ဘာစီလိုနာ၊ တစ်ပွဲပိုကစားထားတဲ့ အက်သလက်တီကိုတို့နဲ့ (၂)မှတ်၊ ရီးယဲလ်မက်ဒရစ်နဲ့ (၁)မှတ်ကွာပြီး အဆင့် (၅)နေရာရောက်နေတဲ့ ဂရန်နာဒါအတွက် ထိပ်ဆုံး နေရာဝင်ယူနိုင်ခွင့် အကောင်းဆုံးဖြစ်နေတယ်။ တန်းတက်အသင်းဆိုပေမယ့် ဂရန်နာဒါရဲ့ မာရေကျောရေနိုင်တဲ့ ကစားဟန်က ပြိုင်ဘက်တွေကို အခက်တွေ့စေခဲ့လို့ ဘာစီလိုနာတောင် ဂရန်နာဒါကွင်းမှာ အရှုံးပေးခဲ့ရတဲ့အထိ ဖြစ်ခဲ့ရတယ်။
ဆယ်လ်တာဗီဂို နှင့် ဆိုစီဒက် ( တနင်္ဂနွေညနေ ၅း၃၀ နာရီ )
ဆိုစီဒက် ထိပ်ဆုံးနေရာမျှော်လင့်ချက်နဲ့ ကစားလာနိုင်တယ်။ ဆယ်လ်တာဗီဂိုကလည်း ဒီရာသီ ကစားပုံမဆိုးလှပေမယ့် ရလဒ်ပိုင်းက ထင်သလောက်ကောင်းမလာသေးဘူး။ အထူးသဖြင့် တိုက်စစ်က အားနည်းလွန်းနေတာတွေ့ရတဲ့အပြင် အိမ်ကွင်းကစားအားကလည်း အရင်လို မာကျောမှုမရဘူးဖြစ်နေတယ်။ ဆိုစီဒက်က အဝေးကွင်းကစားပုံမဆိုးတဲ့အသင်းထဲ ပါတယ်။ ဒီပွဲလည်း ဂိုးနည်းပြီးသရေကျဖို့များတဲ့ပွဲပါပဲ။
ဂရန်နာဒါ နှင့် ဘက်တစ် ( တနင်္ဂနွေည ရး၃၀ နာရီ )
ဘာစီလိုနာ၊ တစ်ပွဲပိုကစားထားတဲ့ အက်သလက်တီကိုတို့နဲ့ (၂)မှတ်၊ ရီးယဲလ်မက်ဒရစ်နဲ့ (၁)မှတ်ကွာပြီး အဆင့် (၅)နေရာရောက်နေတဲ့ ဂရန်နာဒါအတွက် ထိပ်ဆုံး နေရာဝင်ယူနိုင်ခွင့် အကောင်းဆုံးဖြစ်နေတယ်။ တန်းတက်အသင်းဆိုပေမယ့် ဂရန်နာဒါရဲ့ မာရေကျောရေနိုင်တဲ့ ကစားဟန်က ပြိုင်ဘက်တွေကို အခက်တွေ့စေခဲ့လို့ ဘာစီလိုနာတောင် ဂရန်နာဒါကွင်းမှာ အရှုံးပေးခဲ့ရတဲ့အထိ ဖြစ်ခဲ့ရတယ်။ အိမ်ကွင်းမှာ ခံစစ်ပိုင်းကျစ်လျစ်မှုကို အသားပေးထားပေမယ့် တိုက်စစ်ကလည်း ဂိုးရအောင်ကစားနိုင်လေ့ရှိတဲ့ ဂရန်နာဒါရဲ့ကစားအားနဲ့ ကစားပုံက ဒီတစ်ပတ်လည်း ဘက်တစ်ကို ဖိအားပေးနိုင်ဦးမှာသေချာပါတယ်။ ဘက်တစ်ကလည်း အပြောင်းအလဲ တွေကြားမှာ အရင်လိုခြေစွမ်းမျိုးမဟုတ်တော့ဘူး။ အထူးသဖြင့် ခံစစ်ပိုင်းအားနည်းမှုက သိသာလွန်းနေပြီး ဂိုးတွေလွယ်လွယ် ပေးနေရတယ်။ ဒီပုံစံအတိုင်းဆိုရင်တော့ အခုအဝေးကွင်းပွဲမှာလည်း ဘက်တစ် ရုန်းကန်ရဦးမှာပဲ။ နောက်ပြီးဂရန်နာဒါတိုက်စစ်က ဆီဗီလာနဲ့ပွဲကလွဲလို့ ကျန်ပွဲတိုင်း ဂိုးရထားတယ်။ ဂရန်နာဒါကို ရွေးထားရမယ့်ပွဲဖြစ်ပြီး ဂိုးတော့နည်းလိမ့်မယ်။
