အမေရိကန်တွင် လာလီဂါပွဲကစားမည်ကို စပိန်ဘောလုံးအဖွဲ့ချုပ် ဆန့်ကျင်ဦးမည်

အမေရိကန်တွင် လာလီဂါပွဲကစားမည်ကို စပိန်ဘောလုံးအဖွဲ့ချုပ် ဆန့်ကျင်ဦးမည်
Photos: Getty Images & Marca
Photos: Getty Images & Marca
Published 18 October 2019

စပိန်ဘောလုံးအဖွဲ့ချုပ် (RFEF) သည် ဗီလာရီးယဲလ် - အက်သလက်တီကိုပွဲကို အမေရိကန်နိုင်ငံ၊ မိုင်ယာမီတွင် ယှဉ်ပြိုင်ကစားရန် စီစဉ်နေခြင်းအား ဆန့်ကျင်သွားဦးမည်ဖြစ်ကြောင်း သိရှိရသည်။ 

စပိန်ဘောလုံးအဖွဲ့ချုပ် (RFEF) သည် ဗီလာရီးယဲလ် - အက်သလက်တီကိုပွဲကို အမေရိကန်နိုင်ငံ၊ မိုင်ယာမီတွင် ယှဉ်ပြိုင်ကစားရန် စီစဉ်နေခြင်းအား ဆန့်ကျင်သွားဦးမည်ဖြစ်ကြောင်း သိရှိရသည်။ 

လာလီဂါအဖွဲ့ချုပ်သည် အမေရိကန်မီဒီယာကုမ္ပဏီ Relevant နှင့် ချုပ်ဆိုထားသည့်စာချုပ်အရ အမေရိကန်၌ တစ်ရာသီလျှင် လာလီဂါတစ်ပွဲနှုန်း ယှဉ်ပြိုင်သွားရန် စီစဉ်နေခြင်းဖြစ်ပြီး ပြီးခဲ့သည့်ရာသီကလည်း ဟီရိုနာ - ဘာစီလိုနာပွဲကို မိုင်ယာမီတွင် ယှဉ်ပြိုင်ကစားရန် စီစဉ်ခဲ့ဖူးသည်။ 

ယခုအခါ ဒီဇင်ဘာလအတွင်း ယှဉ်ပြိုင်ရမည့် လာလီဂါပွဲစဉ်(၁၆)မှ ဗီလာရီးယဲလ်-အက်သလက်တီကိုပွဲကို မိုင်ယာမီတွင် ယှဉ်ပြိုင်သွားရန် ကလပ်အသင်းနှစ်သင်းနှင့် သဘောတူညီမှုရရှိပြီဖြစ်ကြောင်း ကြေညာခဲ့၍ RFEF ဥက္ကဋ္ဌ ရူဘီယာလက်စ်က ဆန့်ကျင်ကန့်ကွက်သွားဦးမည်ဟု ဆိုခဲ့ခြင်းဖြစ်သည်။ 

ရူဘီယာလက်စ်က "ဒါဟာ ပြိုင်ပွဲကို ဖျက်ဆီးတာပါပဲ။ ဒီပွဲအတွက် RFEF အပါအဝင် အဖွဲ့ချုပ်(၅)ခုရဲ့ ခွင့်ပြုချက်လိုအပ်ပါတယ်။ ကျွန်တော်တို့ တားဆီးသွားဦးမှာပါ"ဟု ပြောကြားခဲ့သည်။

လာလီဂါပြိုင်ပွဲတာဝန်ရှိသူများသည် လာလီဂါပြိုင်ပွဲကို ပရိသတ်များစိတ်ဝင်စားမှု ပိုမိုရရှိစေရန်နှင့် ကလပ်အသင်းများ ဝင်ငွေပိုမိုရရှိစေရန် အမေရိကန်မီဒီယာကုမ္ပဏီ Relevant နှင့် (၁၅)နှစ်စာချုပ်ချုပ်ဆိုကာ လာလီဂါပွဲစဉ်များကို အမေရိကန်နိုင်ငံတွင် တစ်ရာသီလျှင် တစ်ပွဲနှုန်း ကစားရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။

 

Most Read

Most Recent