ထားဝယ်မြို့လယ်တွင် ဖုန်းအရောင်းဆိုင်တစ်ဆိုင် ဖောက်ထွင်းခံရမှုကြောင့် ကျပ်သိန်း ၅၀ ခန့်တန်ဖိုးရှိ ဖုန်းများ ခိုးယူခံရသည့်အပြင် ဆိုင်ကို ဓာတ်ဆီလောင်း၍ မီးရှို့ခဲ့သောကြောင့် မီးလောင်ကျွမ်းမှု ဖြစ်ပွား

ထားဝယ်မြို့လယ်တွင် ဖုန်းအရောင်းဆိုင်တစ်ဆိုင် ဖောက်ထွင်းခံရမှုကြောင့် ကျပ်သိန်း ၅၀ ခန့်တန်ဖိုးရှိ ဖုန်းများ ခိုးယူခံရသည့်အပြင် ဆိုင်ကို ဓာတ်ဆီလောင်း၍ မီးရှို့ခဲ့သောကြောင့် မီးလောင်ကျွမ်းမှု ဖြစ်ပွား
မီးလောင်မှုဖြစ်ပွားသည့်နေရာကို တွေ့ရစဉ် (ပုံကြီး)၊ မီးလောင်မှုဖြစ်ပွားသည့်နေရာမှ မသင်္ကာဖွယ်ပစ္စည်းများကို တွေ့ရစဉ် (ပုံသေး) (Photo: Wai Phyo)
မီးလောင်မှုဖြစ်ပွားသည့်နေရာကို တွေ့ရစဉ် (ပုံကြီး)၊ မီးလောင်မှုဖြစ်ပွားသည့်နေရာမှ မသင်္ကာဖွယ်ပစ္စည်းများကို တွေ့ရစဉ် (ပုံသေး) (Photo: Wai Phyo)
Published 22 September 2019
ဖြိုးဇင် (ထားဝယ်)

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့ လယ်တွင် စက်တင်ဘာ ၂၂ ရက် နံနက်က ဖုန်းအရောင်းဆိုင်တစ်ဆိုင် ဖောက်ထွင်းခံရမှုကြောင့် ကျပ်သိန်း ၅၀ ခန့် တန်ဖိုးရှိဖုန်းများ ခိုးယူခံရသည့်အပြင် ဆိုင်ကို ဓာတ်ဆီလောင်း ၍မီးရှို့ခဲ့သောကြောင့် မီးလောင်ကျွမ်းမှုဖြစ် ပွားခဲ့ကြောင်း သိရသည်။

