သံတွဲလေဆိပ်ကို အပြည်ပြည်ဆိုင်ရာလေဆိပ်အဖြစ် အဆင့်မြှင့်တင်ရန်နှင့် ကျိုင်းတုံ၊ ကလေး၊ မုံရွာ၊ လားရှိုး၊ လွိုင်ကော်နှင့် ထားဝယ်လေဆိပ်တို့တွင် တည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်ရန် အိတ်ဖွင့်တင်ဒါ်ခေါ်ယူ

သံတွဲလေဆိပ်ကို အပြည်ပြည်ဆိုင်ရာလေဆိပ်အဖြစ် အဆင့်မြှင့်တင်ရန်နှင့် ကျိုင်းတုံ၊ ကလေး၊ မုံရွာ၊ လားရှိုး၊ လွိုင်ကော်နှင့် ထားဝယ်လေဆိပ်တို့တွင် တည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်ရန် အိတ်ဖွင့်တင်ဒါ်ခေါ်ယူ
Published 19 October 2019
စည်သူအောင်

သံတွဲလေဆိပ်ကို အပြည်ပြည်ဆိုင်ရာ လေဆိပ်အဖြစ် အဆင့်မြှင့်တင်ရန်နှင့် ကျိုင်းတုံ၊ ကလေး၊ မုံရွာ၊ လားရှိုး၊ လွိုင်ကော်နှင့် ထားဝယ်လေဆိပ်တို့တွင် တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် အိတ် ဖွင့်တင်ဒါ်ခေါ်ယူထားကြောင်း သိရသည်။

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း ငွေလုံးငွေရင်း အသုံးစရိတ်ခွင့်ပြုငွေ (မြန်မာကျပ်ငွေ) များဖြင့် တည်ဆောက်ရေး လုပ်ငန်း များကို အိတ်ဖွင့်တင်ဒါများပေးရန် ဖိတ်ခေါ်ခဲ့ခြင်းဖြစ်သည်။

အိတ်ဖွင့်တင်ဒါခေါ်ယူခဲ့သည့် တည်ဆောက်ရေးလုပ်ငန်းများမှာ လေကြောင်း ဦးစီး၊ ဝန်ထမ်းအိမ်ရာ ရန်ကုန်မြို့၊ (၁၄၀*၅၀* ၄၂) ပေ ခြောက်ခန်းတွဲ လေးထပ်၊ သံကူကွန်ကရစ် အဆောက်အအုံတစ်လုံး တည်ဆောက်ခြင်း (Apron၊ Drain၊ ရေ၊ မီး၊ မိလ္လာအပါအဝင်)၊ လေကြောင်းပညာသိပ္ပံ (၁၁၀*၄၂*၂၅) ပေ နှစ်ထပ်ခွဲ Theatre RC စာသင်ဆောင် အသစ်တည်ဆောက်ခြင်း (ကြမ်းခင်း ကြွေပြားကပ်ခြင်း၊ (Apron၊ Drain၊ ရေ၊ မီး၊ မိလ္လာအပါအဝင်)၊ ကျိုင်းတုံလေဆိပ်လက်ရှိ  အဆောက်အအုံ (၁၂၀*၆၀) ပေကို (၁၂၀*၄၀) ပေနှင့် Portico သံကူကွန်ကရစ် တစ်ထပ်အဆောက်အအုံတိုးချဲ့ခြင်း၊ တောင်ကုန်း ဂဝံမြေဖြတ်ထုတ်ခြင်းလုပ်ငန်း၊ ကလေးလေ ဆိပ် အဆောက်အအုံ (၁၂၀*၆၀) ပေကို (၁၂၀*၁၂၀) ပေ ရရှိသည်အထိ တိုးချဲ့ခြင်း နှင့် လက်ရှိ လေဆိပ်အဆောက်အအုံအား ပြုပြင်ခြင်းလုပ်ငန်း၊ မုံရွာလေဆိပ်လေယာဉ်ပြေးလမ်း ကတ္တရာ ရေပိတ်လွှာနှစ်ထပ်လောင်းခြင်း (၃၇၅၇၅၀ စတုရန်းပေ) လုပ်ငန်းတို့ ဖြစ်သည်။

