ပရီးမီးယားလိဂ်ပွဲစဉ်(၇) ပွဲကြိုသုံးသပ်ချက်

ပရီးမီးယားလိဂ်ပွဲစဉ်(၇) ပွဲကြိုသုံးသပ်ချက်
Photo : Facebook
Photo : Facebook
Published 28 September 2019

ရှက်ဖီးယူနိုက်တက် နှင့် လီဗာပူးလ် (စနေည ၆းဝ၀ နာရီ)

ရှက်ဖီးယူနိုက်တက်က အဲဗာတန်ကို မထင်မှတ်ဘဲ အနိုင်ကစားပြီး (၃)မှတ်အပြည့် ယူခဲ့တယ်။ ပရီးမီးယားလိဂ်ရဲ့ ထိပ်ပိုင်း (၁၀)သင်းထဲပါဝင်နေပြီး အမှတ်ပေးဇယားကို ဦးဆောင်သူ လီဗာပူးလ်ကို ဒုက္ခပေးနိုင်ဖို့ ကြိုးစားလိမ့်မယ်။ လီဗာပူးလ်က ချယ်လ်ဆီးကို အနိုင်ကစားခဲ့ပြီး ရာနှုန်းပြည့်နိုင်ပွဲဆက်တဲ့ တစ်သင်းတည်းသောအသင်း ဖြစ်တယ်။ ရှက်ဖီးက အဲဗာတန်ကို ဒုက္ခပေးနိုင်ခဲ့ပေမယ့် လီဗာပူးလ်ကိုတော့ အရှုံးပေးရပါလိမ့်မယ်။

ဘုန်းမောက် နှင့် ဝက်စ်ဟမ်း (စနေည ၈း၃၀ နာရီ)

ဘုန်းမောက်အသင်းက အဲဗာတန်၊ ဆောက်သမ်တန်တို့လို အသင်းကောင်းတွေကို အနိုင်ကစားပြီးနောက် ဝက်စ်ဟမ်းနဲ့ ရင်ဆိုင်ရမှာဖြစ်တယ်။ ကာလမ်ဝီလ်ဆင်၊ ဂျိုရှူအာကင်းတို့ရဲ့ တိုက်စစ်ပိုင်းက ခြေစွမ်းပြပြီး ဂိုးမြူးနေတာလည်း တွေ့ရတယ်။ ဝက်စ်ဟမ်းကလည်း မန်ယူကို အနိုင်ကစားခဲ့ပြီး အဆင့်(၄)နေရာ ရောက်နေသလို၊ (၃)ပွဲဆက် Clean Sheet ရခဲ့တဲ့ ခံစစ်ကလည်း အားရစရာပါ။ (၁-၁)ဂိုးလောက်နဲ့ ပြီးသွားမယ်ထင်တယ်။

အက်စတွန်ဗီလာ နှင့် ဘန်လေ (စနေည ၈း၃၀ နာရီ)

အာဆင်နယ်နဲ့ပွဲမှာ ခြေစွမ်းပြခဲ့ပေမယ့် ဗီလာအသင်း ရှုံးပွဲနဲ့ ကြုံတွေ့ခဲ့တယ်။ ဒီပွဲမှာတော့ ပရီးမီးယားလိဂ် (၃)ပွဲဆက် နိုင်ပွဲပျောက်တာကို ရပ်တန့်ဖို့ ကြိုးစားရမှာပါ။ ဘန်လေကလည်း တိုက်စစ်ပိုင်းမှာ ခရစ္စဝုဒ် ခြေစွမ်းပြနေပြီး နောဝစ်ချ်လို အသင်းကောင်း ကို အနိုင်ကစားခဲ့တာ တွေ့ရတယ်။ ဒါပေမဲ့ ဘန်လေရဲ့ အဝေးကွင်းရလဒ်ကတော့ အားရစရာမရှိဘူး။ အက်စတွန်ဗီလာကို ကြိုက်တယ်။

ချယ်လ်ဆီး နှင့် ဘရိုက်တန် (စနေည ၈း၃၀ နာရီ)

ချယ်လ်ဆီးက ခြေစွမ်းကောင်းသလောက် ရလဒ်ပိုင်းက အားရစရာမဟုတ်သေးဘူး။ နိုင်သင့်တဲ့ပွဲတွေ သရေကျပြီး သရေမျှော်လင့်ရမယ့်ပွဲမျိုးတွေ ရှုံးပွဲတွေ့နေတယ်။ ဒီပွဲအတွက်တော့ လမ်းပတ်ရဲ့ တိုက်စစ်အခင်းအကျင်းသစ်နဲ့ ချယ်လ်ဆီး နိုင်ပွဲယူဖို့ အဆင်သင့် ဖြစ်နေလောက်ပါပြီ။ ဘရိုက်တန်ရဲ့ ကစားပုံက မဆိုးပေမယ့် ချယ်လ်ဆီးတိုက်စစ်ကို ထိန်းနိုင်မယ် မထင်ဘူး။ ချယ်လ်ဆီး (၂-၀)ဂိုးလောက် အနိုင်ယူလိမ့်မယ်။

ခရစ္စတယ်ပဲလေ့စ် နှင့် နောဝစ်ချ် (စနေည ၈း၃၀ နာရီ)

