့သည်။ 

မန်ယူအသင်းတွင် ပေါ့ဘာအပြင် ဘာယီ၊ တွမ်မီနေး၊ မာတစ်၊ လုခ်ရှော၊ ဒါလော့ခ်၊ ဖိုဆူမန်ဆာ၊ တွမ်ဇီဘီ အစရှိသော ကစားသမားများလည်း ဒဏ်ရာပြဿနာများရှိနေပြီး ဒီဇင်ဘာ ပွဲကျပ်ကာလတွင် အသင်းရှိ ကစားသမား အများစုပြန်လည်ကစားနိုင်ရန်နည်းပြဖြစ်သူ ဆိုးလ်ရှားက မျှော်လင့်နေကြောင်း သိရှိရသည်။

နှစ်ကုန်ပိုင်း၌ မန်ယူအသင်း ရင်ဆိုင်ရမည့်ပြိုင်ဘက်များ

ရှက်ဖီးယူနိုက်တက်(အဝေး)၊ အက်စ်တာနာ(အဝေး)၊ ဗီလာ(အိမ်)၊ စပါး(အိမ်)၊ မန်စီးတီး(အဝေး)၊ အယ်လ်ခါမာ(အိမ်)၊ အဲဗာတန်(အိမ်)၊ ကိုလ်ချက်စတာ(အိမ်)၊ ဝက်ဖို့ဒ်(အဝေး)၊ နယူးကာဆယ်(အိမ်)၊ ဘန်လေ(အဝေး)