ချန်ပီယံလိဂ်အုပ်စုပွဲစဉ် (၂) ပထမနေ့ ပွဲစဉ်တစ်ပွဲဖြစ်တဲ့ စပါးအသင်းနဲ့ ဘိုင်ယန်မြူးနစ်အသင်းတို့ပွဲစဉ်မှာတော့ စပါးအသင်းကအိမ်ကွင်းမှာ (၂-၇)ဂိုးနဲ့ ဂိုးပြတ်ရှုံးနိမ့်ပြီး ဥရောပပြိုင်ပွဲတွေရဲ့ အိမ်ကွင်းမှာ ပထမဦးဆုံး (၇)ဂိုးပေးရတဲ့ အင်္ဂလန်အသင်းအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
ချန်ပီယံလိဂ်အုပ်စုပွဲစဉ် (၂) ပထမနေ့ ပွဲစဉ်တစ်ပွဲဖြစ်တဲ့ စပါးအသင်းနဲ့ ဘိုင်ယန်မြူးနစ်အသင်းတို့ပွဲစဉ်မှာတော့ စပါးအသင်းကအိမ်ကွင်းမှာ (၂-၇)ဂိုးနဲ့ ဂိုးပြတ်ရှုံးနိမ့်ပြီး ဥရောပပြိုင်ပွဲတွေရဲ့ အိမ်ကွင်းမှာ ပထမဦးဆုံး (၇)ဂိုးပေးရတဲ့ အင်္ဂလန်အသင်းအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
ဒီရာသီပြိုင်ပွဲစုံ (၁၀)ပွဲမှာ (၄)ပွဲသာအနိုင်ရပြီး ဖိအားများနေတဲ့ စပါးနည်းပြပိုချက်တီနိုအနေနဲ့ အခုအိမ်ကွင်းပွဲစဉ်မှာ ရလဒ်ကောင်းဖို့ ပြင်ဆင်လာခဲ့ပေမယ့် ဘိုင်ယန်မြူးနစ်အသင်းကို အသင်းသမိုင်းတစ်လျှောက် ဥရောပပြိုင်ပွဲ အိမ်ကွင်းပွဲစဉ်မှာ စံချိန်တင်ပေးဂိုးနဲ့ ရှုံးနိမ့်ခဲ့တာပါ။
ဆွန်ဟောင်မင်၊ ဟာရီကိန်း၊ အယ်လီ၊ အန်ဒွန်ဘီလီ၊ ဟာရီဝင့်ခ်တို့နဲ့စပါးအသင်းရဲ့စုဖွဲ့မှုက တောင့်တင်းခဲ့ပေမယ့် လီဝန်ဒေါစကီး၊ နာဘရီ၊ ကော်တင်ဟို၊ ကိုးလ်မန်း၊ တိုလစ်ဆိုတို့နဲ့ ဘိုင်ယန်မြူးနစ်ရဲ့ တိုက်စစ်အားက ပြတ်ပြတ်သားသား အသာစီးယူနိုင်ခဲ့တာပါ။
ပထမပိုင်းမှာ စပါးအသင်းပိုကောင်းခဲ့ပြီး ဂိုးသွင်းခွင့်တွေ ရရှိခဲ့ကာ ပွဲအစ (၁၂)မိနစ်မှာပဲ ဆွန်ဟောင်မင်က စပါးအသင်းအတွက် အဖွင့်ဂိုးသွင်းယူခဲ့ပါတယ်။
ဒါပေမဲ့ စပါးအသင်းရဲ့ ဦးဆောင်မှုက (၃)မိနစ်သာကြာခဲ့ပြီး၊ ပွဲချိန် (၁၅)မိနစ်မှာ ကင်မစ်ချ်က လှပတဲ့အဝေးကန်ချက်နဲ့အတူ ဘိုင်ယန်မြူးနစ်အတွက် ချေပဂိုးသွင်းယူခဲ့ပါတယ်။
စပါးအသင်းအတွက် ဖိအားဖြစ်သွားစေတာက ပထမပိုင်းပြီးခါနီးမှာ လီဝန်ဒေါစကီးက ဘိုင်ယန်မြူးနစ်အသင်းအတွက် ဦးဆောင်ဂိုးကိုသွင်းယူလိုက်တာပဲ။
ဒါကြောင့်လည်းဒုတိယပိုင်းစတာနဲ့ ဘိုင်ယန်မြူးနစ်ကစားအားတက်သွားခဲ့ပြီး (၅၃)မိနစ်နဲ့ (၅၅)မိနစ်မှာ နာဘရီက ဘိုင်ယန်မြူးနစ်အသင်းအတွက် (၂) ဂိုးဆက်သွင်းယူလိုက်ပြီးချိန်မှာတော့ ပွဲရဲ့အဖြေကထွက်သလောက်နီးပါးဖြစ်သွားခဲ့ပါတယ်။
