မိမိနှင့် မိမိ၏မိသားစုအပေါ် ခြိမ်းခြောက်မှု၊ ကျိန်ဆဲမှုများကြောင့် ပဲလေ့စ်နှင့်ပွဲတွင် ပေါက်ကွဲခဲ့ခြင်းဖြစ်သည်ဟု ချာကာ ဖြေရှင်းချက်ပေး

မိမိနှင့် မိမိ၏မိသားစုအပေါ် ခြိမ်းခြောက်မှု၊ ကျိန်ဆဲမှုများကြောင့် ပဲလေ့စ်နှင့်ပွဲတွင် ပေါက်ကွဲခဲ့ခြင်းဖြစ်သည်ဟု ချာကာ ဖြေရှင်းချက်ပေး
Photos: Sky Sports & Reuters
Photos: Sky Sports & Reuters
Published 1 November 2019

အာဆင်နယ်အသင်းခေါင်းဆောင် ချာကာက ပြီးခဲ့သည့် တနင်္ဂနွေနေ့က ကစားခဲ့သော ခရစ္စတယ်ပဲလေ့စ်နှင့်ပွဲတွင် ပရိသတ်များနှင့် ပြဿနာဖြစ်ပွားခဲ့ခြင်းမှာ မိမိနှင့် မိမိ၏မိသားစုအပေါ် ခြိမ်းခြောက်မှု၊ ကျိန်ဆဲမှုများကြောင့်ဖြစ်သည်ဟု အာဆင်နယ်အသင်း၏ Twitter စာမျက်နှာမှတစ်ဆင့် ဖြေရှင်းချက်ပေးခဲ့သည်။

ချာကာသည် ယင်းပွဲမှ အပြုအမူကြောင့် ဝေဖန်ပြစ်တင်မှုများနှင့် ရင်ဆိုင်နေရသလို၊ ပြီးခဲ့သည့် လိဂ်ဖလားပွဲတွင်လည်း အာဆင်နယ်အသင်း၏လူစာရင်းမှ ချန်လှပ်ခံခဲ့ရသည်။ 

ထို့ကြောင့် ချာကာက ဖြေရှင်းချက်ပေးခဲ့ခြင်းဖြစ်ပြီး "ကျွန်တော်က ဒီအသင်းကို ချစ်မြတ်နိုးသလို၊ ကွင်းတွင်းကွင်းပြင်မှာ အမြဲတမ်း ရာနှုန်းပြည့်ပေးဆပ်နေတဲ့သူပါ။ အခုဖြစ်ရပ်မှာ ပရိသတ်တွေကို ကျွန်တော် နားလည်မပေးနိုင်လို့ မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေကတည်းက လူမှုကွန်ရက်ပေါ်မှာ ကျွန်တော် တိုက်ခိုက်ခံနေရပြီး နာကျင်စွာ ခံစားခဲ့ရပါတယ်။ လူတွေက "မင်းရဲ့ ခြေထောက်တွေကို ငါတို့ ချိုးပစ်မယ်"၊ "မင်းရဲ့ မိန်းမကို သတ်ပစ်မယ်"၊ "မင်းရဲ့ သမီးလေး ကင်ဆာဖြစ်ပါစေ"လို့ ပြောခဲ့ကြတယ်။ ဒီစကားတွေက ကျွန်တော့်ကို ဒေါသထွက်အောင် လှုံ့ဆော်နေခဲ့ပြီး ရေဆူမှတ်ကို ရောက်သွားချိန်မှာ ပေါက်ကွဲမိသွားတာပါ။ အပြန်အလှန်လေးစားမှုထားပြီး အရင်လို ပြန်လက်တွဲသွားဖို့ ကျွန်တော် ဆန္ဒရှိပါတယ်။ အကောင်းမြင်စိတ် တွေနဲ့အတူ ရှေ့ဆက်သွားချင်ပါတယ်"ဟု ချာကာက ရေးသားခဲ့ခြင်းဖြစ်သည်။ 

မန်ယူအသင်း၏ တိုက်စစ်မှူးဟောင်း ဘာဘာတော့ဗ်ကလည်း ယခုဖြစ်ရပ်တွင် အာဆင်နယ်ပရိသတ်များလည်း မှားယွင်းခဲ့ကြောင်းနှင့် မိမိတို့၏ အသင်းခေါင်းဆောင်တစ်ဦးကို လှောင်ပြောင်ခြင်းမှာ လက်ခံနိုင်စရာမရှိကြောင်း မှတ်ချက်ပြုခဲ့သည်။ 

အာဆင်နယ်အသင်း၏ ဂိုးသမား မာတီနက်ဇ်ကလည်း "သူ့ကို အသင်းခေါင်းဆောင်အဖြစ် ဆက်ထား၊ မထားဆိုတာတော့ နည်းပြဆုံးဖြတ်မှာပါ။ ကျွန်တော်တို့ကစားသမားတွေကတော့ သူ့နောက်မှာ ရှိနေပါတယ်"ဟု ဆိုခဲ့သည်။

Most Read

Most Recent