စပါးအသင်းဥက္ကဋ္ဌ လီဗိုင်းသည် ယခုရာသီတွင် ဆုဖလားမရလျှင်ပင် အဓိကတိုက်စစ်မှူး ဟာရီကိန်းအား ပေါင်သန်း (၂၅၀)ဈေးနှုန်းသတ်မှတ်ကာ အသင်း၌ ဆက်ထိန်းထားရန် စီစဉ်နေကြောင်း ဗြိတိန်သတင်းစာ The Telegraph က ဖော်ပြခဲ့သည်။

အသက်(၂၆)နှစ်ရှိ အင်္ဂလန်အသင်းခေါင်းဆောင် ဟာရီကိန်းသည် စပါးအသင်းနှင့် ၂၀၂၄ ခုနှစ်အထိ သက်တမ်းတိုးစာချုပ်ချုပ်ဆိုထားသူဖြစ်ပြီး ဘာစီလိုနာ၊ ရီးယဲလ်မက်ဒရစ် အစရှိသည့် ဥရောပထိပ်တန်းအသင်းများက ခေါ်ယူရန် ပစ်မှတ်ထားနေသည့် ကစားသမားလည်းဖြစ်သည်။
သို့ဖြစ်ရာ လီဗိုင်းက လာမည့်အပြောင်းအရွှေ့ကာလများ တွင် မန်စီးတီး၊ ရီးယဲလ်မက်ဒရစ်၊ ဘာစီလိုနာ စသည့်ဥရောပထိပ်သီးအသင်းများ၏ခေါ်ယူမှုမှ တားဆီးနိုင်ရန် ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင်သန်း(၂၅၀)ဈေးနှုန်းသတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဟာရီကိန်းသည် စပါးအသင်းတွင် ၂၀၁၁ ခုနှစ်က စတင်ပွဲထွက်ကစားခွင့်ရခဲ့ပြီး အသင်းအတွက် ပြိုင်ပွဲစုံ ပွဲ (၂၆၀)တွင် (၁၆၉)ဂိုးအထိ သွင်းယူပေးခဲ့သည်။
ဟာရီကိန်းသည် ပရီးမီးယားလိဂ်ရွှေဖိနပ်ဆုကို ၂၀၁၅-၁၆ နှင့် ၂၀၁၆-၁၇ ရာသီများတွင် (၂) ရာသီဆက်တိုက် ရယူနိုင်ခဲ့ပြီး ယခုရာသီ ပရီးမီးယားလိဂ် (၆)ပွဲတွင် (၄)ဂိုး သွင်းယူထားသည်။