ပွဲချိန် (၆၁)မိနစ်မှာ ဟာရီကိန်းက ပယ်နယ်တီကနေ ချေပဂိုးတစ်ဂိုးသွင်းယူခဲ့ပေမယ့် စပါးအသင်းပြန်လာဖို့အတွက်တော့မလုံလောက်ခဲ့ပါဘူး။
ပွဲရဲ့နောက်ဆုံး (၁၀)မိနစ်ကတော့ စပါးအသင်းအတွက် အိပ်မက်ဆိုးဖြစ်ခဲ့ပြီး ပွဲချိန် (၈၃)မိနစ်နဲ့ (၈၈)မိနစ်တွေမှာ နာဘရီ၊ ပွဲချိန် (၈၇)မိနစ်မှာ လီဝန်ဒေါစကီးတို့က ဂိုးတွေဆက်တိုက်သွင်းယူကာ ဂိုးပြတ်ချေမှုန်းခဲ့ပါတယ်။
ပွဲအပြီးမှာတော့ (၇-၂)ဂိုးနဲ့ ဘိုင်ယန်မြူးနစ်တို့အနိုင်ရခဲ့ပြီး ပြီးခဲ့တဲ့ရာသီက ဗိုလ်လုပွဲအထိရောက်ခဲ့တဲ့ စပါးအသင်းကတော့ ဒီရာသီအုပ်စုပွဲ (၂)ပွဲကစားပြီးချိန်မှာ ရမှတ် (၁) မှတ်နဲ့ နောက်တစ်ဆင့်တက်ဖို့ ရုန်းကန်ရတော့မှာဖြစ်ပါတယ်။
နောက်ထပ်ပွဲစဉ်မှာတော့ ပြိုင်ပွဲရဲ့ဗိုလ်စွဲဖို့ရေပန်းအစားဆုံးဖြစ်တဲ့ မန်စီးတီးအသင်းက ဒိုင်နမိုဇာဂရက်အသင်းကို အိမ်ကွင်းမှာ (၂-၀)ဂိုးနဲ့အနိုင်ယူပြီး ရာနှုန်းပြည့်အနိုင်နဲ့ ရှေ့ဆက်နိုင်ခဲ့ပါတယ်။
မန်စီးတီးအသင်းအတွက် ဂိုးတွေကိုတော့ ပွဲချိန် (၆၆)မိနစ်မှာ စတာလင်နဲ့ မိနစ် (၉၀)မှာ ဖိုဒန်တို့က သွင်းယူခဲ့တာပါ။
စတာလင်ကတော့ မန်စီးတီးအသင်းရဲ့ ချန်ပီယံလိဂ်အိမ်ကွင်းနောက်ဆုံး (၁၆)ပွဲမှာ တိုက်ရိုက်ဂိုးပါဝင်ပတ်သက်မှု (၁၈)ဂိုး (၁၁ ဂိုးသွင်း၊ ၇ ဂိုးဖန်တီး) ရှိခဲ့ပြီး အကောင်းဆုံးပုံစံကို သက်သေပြနိုင်ခဲ့ပါတယ်။
ဂျူဗင်တပ်စ်အသင်းကလည်း တူရင်မြေမှာ လေဗာကူဆင်အသင်း (၃-၀)ဂိုးနဲ့အနိုင်ယူပြီး ကျေနပ်စရာပုံစံကိုပြနိုင်ခဲ့ပါတယ်။
ဂျူဗင်တပ်စ်အသင်းအတွက်ဂိုးတွေကို (၁၇)မိနစ်မှာ ဟီဂွါအင်၊ (၆၁)မိနစ်မှာ ဘာနာဒက်ခီနဲ့ (၈၈)မိနစ်မှာ စီရော်နယ်လ်ဒိုတို့ကသွင်းယူခဲ့ပါတယ်။
စီရော်နယ်လ်ဒိုကတော့ ချန်ပီယံလိဂ်မှာ (၁၄)ရာသီဆက်ဂိုးသွင်းတဲ့ ပထမဆုံးသောကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့တာကလည်း ဒီပွဲရဲ့ထူးခြားတဲ့မှတ်တမ်းတစ်ခုဖြစ်ခဲ့ပါတယ်။
■ ချန်ပီယံလိဂ်အုပ်စုပွဲစဉ်များ ရလဒ်
ရီးယဲလ်မက်ဒရစ် ၂-၂ ကလပ်ဘရုဂေး
အတ္တလန်တာ ၁-၂ ရှက်တာဒိုးနက်
ဂါလာတာစာရေး ၀-၁ PSG
စပါး ၂-၇ ဘိုင်ယန်မြူးနစ်
ဇဗက်ဒါ ၃-၁ အိုလံပီယာကော့စ်
မန်စီးတီး ၂-၀ ဒိုင်နမိုဇာဂရက်
ဂျူဗင်တပ်စ် ၃-၀ လေဗာကူဆင်
လိုကိုမိုးတစ်မော်စကို ၀-၂ အက်သလက်တီကို















