ရန်ကုန်မြို့တွင် လှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် တာမွေမြို့နယ်အတွင်း တိမ်းစောင်းခဲ့သည့် အထပ်မြင့်တိုက်အချို့ကို စည်ပင်သာယာတာဝန်ရှိသူများ လိုက်လံစစ်ဆေး
ဓာတ်ပုံ - ပြည့်ဖြိုးအောင်
ရန်ကုန်မြို့တွင် လှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် တာမွေမြို့နယ်အတွင်းရှိ တိမ်းစောင်းခဲ့သည့် အထပ်မြင့်တိုက်အချို့ကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီတာဝန်ရှိသူများက နိုဝင်ဘာ ၁၃ရက် မွန်းလွဲပိုင်းက လိုက်လံစစ်ဆေးခဲ့ကြောင်း သိရသည်။ နိုဝင်ဘာ ၁၂ ရက်ညပိုင်းက ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့အနီးကို ဗဟိုပြု၍ အင်အားရစ်ချက်တာစကေး ၄ဒသမ၁ ရှိ ငလျင်တစ်ခု နို လှုပ်ခတ်ခဲ့သည့်အတွက် ရန်ကုန်မြို့နေ ပြည်သူများ ငလျင်လှုပ်ခတ်မှုကို သိသိသာသာခံစားရသည်။















