ယခုရာသီ ချန်ပီယံလိဂ်ဗိုလ်လုပွဲကျင်းပခွင့် အစ္စတန်ဘူလ် ဆုံးရှုံးဖွယ်ရှိ

ယခုရာသီ ချန်ပီယံလိဂ်ဗိုလ်လုပွဲကျင်းပခွင့် အစ္စတန်ဘူလ် ဆုံးရှုံးဖွယ်ရှိ
Photos: Getty Images
Photos: Getty Images
Published 16 October 2019

ယခုတစ်ပတ်အတွင်း ကစားခဲ့သည့် ယူရို-၂၀၂၀ ခြေစစ်ပွဲစဉ်များတွင် တူရကီကစားသမားများသည် ဂိုးသွင်းပြီးနောက် စစ်သားများအလေးပြုသည့်ပုံစံဖြင့် အောင်ပွဲခံခဲ့ကြပြီး ယင်းမှာ တူရကီစစ်တပ်ကို ထောက်ခံကြောင်း ပြသခဲ့ခြင်းလည်း ဖြစ်သည်။ 

 

ဥရောပဘောလုံးအဖွဲ့ချုပ် (UEFA) သည် ယခုရာသီ ချန်ပီယံလိဂ်ဗိုလ်လုပွဲကို တူရကီနိုင်ငံ၊ အစ္စတန်ဘူလ်မြို့တွင် ကျင်းပရန်စီစဉ်ထားခြင်းကို ပြန်လည်ရုပ်သိမ်းသွားဖွယ် ရှိနေကြောင်း သိရသည်။ 

ယခုတစ်ပတ်အတွင်း ကစားခဲ့သည့် ယူရို-၂၀၂၀ ခြေစစ်ပွဲစဉ်များတွင် တူရကီကစားသမားများသည် ဂိုးသွင်းပြီးနောက် စစ်သားများအလေးပြုသည့်ပုံစံဖြင့် အောင်ပွဲခံခဲ့ကြပြီး ယင်းမှာ တူရကီစစ်တပ်ကို ထောက်ခံကြောင်း ပြသခဲ့ခြင်းလည်း ဖြစ်သည်။ 

ယင်းဖြစ်ရပ်များ နှင့်ပတ်သက်ပြီး UEFA က တူရကီဘောလုံးအဖွဲ့ချုပ်ကို စွဲချက်တင်ထားပြီး စုံစမ်းစစ်ဆေးမှုများပြုလုပ်နေကြောင်းလည်း သိရသည်။ ယခုအခါ အီတလီအားကစားဝန်ကြီး ဆပါဒါဖိုရာက UEFA အနေဖြင့် ယခုရာသီ ချန်ပီယံလိဂ်ဗိုလ်လုပွဲကို အစ္စတန်ဘူလ်မြို့ရှိ အတာတပ်ခ်ကွင်း၌ ကျင်းပရန် စီစဉ်ထားခြင်းကို ပြန်လည်စဉ်းစားပေးရန်တောင်းဆိုခဲ့သည်။ 

UEFA  ကလည်း အစ္စတန်ဘူလ်တွင် ချန်ပီယံလိဂ် ဗိုလ်လုပွဲကျင်းပရန်စီစဉ်ထားမှုကို ပြန်သုံးသပ်မည်ဟု ထုတ်ပြန်ထားသည်။

 

Most Read

Most Recent