ဇယားအောက်ဆုံးမှ ဒီယွန်းအသင်းကို ရှုံးနိမ့်ခဲ့ခြင်းအတွက် PSG အသင်းနည်းပြ တူဟယ်လ် ဒေါသပေါက်ကွဲ

ဇယားအောက်ဆုံးမှ ဒီယွန်းအသင်းကို ရှုံးနိမ့်ခဲ့ခြင်းအတွက် PSG အသင်းနည်းပြ တူဟယ်လ် ဒေါသပေါက်ကွဲ
Photos: AFP
Photos: AFP
Published 3 November 2019

PSG အသင်းသည် ၂၀၁၁ ခုနှစ်နောက်ပိုင်း ဒီယွန်း အသင်းကို ပထမဆုံးအကြိမ် ရှုံးနိမ့်ခြင်းဖြစ်သလို ပွဲစဉ် (၁၂) အပြီးတွင် ရှုံးပွဲသုံးပွဲကြုံ တွေ့ခြင်းမှာလည်း ၂၀၁၀-၂၀၁၁ ရာသီ နောက်ပိုင်း ပထမဆုံးအကြိမ်ဖြစ်သည်။

 

PSG အသင်းနည်းပြ သောမတ်စ်တူ ဟယ်လ်သည် ဇယားအောက်ဆုံးမှ ဒီယွန်း အသင်းကို ရှုံးနိမ့်ခဲ့ခြင်းအတွက် ကစားသမားများ၏ ကြိုးစားအားထုတ်မှုကို ဒေါသပေါက်ကွဲခဲ့ကြောင်း သိရသည်။

PSG အသင်းသည် လာမည့်ကြားရက် တွင် ချန်ပီယံလိဂ်ပွဲကစားရန်ရှိသဖြင့် လီဂူး ပွဲစဉ် (၁၂) ကို သောကြာနေ့မှာပင် ကြိုတင်ကစားခြင်းဖြစ်ပြီး ဇယားအောက်ဆုံးမှ ဒီယွန်းအသင်းကို အဝေးကွင်း၌ (၂-၁) ဂိုးဖြင့် အံ့ အားသင့်ဖွယ် ရှုံးနိမ့်ခဲ့သည်။ PSG အသင်းသည် ဘာပေ၊ အီကာဒီ၊ ဒီမာရီယာ၊ ဂေးယီ၊ မာကွင်ဟို့စ်တို့ဖြင့် အင်အားတောင့်တင်းသည့် လူစာရင်းအသုံးပြုခဲ့ပြီး ၁၉ မိနစ်တွင် ဘာပေသွင်းယူသည့်ဂိုးဖြင့် ဦးဆောင်ကစား နိုင်ခဲ့သည်။ 

သို့သော် ပထမပိုင်းပြီးခါနီး နာကျင်အချိန်ပို ခြောက်မိနစ်နှင့် ဒုတိယပိုင်းအစ ၄၇ မိနစ်တွင် ချေပဂိုးနှင့် အနိုင်ဂိုး ပြန်လည် ခွင့်ပြုခဲ့ရပြီး လက်ကျန်မိနစ်များတွင် ကာဗာနီ၊ ဒရက်ဇ်လာတို့ကိုထည့်သွင်း၍ တိုက်စစ် မြှင့်တင်သော်လည်း ချေပဂိုးပင် မသွင်းယူနိုင်သဖြင့် ရှုံးပွဲကြုံတွေ့ခဲ့ခြင်းဖြစ်သည်။ PSG အသင်းသည် ၂၀၁၁ ခုနှစ်နောက်ပိုင်း ဒီယွန်း အသင်းကို ပထမဆုံးအကြိမ် ရှုံးနိမ့်ခြင်းဖြစ်သလို ပွဲစဉ် (၁၂) အပြီးတွင် ရှုံးပွဲသုံးပွဲကြုံ တွေ့ခြင်းမှာလည်း ၂၀၁၀-၂၀၁၁ ရာသီ နောက်ပိုင်း ပထမဆုံးအကြိမ်ဖြစ်သည်။

သို့ဖြစ်ရာ တူဟယ်လ်က "ကျွန်တော်တို့ အနေနဲ့ ပထမပိုင်းမှာ ဘာမှတောင် မတုံ့ပြန် နိုင်ခဲ့ပါဘူး။ ခံစစ်တင်မဟုတ်ပါဘူး။ တိုက်စစ်ကလည်း အတူတူပါပဲ။ အဲဒါဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့အနေနဲ့ အတူတကွ စည်းစည်းလုံးလုံးမကစားနိုင်လို့ပါပဲ။ တိကျမှုaရာ စည်းဝါးကိုက်လှုပ်ရှားမှုပါ အားနည်းခဲ့ပါတယ်။ ဒုတိယပိုင်းမှာတော့ ပထမပိုင်းထက် ပိုကောင်းလာပါတယ်။ ဒါပေမဲ့ အနိုင်ရလဒ် နဲ့ မထိုက်တန်သလို ကံကြမ္မာဖေး မမှုလည်း မရခဲ့ပါဘူး" ဟု သုံးသပ်ပြောကြားခဲ့သည်။

 

Most Read

Most Recent