You Tube ဝက်ဘ်ဆိုက်မှတစ်ဆင့် ဝင်ငွေအများဆုံးရရှိသည့် ဘောလုံးအသင်းစာရင်းတွင် လီဗာပူးလ်အသင်း ထိပ်ဆုံး၌ ဦးဆောင်

You Tube ဝက်ဘ်ဆိုက်မှတစ်ဆင့် ဝင်ငွေအများဆုံးရရှိသည့် ဘောလုံးအသင်းစာရင်းတွင် လီဗာပူးလ်အသင်း ထိပ်ဆုံး၌ ဦးဆောင်
Photos: AFP, Getty Images & You Tube
Photos: AFP, Getty Images & You Tube
Published 1 November 2019

ပရီးမီးယားလိဂ်ကလပ်အသင်းတစ်သင်းဖြစ်သည့် လီဗာပူးလ်အသင်းသည် ၂၀၁၉ ခုနှစ်အတွင်း You Tube ထံမှ ဝင်ငွေအများဆုံးရရှိနေသည့် အားကစား Channel များထဲတွင် တတိယနေရာ၌ ရပ်တည်လျက်ရှိကြောင်း သိရှိရသည်။

ပရီးမီးယားလိဂ်ကလပ်အသင်းတစ်သင်းဖြစ်သည့် လီဗာပူးလ်အသင်းသည် ၂၀၁၉ ခုနှစ်အတွင်း You Tube ထံမှ ဝင်ငွေအများဆုံးရရှိနေသည့် အားကစား Channel များထဲတွင် တတိယနေရာ၌ ရပ်တည်လျက်ရှိကြောင်း သိရှိရသည်။

    

ဝင်ငွေအများဆုံးရရှိနေသည့် အားကစား Channel မှာ Sky Sports Football ဖြစ်ပြီး Subscribe လုပ်ထားသူဦးရေမှာ (၁.၅)သန်းသာရှိသော်လည်း ကြည့်ရှုကြသည့်နှုန်းထားအရေအတွက်ကြောင့် တစ်လလျှင် ပျမ်းမျှ ဒေါ်လာ(၁)သန်းကျော် ရရှိလျက်ရှိသည်။ 

ဒုတိယနေရာတွင် F2 Freestyle Channel က ရပ်တည်လျက်ရှိပြီး တစ်လလျှင် ပျမ်းမျှ ဒေါ်လာ(၇)သိန်းကျော်ရရှိနေသည်။ 

ယင်း Channel သည် Subscribe လုပ်ထားသူ (၁၀.၈)သန်းအထိရှိပြီး ဘောလုံးအလှပြကွက်များကို ဦးစားပေးတင်ဆက်ပေးနေခြင်းဖြစ်သည်။ 

Subscribe လုပ်ထားသူ (၃)သန်းကျော်ရှိနေသည့် လီဗာပူးလ်အသင်းမှာမူ တစ်လပျမ်းမျှ ဒေါ်လာ(၆.၆)သိန်းကျော်ရရှိနေပြီး၊ တစ်နှစ်လျှင် ပျမ်းမျှဒေါ်လာ(၈)သန်းဝန်းကျင်အထိ ရရှိနေရာ ကလပ်အသင်း၏ ဝင်ငွေလည်ပတ်မှုအတွက် များစွာအထောက်အကူပြုလျက်ရှိနေကြောင်း သိရှိရသည်။



    

လီဗာပူးလ်အသင်းသည် You Tube ၏ ဘောလုံးအသင်းပိုင် Channel များထဲတွင် ဝင်ငွေအများဆုံးအသင်းအဖြစ် ရပ်တည်နိုင်ခဲ့ခြင်းမှာ အသင်း၏ ကမ္ဘာလုံးဆိုင်ရာပုံရိပ်ကြီးမားလာခြင်းကို ဖော်ပြနေခြင်းဖြစ်ပြီး ယင်းနှင့်ဆက်စပ်၍ အသင်း၏ အမှတ်တရပစ္စည်းရောင်းချမှုလို ကဏ္ဍမျိုးတွင် ဝင်ငွေများ ပိုမိုတိုးမြင့်လာနိုင်ဖွယ်ရှိသည်ဟုလည်း မီဒီယာများက ခန့်မှန်းနေကြသည်။ 

You Tube သည် ပျမ်းမျှအားဖြင့် တစ်လလျှင် ဝင်ရောက်ကြည့်ရှုသူအရေအတွက် (၂)ဘီလီယံနီးပါးရှိနေသည့် နာမည်ကျော်လူမှုကွန်ရက်တစ်ခုဖြစ်ပြီး ၎င်းတို့ရရှိသည့် ကြော်ငြာဝင်ငွေများထဲမှ Subscribe လုပ်ထားသည့်နှုန်းနှင့် လူကြည့်နှုန်းအပေါ် မူတည်ကာ ဝင်ငွေများ ပြန်လည်ခွဲ ဝေပေးနေခြင်းလည်းဖြစ်သည်။



    

ဝင်ငွေအများဆုံး  Channel (၂၀)ထဲတွင် ဘောလုံးအသင်း (၈)သင်းပါဝင်နေပြီး ယင်းအသင်းများထဲတွင် လီဗာပူးလ်အသင်းက ထိပ်ဆုံး၌ ရပ်တည်နေခြင်းဖြစ်ကာ အံ့အားသင့်ဖွယ်အဖြစ် ယင်းစာရင်းတွင် မန်ယူအသင်း ပါဝင်ခြင်းမရှိချေ။ 

မီဒီယာများထဲမှ Sky Sports နှင့် TalkSPORT တို့ ပါဝင်နေပြီး အားကစားအဖွဲ့ချုပ်များ ထဲတွင် FIFA နှင့် UEFA တို့ပါဝင်လျက်ရှိသည်။ 

ဘောလုံးအသင်းများထဲတွင် လီဗာပူးလ်အသင်း၏နောက် ဒုတိယဝင်ငွေအများဆုံးအသင်းအဖြစ် ရပ်တည်နေသည့်အသင်းမှာ ဘာစီလိုနာအသင်းဖြစ်ပြီး ဘာစီလိုနာအသင်းသည် Subscriber အရေအတွက် (၈)သန်းကျော်ရှိနေပြီး တစ်လလျှင် ပျမ်းမျှရရှိနေသည့်ဝင်ငွမှာ ဒေါ်လာ (၄)သိန်းကျော်ရှိကြောင်း သိရှိရသည်။

    

လီဗာပူးလ်နှင့် ဘာစီလိုနာအသင်းတို့အပြင် ထိပ်ဆုံး Channel (၂၀)စာရင်းတွင် ပါဝင်နေသည့် အခြားကလပ်အသင်းများမှာ မန်စီးတီး၊ ချယ်လ်ဆီး၊ အာဆင်နယ်၊ PSG၊ ရီးယဲလ်နှင့် ဂျူဗင်တပ်စ်အသင်းတို့ဖြစ်ကြောင်း သိရှိရသည်။

 

Most Read

Most Recent