လီဗန်တေး နှင့် အက်စ်ပန်ညို ( တနင်္ဂနွေည ၉း၃၀ နာရီ )
နည်းပြအပြောင်းအလဲတွေကြားမှာ အက်စ်ပန်ညိုကို အချိန်ပေးရဦးမယ်ထင်တယ်။ ဒီပွဲမတိုင်မီ ယူရိုပါလိဂ်မှာလည်း အဝေးကွင်းပွဲ နွှဲထားရလို့ အက်စ်ပန်ညိုကို သိပ်ပြီးမျှော်လင့်ထားလို့မရသေးဘူးဖြစ်နေတယ်။ လီဗန်တေးကလည်း အိမ်ကွင်းကစားပုံမာကျောပြီး ရှုံးပွဲမရှိသေးလို့ အက်စ်ပန်ညိုအတွက် ခက်ခဲဦးမှာပါ။ လီဗန်တေးနဲ့ ဂိုးအများပဲကြိုက်တယ်။
ဆီဗီလာ နှင့် ဂီတာဖေး ( တနင်္ဂနွေည ၁၂းဝ၀ နာရီ )
နှစ်သင်းစလုံး ယူရိုပါလိဂ်ပွဲအပြီး ကစားကြရမယ့်ပွဲဖြစ်နေတယ်။ ဆီဗီလာအတွက်ကတော့ ဒီပွဲအနိုင်ရအောင်ကစားခဲ့ရင် ထိပ်ဆုံးနေရာအတွက်ပါ မျှော်လင့်ချက်ရှိနေလို့ အိမ်ကွင်းမှာ အားထုတ်မှုပိုကောင်းနေနိုင်တယ်။ တိုက်စစ်မှာ နိုလီတို ပြန်ကစားနိုင်တာ၊ လုခ်ဒီယွန်းရဲ့သွင်းဂိုး စမြင်လာရတာကလည်း ဆီဗီလာတိုက်စစ်အတွက် အားတက်စရာလိုဖြစ်နေတယ်။ ဆီဗီလာရဲ့ အိမ်ကွင်းခံစစ်ကစားပုံကလည်း ပြောစရာသိပ်မရှိလှလို့ တိုက်စစ်ကသာ ဂိုးရအောင်ကစားနိုင်ပြီဆိုရင် ဆီဗီလာကို အများကြီး မျှော်လင့်ထားလို့ရနေတယ်။ ဂီတာဖေးကလည်း အဝေးကွင်းစွမ်းဆောင်ရည် အကောင်းကြီးမဟုတ်လှပေမယ့် ထိန်းကစားနိုင်စွမ်းရှိတဲ့ အသင်းမျိုးလို့တော့ ပြောနိုင်တယ်။ ဒါပေမဲ့ ယူရိုပါလိဂ်ကစားထားရတာရယ်၊ အသင်းမှာ ဒဏ်ရာပြဿနာရှိနေတာတွေရယ်ကြောင့် ဂီတာဖေးရဲ့ အသင်းလိုက်ကြံ့ခိုင်မှုအပိုင်းကို သိပ်ပြီးအကောင်းမြင်လို့မရဘူး။ အိမ်ကွင်းလည်းဖြစ်လို့ ဆီဗီလာနဲ့ ဂိုးအနည်းကိုပဲ ကြိုက်နေမိတယ်။
အိုဆာဆူနာ နှင့် ဗလင်စီယာ ( တနင်္လာနံနက် ၂း၃၀ နာရီ )
အိုဆာဆူနာ အိမ်ကွင်းကစားပုံမဆိုးဘူး။ အသင်းလိုက်က စားအားကောင်းကောင်းနဲ့ ကစားတတ်လို့ အိုဆာဆူနာကွင်းမှာ ပြိုင်ဘက်တွေ အနိုင်ရဖို့ခက်လေ့ရှိတယ်။ ဗလင်စီယာကလည်း ချန်ပီယံလိဂ်ပွဲကစားထားရတဲ့အပြင် ဒီရာသီ လာလီဂါအဝေး ကွင်းကစားပုံကလည်း အားရစရာသိပ်မရှိလှဘူး။ အထူးသဖြင့် တိုက်စစ်က ဂိုးရဖို့ရုန်းကန်နေရသေးပြီး ခံစစ်ကိုပဲ အားပြုကစား နေရသေးတဲ့ပုံပေါ်နေတယ်။ ဗလင်စီယာရဲ့လက်ရှိခြေစွမ်းနဲ့တော့ အိုဆာဆူနာကို ဖိအားပေးနိုင်ဖို့ သိပ်မလွယ်လှဘူး။ အိမ်ရှင် အိုဆာဆူနာနဲ့ ဂိုးအနည်းပဲ ရွေးထားချင်တယ်။