ဝက်ဖို့ဒ် - ဆွမ်ဆီး (ဗုဒ္ဓဟူးနေ့ မြန်မာစံတော်ချိန် နံနက် ၁း၁၅ နာရီ)
ဝက်ဖို့ဒ်က တစ်ကျော့ပြန်ဖလောရက်စ်ရဲ့ဒုတိယပွဲမှာ မန်စီးတီးအသင်းကို အံ့အားသင့်ဖွယ်ရလဒ်နဲ့ ဂိုးပြတ်ရှုံးခဲ့ရတယ်။ ပုံမှန်ဆို ဝက်ဖို့ဒ်ကို လိဂ်ဖလားမှာ ထည့်တွက်စရာမလိုပေမယ့် ဒီအရှုံးကြောင့် အခုပွဲကို ဖိဖိစီးစီးကစားသွားဖို့များပါတယ်။ ဝက်ဖို့ဒ် အနိုင်သေချာပါတယ်။
ကိုလ်ချက်စတာ - စပါး (ဗုဒ္ဓဟူးနေ့ မြန်မာစံတော်ချိန် နံနက် ၁း၁၅ နာရီ)
စပါးအသင်းက ပြိုင်ပွဲစုံနောက်ဆုံး(၆)ပွဲမှာ (၁)ပွဲသာအနိုင်ရခဲ့လို့ ဖိအားတော့ ဝင်နေလောက်ပါပြီ။ ဒီလိုပွဲမျိုးမှာတောင် အခြေအနေမကောင်းခဲ့ရင် အသင်းအတွက်လည်း စိုးရိမ်စရာ ကောင်းသွားနိုင်တာ ထည့်တွက်ရမှာပါ။ အဝေးကွင်းဖြစ်ပေမယ့် စပါးဂိုးပြတ်မှာပါ။
ပို့စ်မောက် - ဆောက်သမ်တန် (ဗုဒ္ဓဟူးနေ့ မြန်မာစံတော်ချိန် နံနက် ၁း၁၅ နာရီ)
League One ပြိုင်ပွဲမှာကစားနေတဲ့ ပို့စ်မောက်အသင်း ဒီရာသီအိမ်ကွင်းရှုံးပွဲမရှိသေးတာက ဆောက်သမ်တန်အတွက် အတားအဆီးဖြစ်လာနိုင်တယ်။ ပို့စ်မောက်နဲ့ပဲစွန့်စားတာ ပိုကောင်းမယ်။
ပရက်စတန် - မန်စီးတီး (ဗုဒ္ဓဟူးနေ့ မြန်မာစံတော်ချိန် နံနက် ၁း၁၅ နာရီ)
လက်ရှိချန်ပီယံ မန်စီးတီးက (၂)နှစ်ဆက်တိုက် ချန်ပီယံဖြစ်သလို၊ နောက်ဆုံး(၄)နှစ်အတွင်းမှာ (၃)ကြိမ်တိတိ ဗိုလ်စွဲထားတဲ့အသင်းပါ။ မန်စီးတီးရဲ့အရန်အင်အားကလည်း ပရက်စတန်များစွာသာပြီး ဂျေးဇူးစ်၊ ဂွန်ဒိုဂန်၊ ကန်ဆယ်လို၊ ဘရာဗိုတို့လို ကစားသမားတွေရှိနေပါတယ်။ ဒါပေမဲ့ လိဂ်ဖလားပွဲတွေမှာ အသင်းငယ်တွေနဲ့ရင်ဆိုင်ကစားတဲ့ပွဲမှာ မန်စီးတီးအသင်း အပြတ်ဖြတ်တဲ့ ရာခိုင်နှုန်းတော့ နည်းပါးပါတယ်။ ပ ရက်စတန်အသင်းမှာ ပရီးမီးယားလိဂ်ကစားသမားဟောင်း သိပ်မရှိပေမယ့် အသင်းလိုက်ဟန်ချက်တော့ ညီပါတယ်။ ပရက်စတန်က အသင်းရဲ့အနေအထားကြောင့် လိဂ်ဖလားမှာကြီးကြီးမားမား စွမ်းဆောင်မှုမရှိဘဲ ပြိုင်ပွဲသမိုင်းမှာ စတုတ္ထအဆင့်သာ အမြင့်ဆုံးရောက်ရှိခဲ့ဖူးပါတယ်။ ဒါပေမဲ့ ပရက်စတန် အိမ်ကွင်းမှာ (၃)ဂိုးပြတ်တော့ မရှုံးနိုင်ပါဘူး။

