AA အဖွဲ့က ကချင်ပြည်နယ် လိုင်ဇာတွင် စုဆောင်းထားသည့် လူသစ် တစ်သောင်းကျော်ကို သင်တန်းပေးနေပြီး လိုင်ဇာအရာရှိသင်တန်းကျောင်းမှထူးချွန်သူများကို တရုတ်နိုင်ငံ၏ စစ်ဘက်ဆိုင်ရာ အကယ်ဒမီများသို့ စေလွှတ်

AA အဖွဲ့က ကချင်ပြည်နယ် လိုင်ဇာတွင် စုဆောင်းထားသည့် လူသစ် တစ်သောင်းကျော်ကို သင်တန်းပေးနေပြီး လိုင်ဇာအရာရှိသင်တန်းကျောင်းမှထူးချွန်သူများကို တရုတ်နိုင်ငံ၏ စစ်ဘက်ဆိုင်ရာ အကယ်ဒမီများသို့ စေလွှတ်
Published 30 October 2019
Ref: Arakan News

AA အဖွဲ့က ကချင်ပြည်နယ် လိုင်ဇာတွင် စုဆောင်းထားသည့် လူသစ် တစ်သောင်းကျော်ကို သင်တန်းပေးနေပြီး လိုင်ဇာအရာရှိသင်တန်းကျောင်းမှထူးချွန်သူများကို တရုတ်နိုင်ငံ၏ စစ်ဘက်ဆိုင်ရာ အကယ်ဒမီများသို့ စေလွှတ်ထားကြောင်း Arakan News သတင်းဝက်ဘ်ဆိုက်တွင် အောက်တိုဘာ ၂၉ ရက်က ဖော်ပြခဲ့သည်။

Arakan News သည် What Elements Push Rakhine into Armed Struggle အမည်ရှိ ဆောင်းပါးတစ်ပုဒ်ကို ဖော်ပြခဲ့ရာ၌ ယင်းအချက် ပါဝင်ခဲ့ခြင်း ဖြစ်သည်။ 

ယင်းဆောင်းပါးကို လူမှုမီဒီယာတွင် ၂၀၁၉ ခုနှစ် ဇွန်လအတွင်းက မြန်မာဘာသာဖြင့် ရေးသားထားသည့် ပို့စ်တစ်ခုအား Arakan Information Center နှင့် Arakan Think Tank အဖွဲ့တို့က အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုခဲ့ခြင်းဖြစ်ကြောင်း Arakan News က မှတ်ချက်ရေးသားထားသည်။

သို့သော် ရခိုင်ပြည်နယ်တွင် လူငယ်အမျိုးသားနှင့် အမျိုးသမီး မည်မျှကို လူသစ်စုဆောင်းပြီး သင်တန်းပေးနေကြောင်းနှင့် စစ်ဆင်ရေးများ၌ အမှန်တကယ် ပါဝင်နေသည့် တိုက်ခိုက်ရေးသမား မည်မျှရှိကြောင်းတို့ကိုမူ AA က ပြောကြားထားခြင်း မရှိဟု ဆိုသည်။ 

အခြားတစ်ဘက်တွင်မူ လိုင်ဇာ အရာရှိသင်တန်းကျောင်းများမှ အတော်ဆုံး ဗိုလ်လောင်းများကို အဆင့်မြင့်စစ်ပညာများ ဆက်လက် လေ့လာရန်အတွက် တရုတ်နိုင်ငံ၏ စစ်ဘက်ဆိုင်ရာ အကယ်ဒမီများသို့ စေလွှတ် တက်ရောက်စေသည်ဟု ဆိုသည်။ 

AA အဖွဲ့သည် ရခိုင်ပြည်သူများအနေဖြင့် ကွန်ဖက်ဒရိတ်ပြည်နယ်အဖြစ် ပို၍ခိုင်မာသော အာဏာနှင့် ထိုက်တန်သည်ဟူသော ၎င်းတို့၏ နိုင်ငံရေးရည်မှန်းချက်ကို ၂၀၁၉ ခုနှစ် နှစ်လယ်ပိုင်းက ထုတ်ဖော်ပြသခဲ့သည်။ 

လေ့လာသူအချို့က AA သည် ပြည်ထောင်စုမှ ခွဲထွက်ခွင့် သို့မဟုတ် လုံးဝ လွတ်လပ်ရေး ရရှိရန် ကြိုးပမ်းနေခြင်းဖြစ်သည်ဟု ယူဆကြကြောင်း Arakan News က ဖော်ပြသည်။



 

 

Most Read

Most Recent