ဆုဖလားများ ရယူလိုပါက စပါးအသင်းကို စွန့်ခွာသင့်ပြီဟု ဟာရီကိန်းအား မန်ယူအသင်းနောက်ခံလူဟောင်း ရီယိုဖာဒီနန်တိုက်တွန်း

ဆုဖလားများ ရယူလိုပါက စပါးအသင်းကို စွန့်ခွာသင့်ပြီဟု ဟာရီကိန်းအား မန်ယူအသင်းနောက်ခံလူဟောင်း ရီယိုဖာဒီနန်တိုက်တွန်း
Photos: Getty Images
Photos: Getty Images
Published 2 October 2019

ဖာဒီနန်သည် လိဒ်စ်အသင်းတွင် (၂)နှစ်ကြာကစားပြီးနောက် ၂၀၀၂ခု နှစ်တွင် မန်ယူအသင်းသို့ ဗြိတိန်စံချိန်တင်ပြောင်းရွှေ့ကြေးဖြင့် ပြောင်းရွှေ့ ခဲ့သူဖြစ်သည်။ သူ့အနေဖြင့်လိဒ်စ်အသင်းတွင် မည်သည့်ဆုဖလားမှမရရှိ ခဲ့သော်လည်း မန်ယူအသင်းတွင် ပရီးမီးယားလိဂ်ဖလား (၆)လုံး၊ ချန်ပီယံလိဂ်ဖလား(၁)လုံး၊ ဖီဖာကလပ်ကမ္ဘာ့ဖလား (၁)လုံးနှင့် လိဂ်ဖလား(၂)လုံး ရယူနိုင်ခဲ့သည်။ 

 

မန်ယူအသင်း၏ နောက်ခံလူဟောင်းတစ်ဦးဖြစ်သူ ရီယိုဖာဒီနန်က စပါးတိုက်စစ်မှူး ဟာရီကိန်းအနေဖြင့် ဆုဖလားများ ရယူလိုပါက လက်ရှိက လပ်စပါးအသင်းကို စွန့်ခွာသင့်နေပြီဟု မှတ်ချက်ပြုပြောကြားခဲ့သည်။

မနေ့က ကစားခဲ့သောချန်ပီယံလိဂ် အုပ်စုဒုတိယပွဲစဉ် စပါး (၂-၇) ဘိုင်ယန်မြူးနစ်ပွဲမတိုင်မီ BT Sport ရုပ်သံတွင် ယင်းပွဲနှင့်ပတ်သက်၍ ပွဲကြိုဝေဖန်သုံးသပ်ရာ၌ ဖာဒီနန်က ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ ဖာဒီနန်က သူ၏ကစားသမားဘဝတွင် ပြုလုပ်ခဲ့သော ဆုံးဖြတ်ချက်နှင့် နှိုင်းယှဉ်၍ ဟာရီကိန်းကို အကြံပြုတိုက်တွန်းခဲ့ခြင်းလည်းဖြစ်သည်။ 

ဖာဒီနန်သည် လိဒ်စ်အသင်းတွင် (၂)နှစ်ကြာကစားပြီးနောက် ၂၀၀၂ခု နှစ်တွင် မန်ယူအသင်းသို့ ဗြိတိန်စံချိန်တင်ပြောင်းရွှေ့ကြေးဖြင့် ပြောင်းရွှေ့ ခဲ့သူဖြစ်သည်။ သူ့အနေဖြင့်လိဒ်စ်အသင်းတွင် မည်သည့်ဆုဖလားမှမရရှိ ခဲ့သော်လည်း မန်ယူအသင်းတွင် ပရီးမီးယားလိဂ်ဖလား (၆)လုံး၊ ချန်ပီယံလိဂ်ဖလား(၁)လုံး၊ ဖီဖာကလပ်ကမ္ဘာ့ဖလား (၁)လုံးနှင့် လိဂ်ဖလား(၂)လုံး ရယူနိုင်ခဲ့သည်။ 

ဖာဒီနန်က "ကစားသမားတစ်ဦးဟာ အသင်းတစ်သင်းမှာပဲ သစ္စာရှှိရှိကစားသူ အဖြစ်ခံမလား။ ကိုယ့်ရဲ့ကစားသမားဘဝမှာ ဆုဖလားတွေ ရယူဖို့ ကြိုးစားမလားဆိုတာ စဉ်းစားရပါမယ်။ စပါးအသင်းဟာ ဆုဖလားတွေ အများကြီးရနိုင်မယ့်အသင်းလား။ ကျွန်တော်ကတော့ မထင်ပါဘူး။ ကျွန်တော်နဲ့လိဒ်စ်အသင်းက ဥပမာတစ်ခုပါ။ အဲဒီအချိန်တုန်းကလိဒ်စ်အသင်းဟာ ချန်ပီယံလိဂ်မှာဆီမီးဖိုင်နယ်အထိရောက်ခဲ့ပြီး အမှတ်ပေးဖလား ကိုချိန်ရွယ်နိုင်ခဲ့ပေမယ့် ကျွန်တော်ကတော့ အခွင့်အရေးပိုရှိမယ့်အသင်းကိုပဲ ရွေးချယ်ခဲ့ပါတယ်"ဟု ပြောကြားခဲ့သည်။

 

Most Read

Most Recent