အောင်မြင်မှု၏သော့ချက်မှာ ကင်းထောက်များကြောင့်ဟု ဂွါဒီယိုလာ ချီးကျူး

အောင်မြင်မှု၏သော့ချက်မှာ ကင်းထောက်များကြောင့်ဟု ဂွါဒီယိုလာ ချီးကျူး
Photos: Getty Images
Photos: Getty Images
Published 3 November 2019

ဂွါဒီယိုလာက မန်စီးတီးအသင်း၏ အောင်မြင်မှုများအတွက် မန်နေဂျာနှင့် ကစားသမားများထက် အားကစားဒါရိုက်တာ ဘီဂီရီစတိန်း ဦးဆောင်သည့် ကင်းထောက်ဌာနက ပိုအရေးပါကြောင်းနှင့် အောင်မြင်မှု၏ ရာခိုင်နှုန်း ၈၀ မှာ ၎င်းတို့ နှင့်သက်ဆိုင်ကြောင်း ချီးကျူးပြောကြားခဲ့သည်။

 

မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာက အောင်မြင်မှု၏ အဓိကသော့ချက်မှာ ကင်းထောက်အဖွဲ့ကြောင့်ဖြစ်ကြောင်း ချီးကျူးပြောကြားခဲ့သည်။

ဂွါဒီယိုလာက မန်စီးတီးအသင်း၏ အောင်မြင်မှုများအတွက် မန်နေဂျာနှင့် ကစားသမားများထက် အားကစားဒါရိုက်တာ ဘီဂီရီစတိန်း ဦးဆောင်သည့် ကင်းထောက်ဌာနက ပိုအရေးပါကြောင်းနှင့် အောင်မြင်မှု၏ ရာခိုင်နှုန်း ၈၀ မှာ ၎င်းတို့ နှင့်သက်ဆိုင်ကြောင်း ချီးကျူးပြောကြားခဲ့သည်။

"အရေးပါဆုံးဌာနက ကင်းထောက်ဌာနပါပဲ။ သူတို့က မန်နေဂျာနဲ့ ကစားသမားတွေထက် ပိုအရေးကြီးပါတယ်။ ဘီဂီရီစတိန်းနဲ့ သူ့အဖွဲ့က ရွေးချယ်မှုတွေ ကောင်းကောင်းလုပ်နိုင်ခဲ့တယ်။ အောင်မြင်မှုရဲ့ ရာခိုင်နှုန်း ၈၀ က သူတို့ကြောင့် ရရှိတာပါ။ သူတို့သာ အချိန်တွေ၊ ခွန်အားတွေ အများကြီးအသုံးပြုပြီး မရှာဖွေဘူးဆိုရင် အခုလို အောင်မြင်မှုရမှာမဟုတ်ပါဘူး။ ဒါက ကျွန်တော့်ခံစားချက်ပါ" ဟု ၎င်းက ပြောကြားခဲ့သည်။

မန်စီးတီးအသင်းသည် ဘီဂီရီစတိန်းလက်ထက်တွင် စတာလင်၊ ဒီဘရိုင်းနား၊ ဂျေးဆူး၊ လာပေါ့တ်၊ အီဒါဆန်၊ ဂွန်ဒိုဂန် စသည့် ကြယ်ပွင့် ကစားသမားများ ခေါ်ယူနိုင်ခဲ့သည်။