UEFA Nations League ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

UEFA Nations League ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်
Published 15 October 2018

အိုက်စလန် နှင့် ဆွစ်ဇာလန် (အင်္ဂါနံနက် ၁း၁၅ နာရီ)

ကမ္ဘာ့ဖလားအပြီးမှာ အိုက်စလန်အသင်း ခြေစွမ်းကျဆင်းသွားတာက မယုံနိုင်စရာပါပဲ။ စိတ်ဓာတ်ပိုင်းကို အဓိကအားပြုပြီး အသင်းလိုက်ဟန်ချက်ညီမှုနဲ့တည်ဆောက်ထားတဲ့ အသင်းတစ်သင်းအဖို့ ရှုံးပွဲတွေဆက်တိုက်ကြုံလာရင် ပြန်လည်တည် ဆောက်နိုင်ဖို့ ခဲယဉ်းသွားတတ်ပါတယ်။ ဆွစ်ဇာလန်ကတော့ ယူရို-၂၀၁၆ ပြိုင်ပွဲအပြီး နိုင်ငံတကာပွဲ(၂၃)ပွဲကစားရာမှာ ပေါ်တူဂီ၊ ဆွီဒင်နဲ့ အင်္ဂလန်တို့ကိုသာ ရှုံးခဲ့ပြီး အမှားအယွင်းအတော်နည်းပါတယ်။ အိုက်စလန်ကွင်းဖြစ်ပေမယ့် ဆွစ်ဇာလန် အနိုင်ကစားသွားဖို့များတယ်။

စပိန် နှင့် အင်္ဂလန် (အင်္ဂါနံနက် ၁း၁၅ နာရီ)

ခရိုအေးရှားနဲ့ကစားခဲ့တဲ့ပွဲအဖြေက အင်္ဂလန်ရဲ့အခုပွဲအပေါ် ရိုက်ခတ်မှုရှိလာနိုင်တယ်။ Nations League မှာ နောက်ဆုံးအဆင့်(၄)သင်းစာရင်းဝင်ဖို့က လက်ရှိ အင်္ဂလန်ကစားပုံနဲ့တော့ စပိန်ကိုကျော်ဖို့ မလွယ်ဘူး။ တစ်ဖက်မှာလည်း ဂုဏ်သိက္ခာအရ နောက်ပြိုင်ပွဲမှာ League A ကနေ League B ဆင်းမကစားရဖို့ ကြိုးပမ်းရမယ့် ဖိအားက ရှိနေပြန်တယ်။  စပိန်ကလည်း နည်းပြ အင်းနရစ်လက်ထဲမှာ ချက်ချင်းအထိုင်ကျတော့မယ့် အနေအထားရောက်နေတယ်။ စပိန်အသင်း အနိုင်ကစားမှာပါ။

ဘော့စနီးယား နှင့် မြောက်အိုင်ယာလန် (အင်္ဂါနံနက် ၁း၁၅ နာရီ)

ဘော့စနီးယားအသင်း ဒီပွဲနိုင်ရင် League A ကို တန်းတက်ခွင့်ရဖို့ သေချာသလောက်နီးပါးဖြစ်သွားလိမ့်မယ်။ ဘော့စနီးယားပဲကြိုက်တယ်။

အက်စ်တိုးနီးယား နှင့် ဟန်ဂေရီ (အင်္ဂါနံနက် ၁း၁၅ နာရီ)

အဝေးကွင်းမှာဆို ဟန်ဂေရီရဲ့စွမ်းဆောင်ရည်က သိပ်မျှော်လင့်မထားတာ အကောင်းဆုံးပါပဲ။ အိမ်ရှင်အသင်းနဲ့ပဲ စွန့်စားသင့်တယ်။

ဖင်လန် နှင့် ဂရိ (အင်္ဂါနံနက် ၁း၁၅ နာရီ)

ဖင်လန်အသင်းက အိမ်ကွင်းအားနဲ့ ဂရိအသင်းကို ဒုက္ခပေးနိုင်ခြေ အပြည့်အဝရှိနေတယ်။ ဂရိအသင်း အမှတ်ပြည့်ရဖို့ မလွယ်ဘူး။

အခြားပွဲစဉ်များ

ဘီလာရုစ် နှင့် မော်လ်ဒိုဗာ (အင်္ဂါနံနက် ၁း၁၅ နာရီ)

လူဇင်ဘတ် နှင့် ဆန်မာရီနို (အင်္ဂါနံနက် ၁း၁၅ နာရီ)

 

 

Most Read

Most Recent