ခြေချင်းဝတ်ဒဏ်ရာရရှိခဲ့သည့် မေဆန်မောင့် ယူရိုခြေစစ်ပွဲစဉ်များကို လွဲချော်ဖွယ်ရှိ

ခြေချင်းဝတ်ဒဏ်ရာရရှိခဲ့သည့် မေဆန်မောင့် ယူရိုခြေစစ်ပွဲစဉ်များကို လွဲချော်ဖွယ်ရှိ
Photos: AFP
Photos: AFP
Published 6 November 2019

ယင်းပွဲ၏ ပွဲချိန်(၆၀)မိနစ်တွင် မေဆန်မောင့်မှာ ညာဘက်ခြေချင်းဝတ်၌ ဒဏ်ရာရရှိပြီး ဆက်မကစားနိုင်၍ သူ၏နေရာတွင် အခြားကွင်းလယ်လူ အိုဒွိုင်းနှင့် လူစားလဲခဲ့ရသည်။  

 

ချယ်လ်ဆီးအသင်း၏ အင်္ဂလန်ကွင်းလယ်လူ မေဆန်မောင့်သည် မနေ့က ကစားခဲ့သော ချန်ပီယံလိဂ်ပွဲစဉ် ချယ်လ်ဆီး (၄-၄) အေဂျက်စ်ပွဲတွင် ခြေချင်းဝတ် ဒဏ်ရာရရှိခဲ့သဖြင့် အင်္ဂလန်လက်ရွေးစင်အသင်း၏ ယူရို ခြေစစ်ပွဲစဉ်(၂)ပွဲကို လွဲချော်ဖွယ်ရှိနေကြောင်း သိရသည်။  

ယင်းပွဲ၏ ပွဲချိန်(၆၀)မိနစ်တွင် မေဆန်မောင့်မှာ ညာဘက်ခြေချင်းဝတ်၌ ဒဏ်ရာရရှိပြီး ဆက်မကစားနိုင်၍ သူ၏နေရာတွင် အခြားကွင်းလယ်လူ အိုဒွိုင်းနှင့် လူစားလဲခဲ့ရသည်။  

သူ၏ဒဏ်ရာအနေအထားအရ ရက်အနည်းငယ်အနားယူရဖွယ်ရှိနေပြီး ယခုနိုဝင်ဘာ(၁၄)ရက်နှင့် (၁၇)ရက်တို့တွင် ကစားရမည်ဖြစ်သည့် မွန်တီနီဂရိုး(အိမ်ကွင်း)၊ ကိုဆိုဗို(အဝေးကွင်း)တို့နှင့် ယူရို-၂၀၂၀ ခြေစစ်ပွဲစဉ်များ တွင် ပါဝင်နိုင်ဖွယ်မရှိကြောင်း BBC သတင်းဌာနက ဖော်ပြခဲ့သည်။

 

Most Read

Most Recent