လူတန် - လက်စတာ (ဗုဒ္ဓဟူးနေ့ မြန်မာစံတော်ချိန် နံနက် ၁း၁၅ နာရီ)
ဒီဘက်နောက်ပိုင်းနှစ်တွေမှာ လက်စတာက လိဂ်ဖလားကို အလေးထားကစားနေတာတွေ့ရတယ်။ လူတန်ကတော့ လိဂ်ချန်ပီယံရှစ်ဘက်ကိုပဲ ပိုအလေးထားဖို့များပါတယ်။ လက်စတာ အနိုင်ကစားမှာပါ။
အာဆင်နယ် - နော်တင်ဟမ် (ဗုဒ္ဓဟူးနေ့ မြန်မာစံတော်ချိန် နံနက် ၁း၁၅ နာရီ)
အာဆင်နယ်အသင်းက လိဂ်ဖလားလို အလေးမထားတဲ့ ပုံစံမျိုးမဟုတ်တော့ဘူး။ နည်းပြ အူနိုင်းအမ်မရီအတွက်လည်း သူ့အတွက် ပထမဆုံးဖလားအိပ်မက်အတွက် လိဂ်ဖလားက ဖြစ်နိုင်ခြေအရှိဆုံးမို့လို့ အာရုံစိုက်ဖို့များပါတယ်။ ပြီးခဲ့တဲ့ရာသီ ကလည်း ကွာတားဖိုင်နယ်မှာ မြောက်လန်ဒန်ဒါဘီပြိုင်ဘက် စပါးအသင်းနဲ့တွေ့ဆုံခဲ့လို့ ရပ်တန့်ခံလိုက်ရတာပါ။ အူနိုင်းအမ် မရီအနေနဲ့ လူငယ်ကစားသမားတွေဖြစ်တဲ့ စမစ်ရိုဝီ၊ ဆာကာ၊ ဝဲလက်စ်၊ ရီးစ်နယ်လ်ဆင်တို့ကို ပွဲထုတ်လာဖို့များပါတယ်။ နော်တင်ဟမ်က ဒီရာသီမှာ ပြင်ဆင်မှုအတော်ပြုလုပ်ထားတဲ့ အသင်းပါ။ ဒါပေမဲ့ လိဂ်ဖလားမှာ ၁၉၉၃-၉၄ ရာသီနောက်ပိုင်း ကတည်းက စတုတ္ထအဆင့်တောင် မကျော်လွန်တော့ဘဲ ဒီရာသီမှာ ပရီမီးယားလိဂ်တန်းတက်ခွင့်မျှော်လင့်ချက်ကို ပိုအလေးထားဖို့များပါတယ်။ အာဆင်နယ်ကိုပဲ ကြိုက်တယ်။
ခရော်လေ - စတုတ်စီးတီး (ဗုဒ္ဓဟူးနေ့ မြန်မာစံတော်ချိန် နံနက် ၁း၁၅ နာရီ)
ပရီးမီးယားလိဂ်အသင်းဟောင်း စတုတ်စီးတီးရဲ့အခြေအ နေက တဖြည်းဖြည်းဆိုးရွားလာပြီး လိဂ်ချန်ပီယံရှစ်မှာတောင် တန်းမဆင်းရဖို့ ရုန်းကန်နေရတယ်။ League Two ကလပ် ခရော်လေကို အရဲစွန့်ရွေးချယ်ချင်တယ်။
ရှက်ဖီးဝင်းစ်ဒေး - အဲဗာတန်(ဗုဒ္ဓဟူးနေ့ မြန်မာစံတော်ချိန် နံနက် ၁း၁၅ နာရီ)
ပရီးမီးယားလိဂ်(၂)ပွဲဆက်အရှုံးကြောင့် အဲဗာတန်အသင်း လိဂ်ဖလားမှာ ပေါ့ပေါ့ဆဆကစားမယ် မထင်ပါဘူး။ ရှက်ဖီးဝင်းစ်ဒေးရဲ့အိမ်ကွင်းရလဒ်ပိုင်းကလည်း သာမန်ပဲရှိလို့ အဲဗာတန် အနိုင်ကစားဖို့များပါတယ်။















