မန်ယူအသင်းအနေဖြင့် ပရီးမီးယားလိဂ်တွင် အဆင့် (၆)အတွင်းပင် ဝင်မည်မထင်ကြောင်း မိုက်ကယ်အိုဝင် ပြောကြား

မန်ယူအသင်းအနေဖြင့် ပရီးမီးယားလိဂ်တွင် အဆင့် (၆)အတွင်းပင် ဝင်မည်မထင်ကြောင်း မိုက်ကယ်အိုဝင် ပြောကြား
Photos: BT Sport & PA
Photos: BT Sport & PA
Published 4 October 2019

လီဗာပူးလ်နှင့် မန်ယူအသင်းတိုက်စစ်မှူးဟောင်း မိုက်ကယ်အိုဝင်က မန်ယူအသင်းအနေဖြင့် ယခုရာသီ ပရီးမီးယားလိဂ်တွင် အဆင့်(၆)အတွင်းပင် ဝင်မည်မထင်ကြောင်း ပြောကြားခဲ့သည်။ 

လီဗာပူးလ်နှင့် မန်ယူအသင်းတိုက်စစ်မှူးဟောင်း မိုက်ကယ်အိုဝင်က မန်ယူအသင်းအနေဖြင့် ယခုရာသီ ပရီးမီးယားလိဂ်တွင် အဆင့်(၆)အတွင်းပင် ဝင်မည်မထင်ကြောင်း ပြောကြားခဲ့သည်။ 

BT Sport တွင် ဘောလုံးဝေဖန်သူအဖြစ် လုပ်ကိုင်နေသည့် မိုက်ကယ်အိုဝင်က မန်ယူအသင်းမှာ ထိပ်တန်းအသင်းမဟုတ်တော့ဘဲ အလယ်အလတ်အသင်း အဆင့်တွင်သာ ရှိသည်ဟုလည်း ယူရိုပါလိဂ်ပွဲစဉ် အယ်လ်ခမာ(၀-၀)မန်ယူပွဲအပြီးတွင် သုံးသပ်ခဲ့သည်။ 

မန်ယူအသင်းသည် ပရီးမီးယားလိဂ်ပွဲစဉ် (၇)အပြီးတွင် ရမှတ် (၉)မှတ်ဖြင့် အဆင့် (၁၀)နေရာတွင် ရပ်တည်နေပြီး အမှတ်ပေးဇယားထိပ်ဆုံးမှ လီဗာပူးလ် (၂၁ မှတ်)နှင့် (၁၂)မှတ်အထိ ကွာဟနေသလို၊ အယ်လ်ခမာနှင့် ဂိုးမရှိသရေကျခဲ့သည့်ပွဲစဉ်တွင်လည်း ဂိုးပေါက်ခြိမ်းခြောက်မှုပင် မရှိခဲ့ကြောင်း သိရသည်။

မိုက်ကယ်အိုဝင်က "ကျွန်တော်ကတော့ မန်ယူအသင်းဟာ ပရီးမီးယားလိဂ်မှာ အလယ်အလတ်အသင်းလောက်ပဲ ရှိတော့တယ်လို့ ပြောချင်ပါတယ်။ ကျွန်တော့်အမြင်ကိုပြောရရင် မန်ယူအသင်းအနေနဲ့  ဒီရာသီမှာ အဆင့် (၆)အတွင်းတောင် ဝင်မယ်လို့တောင် မထင်ပါဘူး။ ဒါပေမဲ့ အဆင့် (၁၀) အတွင်းတော့ ဝင်နိုင်ပါတယ်။ အခုအသင်းက နောက်ဆုံးဆယ်စုနှစ်အတွင်းမှာ အဆိုးရွားဆုံးမန်ယူအသင်းပါ။ ဆိုးလ်ရှားကလည်း အသင်းရဲ့ အားနည်းချက်တွေကို သိမယ်လို့ ထင်ပါတယ်။ လူကာကူ၊ ဆန်းချက်ဇ်၊ ဟာရဲရား၊ စမောလင်းတို့နဲ့ အသင်းကို တိုးတက်အောင် တည်ဆောက်လို့ရတယ်ဆိုတာကို ဆိုးလ်ရှား သိပါတယ်။ ဒါပေမဲ့ ဆိုးလ်ရှားက ရှေ့တိုးဖို့အတွက် နောက်ဆုတ်လိုက်တယ်လို့ ကျွန်တော် ထင်တယ်။ ဒါပေမဲ့ ဆိုးလ်ရှားရဲ့ အတွေးအခေါ်က အသင်းအတွက် အလုပ်မဖြစ်ခဲ့ဘူးလို့ ထင်ပါတယ်"ဟု ပြောကြားခဲ့သည်။ 

မန်ယူအသင်းသည် ပြီးခဲ့သည့်နွေရာသီအပြောင်းအရွှေ့ကာလတွင် ဟာရဲရားကို ပြောင်းရွှေ့အလွတ်ဖြင့် လက်လွှတ်ခဲ့ပြီး လူကာကူကိုလည်း အင်တာမီလန်အသင်းသို့ ရောင်းချခဲ့ကာ ဆန်းချက်ဇ်နှင့် စမောလင်းတို့ကိုမူ အငှားချခဲ့သည်။ 

မန်ယူအသင်းသည် ယခုရာသီတွင် တိုက်စစ်ပိုင်းအားနည်းမှုပြဿနာနှင့်ကြုံတွေ့နေရပြီး ပရီးမီးယားလိဂ်ပွဲစဉ် (၇)အပြီးတွင် (၉) ဂိုးသာ သွင်းယူထားနိုင်ခဲ့သည်။ 

 

Most Read

Most Recent