ဂျာမန်ဖလား ဒုတိယအဆင့်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

ဂျာမန်ဖလား ဒုတိယအဆင့်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်
Photos : AFP, Facebook
Photos : AFP, Facebook
Published 29 October 2019

ဒုစ်ဘတ် နှင့် ဟော်ဖန်ဟင်မ် (မြန်မာစံတော်ချိန် အောက်တိုဘာ ၃၀ ရက် နံနက် ဝဝး၃၀ နာရီ)

ဟော်ဖန်ဟင်မ်က ဂျာမန်ဖလားပွဲတွေမှာ အလေးအနက်ထားပြီး မကစားတာပိုများပါတယ်။ တတိယတန်းကလပ် ဒုစ်ဘတ်နဲ့ပဲ စွန့်စားသင့်တယ်။

ဖရိုင်းဘတ် နှင့် အူန်ယွန်းဘာလင် (မြန်မာစံတော်ချိန် အောက်တိုဘာ ၃၀ ရက် နံနက် ဝဝး၃၀ နာရီ)

မကြာသေးမီက ဘွန်ဒစ်လီဂါတွေ့ဆုံမှုမှာ အူန်ယွန်းဘာလင်က အနိုင်ယူထားခဲ့တယ်။ အခုပွဲမှာတော့ ဖရိုင်းဘတ် ရှုံးကြွေးပြန်ဆပ်လိမ့်မယ်။

ဟမ်းဘတ် နှင့် စတုဂတ် (မြန်မာစံတော်ချိန် အောက်တိုဘာ ၃၀ ရက် နံနက် ဝဝး၃၀ နာရီ)

တစ်ပတ်အတွင်း (၂)ပွဲဆက်တိုက်တွေ့ဆုံတာဖြစ်ပြီး ပူပူနွေးနွေးကစားထားတဲ့ အမှတ်ပေးပွဲမှာ ဟမ်းဘတ်ဂိုးပြတ်နိုင်ခဲ့ တယ်။ အခုပွဲလည်း ဟမ်းဘတ် အနိုင်ယူဦးမှာပါ။

ဘိုဟုမ် နှင့် ဘိုင်ယန်မြူးနစ် (မြန်မာစံတော်ချိန် အောက်တိုဘာ ၃၀ ရက် နံနက် ၁း၃၀ နာရီ)

ဘိုဟုမ်က ဘွန်ဒစ်လီဂါ-၂ ပြိုင်ပွဲမှာ တန်းဆင်းဇုန်အန္တရာယ်ထဲ ကျရောက်နေတဲ့အသင်းပါ။ ဒါပေမဲ့ အဝေးကွင်းမှာ ဘိုင်ယန် (၃)ဂိုးပြတ် မသွင်းလောက်ဘူး။

လေဗာကူဆင် နှင့် ပါဒါဘွန်း (မြန်မာစံတော်ချိန် အောက်တိုဘာ ၃၀ ရက် နံနက် ၂း၁၅ နာရီ)

လေဗာကူဆင်က ပြိုင်ပွဲစုံ(၅)ပွဲဆက်တိုက် နိုင်ပွဲပျောက်ထားပေမယ့် ပြည်တွင်းပွဲတွေမှာတော့ အိမ်ကွင်းခြေစွမ်းမဆိုးပါဘူး။ ပါဒါဘွန်း နိုင်ပွဲပြန်တွေ့ထားပေမယ့် လေဗာကူဆင်ကို ဒုက္ခပေးနိုင်စွမ်းမရှိပါဘူး။ အိမ်ရှင် ဂိုးပြတ်နိုင်ဖို့များတယ်။

အာမီးနီးယား နှင့် ရှော်လ်ကေး (မြန်မာစံတော်ချိန် အောက်တိုဘာ ၃၀ ရက် နံနက် ၂း၁၅ နာရီ)

အာမီးနီးယားအသင်းက ဘွန်ဒစ်လီဂါ-၂မှာ နံပါတ်(၂) နေရာရောက်နေတဲ့အသင်းပါ။ ဒီရာသီအဝေးကွင်းစွမ်းဆောင်ရည်မဆိုးတဲ့ ရှော်လ်ကေးပဲ နိုင်ဖို့များတယ်။

အခြားပွဲစဉ်များ

ဆာဘရက်ကန် - ကိုလုံး  (မြန်မာစံတော်ချိန် အောက်တိုဘာ ၃၀ ရက် နံနက် ဝဝး၃၀ နာရီ)

ဒမ်းစတက်ဒ် - ကာလ်ရူဟာ (မြန်မာစံတော်ချိန် အောက်တိုဘာ ၃၀ ရက် နံနက် ၂း၁၅ နာရီ)

Most Read

Most Recent