အီမိုဘီလီနှင့် ပြဿနာမရှိကြောင်း လာဇီယိုနည်းပြ အင်ဇာဂီ ရှင်းလင်း

အီမိုဘီလီနှင့် ပြဿနာမရှိကြောင်း လာဇီယိုနည်းပြ အင်ဇာဂီ ရှင်းလင်း
Photos: Getty Images
Photos: Getty Images
Published 25 September 2019

အီမိုဘီလီသည် ပြီးခဲ့သည့်တနင်္ဂနွေနေ့က ကစားခဲ့သည့် စီးရီးအေပွဲစဉ် လာဇီယို (၂-၀) ပါးမားပွဲတွင် ပွဲချိန် (၆၃) မိနစ်၌ လူစားလဲခံရခြင်းကို မကျေနပ်ဘဲ ဒေါသပေါက်ကွဲခဲ့သည်။ 

လာဇီယိုအသင်းနည်းပြ အင်ဇာဂီက အသင်းတိုက်စစ်မှူး အီမိုဘီလီနှင့် ပြဿနာမရှိကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ 

အီမိုဘီလီသည် ပြီးခဲ့သည့်တနင်္ဂနွေနေ့က ကစားခဲ့သည့် စီးရီးအေပွဲစဉ် လာဇီယို (၂-၀) ပါးမားပွဲတွင် ပွဲချိန် (၆၃) မိနစ်၌ လူစားလဲခံရခြင်းကို မကျေနပ်ဘဲ ဒေါသပေါက်ကွဲခဲ့သည်။ 

အီမိုဘီလီသည် ၎င်း၏အပြုအမူအတွက် ပွဲအပြီးတွင် နည်းပြ အင်ဇာဂီကို ချက်ချင်းတောင်းပန်ခဲ့ကြောင်းလည်း သိရသည်။ အင်ဇာဂီက " ပွဲပြီးတာနဲ့ အီမိုဘီလီက ကျွန်တော့်ကို ချက်ချင်းလာတောင်းပန်ခဲ့ပါတယ်။ အသင်းဖော်တွေကိုလည်း လေ့ကျင့်ရေးကွင်းမှာတောင်းပန်ပြီးပါပြီ။ ဘာပြဿနာမှ မရှိပါဘူး" ဟု ဆိုခဲ့သည်။

Most Read

Most Recent