နောဝစ်ချ်က မန်စီးတီးကို မထင်မှတ်ဘဲ အနိုင်ယူပြီးနောက် ဘန်လေကို (၂-၀)ဂိုးနဲ့ ပြန်ရှုံးခဲ့တယ်။ ဒါက အသင်းငယ်တွေရဲ့ ဖြစ်နေကျပုံစံပါပဲ။ အကောင်းဆုံးအချိန်မှာတောင် ရလဒ်ပိုင်း တည်ငြိမ်ဖို့ခက်တယ်။ ခရစ္စတယ်ပဲလေ့စ်က နောဝစ်ချ်ထက် အစစအရာရာသာပြီး နောက်ဆုံးပွဲမှာလည်း ဝုလ်ဗ်ကို အနိုင်ရလုနီးပါး ကစားနိုင်ခဲ့တာ တွေ့ရတယ်။ ဒီပွဲက ပဲလေ့စ် နိုင်မှာပါ။ (၂-၁) လောက်ဖြစ်မယ်။

စပါး နှင့် ဆောက်သမ်တန် (စနေည ၈း၃၀ နာရီ)

လက်စတာနဲ့ပွဲမှာ စပါးက ပုံစံကောင်းပြခဲ့ပေမယ့် ရှုံးပွဲတွေ့ခဲ့တယ်။ ဒီရှုံးပွဲက ကံကြမ္မာနဲ့လည်း ဆိုင်ပါတယ်။ နိုင်ပွဲရဖို့ ပိုခိုင်မာသွားနိုင်တဲ့အခြေအနေမှာ VAR ကြောင့် အလှည့်အပြောင်းတွေ ဖြစ်ကုန်တာဖြစ်တယ်။ ဒါပေမဲ့ တဖြည်းဖြည်း စပါးက ပိုပြီးပုံစံကျ လာပါတယ်။ ဆွန်ဟောင်မင်၊ ဟာရီကိန်းတို့ရဲ့တိုက်စစ်ကို အားနည်းတဲ့ ဆောက်သမ်တန်ခံစစ်က ပိတ်ဆို့ဖို့လည်း ခက်ပါတယ်။ စပါး နိုင်ဖို့ရှိပြီး (၂-၀)ဂိုးလောက် ဖြစ်လိမ့်မယ်။

ဝုလ်ဗ် နှင့် ဝက်ဖို့ဒ် (စနေည ၈း၃၀ နာရီ)

ဝက်ဖို့ဒ်က အလွန်ဆိုးရွားတဲ့ အရှုံးကနေ ကြုံတွေ့ရနိုင်တဲ့ စိတ်ပိုင်းဆိုင်ရာပြဿနာကို ခက်ခက်ခဲခဲ ကျော်ဖြတ်ရလိမ့်မယ်။ ဝုလ်ဗ်ကတော့ ဒီရာသီအစမှာ တာထွက်အရမ်းနှေးနေပြီး ခြေစွမ်းမဆိုးပေမယ့် ပထမဆုံးနိုင်ပွဲရဖို့ စောင့်နေရဆဲပါ။ မနှစ်က ခြေစွမ်းပြခဲ့တဲ့ အသင်း(၂)သင်း ရုန်းကန်နေရပြီး ဒီပွဲမှာတော့ သရေဆိုတဲ့ရလဒ်ထက် နိုင်ပွဲကိုပဲ (၂)သင်းစလုံး မျှော်လင့်နေကြလိမ့်မယ်။ လက်ရှိခြေစွမ်းအရတော့ ဝုလ်ဗ်ကိုပဲ ကြိုက်တယ်။

အဲဗာတန် နှင့် မန်စီးတီး (စနေည ၁၁းဝ၀ နာရီ)

အဲဗာတန်အသင်းရဲ့ကွင်းမှာ ကစားမယ့် ဒီပွဲကို ပရိသတ်အားလုံး စိတ်ဝင်စားကြပါလိမ့်မယ်။ အဲဗာတန်ကို အသင်းကောင်းတစ်သင်းအဖြစ် ယူဆထားပြီး ဥရောပဝင်ခွင့်တစ်နေရာ ရရှိနိုင်မယ်လို့ ထင်ခဲ့ကြပေမယ့် လက်ရှိခြေစွမ်းနဲ့ ရလဒ်ပိုင်းက အကောင်းဆုံးပုံစံလည်း မဟုတ်သေးဘူး။ တည်ငြိမ်မှုလည်း မရှိသေးဘူး။ နောက်ဆုံးကစားခဲ့တဲ့ပွဲမှာလည်း ရှက်ဖီးယူနိုက်တက်လို တန်းတက်အသင်းကို အိမ်ကွင်းမှာ ရှုံးနိမ့်ခဲ့တာ တွေ့ရတယ်။ ဒါပေမဲ့ အဲဗာတန်နဲ့ပတ်သက်ပြီး သတိထားဖို့လိုတာက ဒီအသင်းရဲ့ ရလဒ်တွေထက် သူတို့ကစားနေတဲ့ ခြေစွမ်းက ပိုကောင်းတယ်ဆိုပဲ။ မန်စီးတီးက နောက်ဆုံးကစားခဲ့တဲ့ပွဲမှာ အဲဗာတန်လိုပဲ တောင့်တင်းတဲ့ ဝက်ဖို့ဒ်အသင်းကို (၈)ဂိုးသွင်းပြီး ဂိုးမိုးရွာခဲ့တယ်။ ဒါကြောင့် ဒီပွဲက အဲဗာတန်အသင်းရဲ့ကွင်းမှာ ကစားမှာဖြစ်ပေမယ့် မန်စီးတီးနိုင်ဖို့အခွင့်အရေးက အပြတ်အသတ်သာနေပါလိမ့်မယ်။ ဒီဘရိုင်းနား၊ စတာလင်၊ အဂွဲရိုးတို့ အပါအဝင် တိုက်စစ်ပိုင်းက ကစားသမားတိုင်းလိုလို ခြေစွမ်းပြနေတဲ့ မန်စီးတီး (၃-၁) ဂိုးလောက်နဲ့ နိုင်လိမ့်မယ်။

Most Read

Most Recent