စက်တင်ဘာ ၂၂ ရက်နံနက် ၅ နာရီခန့် က ထားဝယ်မြို့ အနောက်မြို့တွင်းရပ်ကွက် မြို့တွင်းလမ်းနှင့်ဗိုလ်ချုပ်လမ်းထောင့်ရှိ  BSM Mobile အရောင်းဆိုင်တွင်မီးလောင်မှုဖြစ်ပွားနေကြောင်း ဆိုင်ပိုင်ရှင်ဦးရဲလွင်ဦး၏ ဖုန်းဆက်သတင်းပေးချက်အရ ထားဝယ်ခရိုင်မီးသတ်တပ်ဖွဲ့မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးသိန်းဇော်ဝင်းဦးဆောင်သည့် မီးသတ်တပ်ဖွဲ့ဝင် ၃၅ ဦး၊ မီးငြိှမ်းသတ်ယာဉ်နှစ်စီး၊ ရေသယ်ယာဉ်နှစ်စီးတို့ဖြင့်သွားရောက် ငြိှမ်းသတ်ရာ နံနက် ၅ နာရီ မိနစ် ၂၀ ခန့်တွင် မီးငြိှမ်းသတ်နိုင်ခဲ့ကြောင်း ထားဝယ်ခရိုင်မီးသတ်တပ်ဖွဲ့ထံမှရရှိသည့် မှုခင်းမှတ်တမ်း အရ သိရသည်။ မီးငြိှမ်းသတ်ပြီးနောက် မီးလောင်ခဲ့သည့်ဆိုင်ကို စစ်ဆေးချက်အရ ဆိုင် အနောက်ဘက်ရှိ ပြတင်းပေါက်တံခါးချက် ပြုတ်ထွက်နေပြီး ပြတင်းပေါက်တွင်တပ်ဆင်ထားသည့် သံတိုင်တစ်ချောင်းကွေးနေသည်ကိုတွေ့ရသဖြင့် ဆက်လက်စစ်ဆေးရာ ပြ တင်းပေါက်အပြင်ဘက်၌ ဖုန်းများပြုတ်ကျနေသည်ကိုတွေ့ရကြောင်း၊ ဆိုင်အတွင်း တပ်ဆင်ထားသည့် CCTV Record များကိုမီး ရှို့ဖျက်ဆီးထားသည်ကို တွေ ့ရသဖြင့် ဆက်လက်စုံစမ်းစစ်ဆေးရာ ဆိုင်အတွင်းဖောက် ထွင်းခိုးယူသူ လူငယ်တစ်ဦးက ဆိုင်အတွင်းရှိ ဖုန်းများကိုခိုးယူခဲ့ပြီးနောက် ၎င်း၏လုပ် ဆောင်မှုကို သဲလွန်စဖျောက်ရန် ဆိုင်အတွင်းရှိ CCTV Record ရှိရာကို မီးရှို့ဖျက်ဆီးခဲ့ရာမှ ယခုလိုမီးလောင်ကျွမ်းခဲ့ရခြင်း ဖြစ်သည်ကိုတွေ ့ရပြီး ကျူးလွန်သူ လူငယ်ကိုဖမ်းဆီးရမိရန် ပူးပေါင်းအဖွဲ့ဖြင့် ပိတ်ဆို့ရှာဖွေစုံစမ်းနေသည်ဟု သိရသည်။

‘‘ဖုန်​းဆိုင်​မှာ မနက်တုန်းက​​ မီး​လောင်​တယ်​ဆို​တော့ နံပါတ်​ (၁) ကမီးငြိှမ်​းတာ​ပေါ့။မီးငြိမ်​းဖို့အတွက်​က ဦးစား​ပေးလုပ်​တယ်​။မီးငြိှမ်​းပြီး​တော့မှ လိုက်ကြည့်​​တော့အ​နောက်​မှာပြတင်​း​ပေါက်​က ချက်​ပြုတ်​​နေတယ်​။ ချက်​ပြုတ်​​နေတဲ့အ​နေအထားရယ်​၊ နောက်မှာရှိတဲ့ သံတိုင်​တစ်​ခု​ကွေး​နေတဲ့အ​​နေအထား​တွေ့ တော့ မီးသတ်​အဖွဲ့က​နေပြီး​​တော့ ဒီဟာ​တွေ ကိုဖွင်​့ပြီး​တော့ မီးငြိှမ်​းထားတာ မဟုတ်​ဘူး။ ဒါဆိုရင်​​တော့ တစ်​ခုခု​တော့ဖြစ်​ပြီဆိုပြီး လိုက်​စစ်​ကြည်​့​တယ်​။ စစ်​ကြည်​့​တော့ အပြင်​မှာ ကြည်​့လိုက်​​တော့ ဖုန်​း​တွေက ပြုတ်​ကျ​နေ တယ်​။ အပြင်​မှာဖုန်​း​တွေပြုတ်​ကျ​နေ​တော့  ဒါဆိုရင်​ အထဲကို လူဝင်​ပြီး​တော့ တစ်​ခုခုလုပ်​သွားတာနဲ တူတယ်​ဆိုပြီး လိုက်​​ကြည်​့တယ်။ လိုက်​ကြည့်​့တဲ့အ​နေအထားအရ အထဲကို သူခိုးဝင်​ခိုးတယ်​။ ခိုးပြီး​တော့ သူက​ပြောရရင်​​တော့ အထဲမှာရှိတဲ့ CCTV Record မှတ်​တမ်​းရိုက်​ထားတဲ့ဟာ​တွေရှိတာကိုး။​ ပြောရ ရင်​​တော့သူ့ရဲ့လုပ်​​ဆောင်​ခဲ့တဲ့ဟာကို မသိ​အောင်​ ဒီ  CCTV Record  ကိုမီးရှို့တယ်​လို့ ယူဆရတာ​ပေါ့။ သူတို့ရဲ့လုပ်​ငန်​း​တွေကို လက်​စ ဖျောက်​တာ​ပေါ့​။ ပြောရရင်​​တော့ သက်​​သေသဲလွန်​စ မကျန်​​အောင်​ လုပ်​တဲ့အ​နေအထား​ပေါ့’’ဟု ထားဝယ်ခရိုင်ရဲတပ်ဖွဲ့ မှူး ဒုရဲမှူးကြီးလှိုင်မင်းထွန်းက ပြောကြား သည်။

