ဘရာဇီးလ်၊ ဥရုဂွေးတို့နှင့် ခြေစမ်းမည့်ပွဲများ အတွက် မက်ဆီကို အာဂျင်တီးနား ခေါ်ယူ

ဘရာဇီးလ်၊ ဥရုဂွေးတို့နှင့် ခြေစမ်းမည့်ပွဲများ အတွက် မက်ဆီကို အာဂျင်တီးနား ခေါ်ယူ
Photo: Getty Images
Photo: Getty Images
Published 1 November 2019

အာဂျင်တီးနားဘောလုံးအဖွဲ့ချုပ်သည် နိုဝင်ဘာလအတွင်း ဘရာဇီးလ်၊ ဥရုဂွေးတို့နှင့် ခြေစမ်းမည့်ပွဲများအတွက် အသင်းခေါင်းဆောင် တိုက်စစ်မှူး မက်ဆီကို ပြန်လည်ခေါ်ယူလိုက်ကြောင်း သိရှိရသည်။ 

အာဂျင်တီးနားဘောလုံးအဖွဲ့ချုပ်သည် နိုဝင်ဘာလအတွင်း ဘရာဇီးလ်၊ ဥရုဂွေးတို့နှင့် ခြေစမ်းမည့်ပွဲများအတွက် အသင်းခေါင်းဆောင် တိုက်စစ်မှူး မက်ဆီကို ပြန်လည်ခေါ်ယူလိုက်ကြောင်း သိရှိရသည်။ 

မက်ဆီသည် ဇူလိုင်လက ယှဉ်ပြိုင်ကစားခဲ့သည့် ကိုပါအမေရိကပြိုင်ပွဲတွင် တောင်အမေရိကဘောလုံးအဖွဲ့ချုပ်နှင့် ပြိုင်ပွဲကျင်းပရေးတာဝန်ရှိသူများကို ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ခြင်းကြောင့် (၃)လပွဲပယ်ခံခဲ့ရသူ ဖြစ်သည်။ 

မက်ဆီ၏ အဆိုပါပြစ်ဒဏ်မှာ နိုဝင်ဘာ(၃)ရက်တွင် အဆုံးသတ်မည်ဖြစ်သောကြောင့် အာဂျင်တီးနားဘောလုံးအဖွဲ့ချုပ်က ပြန်လည်ခေါ်ယူခဲ့ခြင်းလည်းဖြစ်သည်။  

အာဂျင်တီးနားအသင်းသည် ဘရာဇီးလ်နှင့်ပွဲကို နိုဝင်ဘာ(၁၅)၊ ဥရုဂွေးနှင့်ပွဲကို နိုဝင်ဘာ(၁၈) တွင် ယှဉ်ပြိုင်ကစားသွားမည်ဖြစ်သည်။ 

အာဂျင်တီးနားနည်းပြ စကာလိုနီသည် ယင်းနှစ်ပွဲအတွက် အဂွဲရိုး၊ လော်တာရိုမာတီနက်ဇ်၊ ဒီဘားလားစသည့် ထိပ်တန်းတိုက်စစ်မှူးများကိုလည်း ရွေးချယ်ထားကြောင်း သိရှိရသည်။

 

Most Read

Most Recent