ထို့ပြင် လာရှိုးလေဆိပ် လေယာဉ်ပြေး လမ်း ကတ္တရာ ရေပိတ်လွှာ နှစ်ထပ်လောင်း ခြင်း (စတုရန်းပေ ၄၀၀၀၀၀)၊ လွိုင်ကော်လေဆိပ် လက်ရှိလေဆိပ်အဆောက်အအုံ (၁၅၀ _၅၀) ပေ ရေဆေးသုံးထပ် ပြန်လည်သုတ်ခြင်း၊ မျက်နှာကြက်အဟောင်း ဖျက်သိမ်းပြီး မျက်နှာကြက်အသစ် (စတုရန်းပေ ၇၅၀၀) ပြန်လည်တပ်ဆင်ခြင်းနှင့် ဆေးသုတ်ခြင်း၊ လွိုင်ကော်လေဆိပ် Airside Portico (၁၅၀*၁၅*၁၂) ပေနှင့် Landside Portico (၈၀_ ၁၅_၁၂)  ပေ အသစ်တည်ဆောက်ခြင်း၊ လွိုင်ကော်လေဆိပ် လေယာဉ်ပြေးလမ်း အပြင်ခြံ စည်းရိုး ၈၀၀၀ ပေကို (၅”*၅”) သံကူကွန်က ရစ်တိုင်ဖြင့် ရှစ်ပေခြားကာရံ၍ ဒေါက်တိုင် များကို ၂၄ ပေခြားထောက်ပေးပြီး အောက်ခံ အုတ်မြစ် (၁ ဒသမ ၅*၁ ဒသမ ၅*၂) ပေဖြင့် ချိန်းလင့်ငါးပေအမြင့်ကာရံခြင်း၊ သစ်ပင်ကြီး အပင် ၃၀ ခုတ်ထွင်ရှင်းလင်းခြင်းလုပ်ငန်း၊ ထားဝယ်လေဆိပ် မြေထိန်းနံရံ အလျားပေ ၂၅၀ အမြင့် ပေ ၅၀ တည်ဆောက်ခြင်း၊ သံတွဲလေဆိပ်အား အပြည်ပြည်ဆိုင်ရာ လေဆိပ်အဖြစ် အဆင့်မြှင့်တင်နိုင်ရေးအတွက် လက်ရှိ လေယာဉ်ပြေးလမ်း အလျားပေ ၈၅၀၀၊ အကျယ် ပေ ၁၀၀ အား အကျယ် ပေ ၁၅၀ ရရှိရန် တိုးချဲ့ခြင်းနှင့် တိုးချဲ့ပြီး လေယာဉ်ပြေးလမ်း (၈၅၀၀_၁၅၀) ပေအား နှစ်လက်မထုနိုင်လွန် ကတ္တရာထပ်ပိုးလွှာတင်ခြင်းတို့ ဆောင်ရွက်ရန် အိတ်ဖွင့်တင်ဒါခေါ်ယူထားသည်။

အိတ်ဖွင့်တင်ဒါစည်းကမ်းနှင့် လျှောက်လွှာပုံစံများကို အောက်တိုဘာ ၁၇ ရက်မှစ၍ ရုံးချိန်အတွင်း ရောင်းချမည်ဖြစ်ပြီး အောက်တိုဘာ ၂၅ ရက်တွင် တင်ဒါအရောင်းပိတ်ကာ နိုဝင်ဘာ ၁၄ ရက် ညနေ ၄ နာရီအတွင်း တင်ဒါများ နောက်ဆုံးထားပြန်လည်တင်သွင်းရ မည်ဖြစ်ကြောင်း သိရသည်။ 

Most Read

Most Recent