ဖုန်းဆိုင်ကို ဖောက်ထွင်းခိုးယူ၍ မီးရှို့ ဖျက်ဆီးသူကိုဖမ်းဆီးရန် ထားဝယ်မြို့အ တွင်း ရဲတပ်ဖွဲ့ဝင်များက ဖြန့်ကြက်စုံစမ်းရှာဖွေနေသည့်အပြင် မြို့အဝင်အထွက်​ဂိတ်များ နှင့် အဓိကထွက်ပေါက်များအပြင် မြိတ်​၊​ မေတ္တာနှင့် ထီးခီး နယ်​စပ်​အထိ စစ်ဆေးရေး ဂိတ်များကိုပါ သတင်းပို့ကာ ဝင်​ထွက်​သွားလာ မှု မရှိစေရေးပိတ်ဆို့ စစ်ဆေးရန်နှင့်မသင်္ကာသူ​များကို ​စောင်​့ကြည်​့ပြီး တရားခံအမြန်ဆုံး ဖမ်​းဆီးနိုင်ရန် ဆောင်​ရွက်​​နေကြောင်း ထားဝယ်ခရိုင်ရဲတပ်ဖွဲ့မှူးက ပြောကြားသည်။

မီးလောင်မှုကြောင့် (၂၀x၅၀) ပေ အုတ်ညှပ်သွပ်မိုးတစ်ထပ် မီးလောင်ကျွမ်းခဲ့ကြောင်း၊ မီးလောင်မှုဖြစ်ပွားရာမှ မသင်္ကာဖွယ်ရာ ဆိုင်ကယ်ဦးထုပ်တစ်လုံး၊ ဖိနပ်တစ်ရန်၊ ဖုန်းအခွံသုံးဘူး၊ ပိုက်ဆံနှင့်ပြတင်းပေါက် သံတိုင်ပြုတ်ထွက်နေကြောင်း တွေ့ရှိ၍ မှုခင်း ရဲတပ်ဖွဲ့ (CID)၊ ခရိုင်ရဲတပ်ဖွဲ့မှူး၊ ခရိုင်မီး သတ်ဦးစီးမှူးတို့ ပူးပေါင်းအဖွဲ့ဖြင့်စစ်ဆေးရာ CCTV (Hard Disk) မှတ်ဉာဏ်သိမ်းစက် မှ ပြန်လည်ကြည်ရှုသည့်မှတ်တမ်းအရ ဓာတ်ဆီလောင်းမီးရှို့ခဲ့ခြင်းဖြစ်ပြီး မီးစတင်လောင်ကျွမ်းရာ CCTV မော်နီတာတစ်လုံး၊ ငွေရှင်းကောင်တာစားပွဲတစ်လုံး၊ Click – i 125 အဖြူရောင်တစ်စီး မီးလောင်ခဲ့ကြောင်း မှုခင်းမှတ်တမ်းအရ သိရသည်။

 

 

Most Read

Most Recent