ကစားသမားများအား လစာပေးချေမှုအမြင့်ဆုံးအဖြစ် မန်ယူအသင်း ရပ်တည်နေ

ကစားသမားများအား လစာပေးချေမှုအမြင့်ဆုံးအဖြစ် မန်ယူအသင်း ရပ်တည်နေ
Published 15 October 2019

မန်ယူအသင်းအနေဖြင့် ဆုဖလားအောင်မြင်မှုရရှိရန် ရုန်းကန်နေရသော်လည်း ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ကစားသမားများ အတွက် လစာပေးချေမှုအမြင့်ဆုံးအသင်းအဖြစ် ရပ်တည်လျက်ရှိကြောင်း သိရသည်။

ယင်းစစ်တမ်းကို ဆွစ်ဇာလန်အခြေစိုက် ဘောလုံးစီးပွားရေးဆိုင်ရာ အချက်အလက် များ ထုတ်ပြန်ပေးသည့် Swiss Ramble ဘလော့က ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ယခုနှစ်အတွက် မန်ယူအသင်း၏ လစာပေးချေမှု အသုံးစရိတ်မှာ ပေါင် ၃၃၂ သန်းရှိကြောင်း သိရသည်။

ယခုနှစ်အတွက် မန်ယူတစ်သင်း တည်းသာ ထုတ်ပြန်ထားပြီး အခြားကလပ်များ၏အသုံးစရိတ်ကို မသိရသေးသော်လည်း ယခင်အချက်အလက်များနှင့်နှိုင်းယှဉ်ပါက ထိပ်ဆုံးနေရာ၌သာ ဆက်လက်ရပ်တည်နိုင် ကြောင်း ခန့်မှန်းထားသည်။

မန်ယူအသင်းသည် ဂန္ထဝင်နည်းပြ ဆာအဲလက်စ်ဖာဂူဆန် အနားယူသွားပြီးနောက်ပိုင်း အောင်မြင်မှု ကြီးကြီးမားမားမရသော်လည်း လစာပေးချေမှုစာရင်းတွင်မူ အခြားပြိုင်ဘက်များကိုကျော် ၍ ထိပ်ဆုံးနေရာသို့ ရောက်ရှိလာခြင်းဖြစ်သည်။

၂၀၁၄ ခုနှစ်တွင် ပေါင် ၂၁၅ သန်းဖြင့် ထိပ်ဆုံးသို့ စတင်ရောက်ရှိလာပြီး ၂၀၁၅ ခုနှစ်တွင် ပေါင် ၂၀၃ သန်းဖြင့် ချယ်လ်ဆီး အသင်း၏နောက်သို့ ရောက်သွားသော်လည်း ၂၀၁၆ ခုနှစ်တွင် ပေါင် ၂၃၂ သန်း၊ ၂၀၁၇ ခုနှစ်တွင် ပေါင် ၂၆၄ သန်း၊ ၂၀၁၈ ခုနှစ်တွင် ပေါင် ၂၉၆ သန်းဖြင့် သုံးနှစ်ဆက်တိုက် ထိပ် ဆုံးမှ ဦးဆောင်နိုင်ခဲ့ကြောင်း သိရသည်။

မန်ယူအသင်း၏ လစာအသုံးစရိတ်မှာ ၂၀၁၆ ခုနှစ်နောက်ပိုင်း နောက်ဆုံးသုံးနှစ်အတွင်း ပေါင်သန်း ၁၀၀ (၄၃ ရာခိုင်နှုန်း) အထိ မြင့် တက်လာခြင်းဖြစ်သည်။

ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်ထက် ပေါင် ၃၆ သန်းမြင့်တက်လာခြင်းမှာ မကြာသေးမီက ဂိုးသမား ဒီဟေးယားကို တစ်ပတ်လစာ ပေါင် ၃၇၅ç၀၀၀ ဖြင့် စာချုပ်သစ်ချုပ်ဆိုခဲ့ခြင်း၊ ကွင်းလယ်လူ ပေါ့ဘာကို တစ်ပတ်လစာ ပေါင် ၂၉၀ç၀၀၀ ပေးချေနေရခြင်း စသည့်အချက် များကြောင့်ဖြစ်ပြီး ဆန်းချက်ဇ်ကို အငှားချခဲ့ သော်လည်း အင်တာမီလန်အသင်းက တစ် နှစ်လျှင် ပေါင် ၄ ဒသမ ၅ သန်းသာ ပေးချေ မည်ဖြစ်သောကြောင့် ပေါင် ၁၆ ဒသမ ၅ သန်း စိုက်ထုတ်ပေးချေရမည်ဖြစ်သည်။

Most Read

Most Recent