နည်းပြ ဂျမ်ပေါ်လိုအား ရာထူးမှထုတ်ပယ်ကာ အသင်းနည်းပြဟောင်းတစ်ဦးဖြစ်သူအယ်လီဂရီကို အစားထိုးခန့်အပ်ရန် အေစီမီလန်အသင်း စီစဉ်နေ

နည်းပြ ဂျမ်ပေါ်လိုအား ရာထူးမှထုတ်ပယ်ကာ အသင်းနည်းပြဟောင်းတစ်ဦးဖြစ်သူအယ်လီဂရီကို အစားထိုးခန့်အပ်ရန် အေစီမီလန်အသင်း စီစဉ်နေ
Photos: Getty Images
Photos: Getty Images
Published 2 October 2019

အေစီမီလန်အသင်းသည် စီးရီးအေပွဲစဉ် (၆) အပြီးတွင် (၂)ပွဲသာနိုင်ပြီး (၄)ပွဲအထိ ရှုံးနိမ့်ခဲ့ကာ ရမှတ်(၆)မှတ်ဖြင့် အဆင့် (၁၆)နေရာတွင် ရပ်တည်နေသည်။ ယင်းမှာ အေစီမီလန်အသင်းအတွက် ၁၉၃၈-၃၉ ရာသီနောက်ပိုင်း နှစ်ပေါင်း (၈၁)နှစ်အတွင်း အဆိုးရွားဆုံးရာသီအစရလဒ်ဖြစ်ခဲ့ပြီး အသင်းနည်းပြ ဂျမ်ပေါ်လို၏ အနာဂတ်မှာလည်း လှုပ်ခတ်လာခဲ့သည်။

 

အေစီမီလန်အသင်းသည် ယခုရာသီတွင် ရလဒ်များဆိုးရွားနေခြင်းကြောင့် နည်းပြ ဂျမ်ပေါ်လိုအား ရာထူးမှထုတ်ပယ်ကာ အသင်းနည်းပြဟောင်း အယ်လီဂရီကို အစားထိုးခန့်အပ်ရန်စီစဉ် နေကြောင်း သိရသည်။ 

အေစီမီလန်အသင်းသည် စီးရီးအေပွဲစဉ် (၆) အပြီးတွင် (၂)ပွဲသာနိုင်ပြီး (၄)ပွဲအထိ ရှုံးနိမ့်ခဲ့ကာ ရမှတ်(၆)မှတ်ဖြင့် အဆင့် (၁၆)နေရာတွင် ရပ်တည်နေသည်။ ယင်းမှာ အေစီမီလန်အသင်းအတွက် ၁၉၃၈-၃၉ ရာသီနောက်ပိုင်း နှစ်ပေါင်း (၈၁)နှစ်အတွင်း အဆိုးရွားဆုံးရာသီအစရလဒ်ဖြစ်ခဲ့ပြီး အသင်းနည်းပြ ဂျမ်ပေါ်လို၏ အနာဂတ်မှာလည်း လှုပ်ခတ်လာခဲ့သည်။

အေစီမီလန်အသင်းတာဝန်ရှိသူများသည် ဂျမ်ပေါ်လိုနေရာတွင် အသင်းနည်းပြဟောင်း အယ်လီဂရီကို အစားထိုးခန့်အပ်ရန် သဘောတူခဲ့ကြပြီး ၎င်းထံဆက်သွယ်မှုများပြုလုပ်ခဲ့ ကြောင်း အီတလီမီဒီယာများက ဖော်ပြခဲ့ကြသည်။ 

အသက် (၅၂)နှစ်အရွယ်ရှိ အီတလီလူမျိုးနည်းပြ အယ်လီဂရီသည် ပြီးခဲ့သည့် ၂၀၁၈-၁၉ ရာသီကုန်တွင် ဂျူဗင်တပ်စ်အသင်းနှင့်လမ်းခွဲပြီးနောက် အနားယူနေသူဖြစ်ပြီး ၎င်းကိုခေါ်ယူရန် ပရီးမီးယားလိဂ်ထိပ်သီးအသင်း များဖြစ်သည့် မန်ယူနှင့် စပါးအသင်းတို့ကလည်း စိတ်ဝင်စားနေကြကြောင်း သိရသည်။  အယ်လီဂရီသည် အေစီမီလန်အသင်းကို ၂၀၁၀ ခုနှစ်မှ ၂၀၁၄ ခုနှစ်အထိ ကိုင်တွယ်ခဲ့ပြီး ၂၀၁၀-၁၁ ရာသီတွင် စီးရီးအေ ချန်ပီယံဆု ရယူပေးခဲ့သည်။

အယ်လီဂရီ၏ နည်းပြဘဝမှတ်တမ်း



အယ်လီဂရီသည် နည်းပြဘဝကို ၂၀၀၃ ခုနှစ်တွင် စတင်ခဲ့ပြီး အေစီမီလန်နှင့် ဂျူဗင်တပ်စ်အပါအဝင် အီတလီကလပ်အသင်း (၈)သင်းကို ကိုင်တွယ်ခဲ့ပြီး စီးရီးအေချန်ပီယံဆု (၈)ကြိမ်အပါအဝင် ဆုဖလား (၁၃)လုံး ရယူနိုင်ခဲ့သည်။

 

Most Read

Most Recent