၎င်းသည် ၂၀၀၈ ခုနှစ်တွင် သမီးဦးမွေးဖွားပြီး နောက်တစ်နှစ်အကြာတွင် တင်းနစ်လောကသို့ တစ်ကျော့ပြန်ဝင်ရောက်လာပြီး ဂရင်းစလင်းချန်ပီယံဆု သုံးကြိမ်ဆွတ်ခူးရယူနိုင်ခဲ့ပြီးနောက် ၂၀၁၂ ခုနှစ်တွင် ဒုတိယအကြိမ် ထပ်မံအနားယူခဲ့သည်။
ကမ္ဘာ့အဆင့် (၁) ကစားသမားဟောင်းဖြစ်သည့် နာမည်ကြီး ဘယ်လ်ဂျီယံတင်းနစ်မယ် ကင်မ်ကလိုက်စတားစ်သည် ဆရီနာဝီလျံ၊ အဇာရန်ကာတို့ကဲ့သို့ သားသည်မိခင်များ၏ လှုံ့ဆော်မှုကြောင့် လာမည့်နှစ်တွင် တင်းနစ် ပြန်လည်ကစားရန် ဆုံးဖြတ်ထားကြောင်း သိရသည်။
အသက် ၃၆ နှစ်ရှိပြီဖြစ်သည့် ကလိုက်စတားစ်သည် ၁၉၉၇ ခုနှစ်ကတည်းက ပရော်ဖက်ရှင်နယ်တင်းနစ်ကစားသမားအဖြစ် စတင်ခဲ့သူဖြစ်ပြီး မိသားစုဘဝထူထောင်ရန်အတွက် ၂၀၀၇ ခုနှစ်တွင် ပထမအကြိမ် အနား ယူရန် ဆုံးဖြတ်ခဲ့သည်။ ၎င်းသည် ၂၀၀၈ ခုနှစ်တွင် သမီးဦးမွေးဖွားပြီး နောက်တစ်နှစ်အကြာတွင် တင်းနစ်လောကသို့ တစ်ကျော့ပြန်ဝင်ရောက်လာပြီး ဂရင်းစလင်းချန်ပီယံဆု သုံးကြိမ်ဆွတ်ခူးရယူနိုင်ခဲ့ပြီးနောက် ၂၀၁၂ ခုနှစ်တွင် ဒုတိယအကြိမ် ထပ်မံအနားယူခဲ့သည်။
တင်းနစ်ပြန် ကစားမည့်ဆုံးဖြတ်ချက်နှင့်ပတ်သက်၍ ကလိုက်စတားစ်က " သားသည်မိခင်တွေကလည်း အမြင့်ဆုံးအဆင့်မှာ ယှဉ်ပြိုင်နိုင်ဖို့ ကြိုးစားနေကြတယ်။ ဒါက ကျွန်မအတွက် လှုံ့ဆော်မှုပါပဲ။ ကျွန်မက တစ်ခုခုကို သက်သေပြချင်နေတာလို့ မခံစားရပါဘူး။ ဒါက ကျွန်မအတွက် စိန်ခေါ်မှုပဲလို့ထင်ပါတယ်။ အခုအချိန်မှာ ကျွန်မရဲ့ရည်မှန်းချက် အမြင့်ဆုံးအဆင့်ပြိုင်ပွဲတွေမှာ ယှဉ်ပြိုင်နိုင်ရေးပါပဲ။ ပြီးတော့မှ ဘယ်အဆင့်အထိ ယှဉ်ပြိုင်နိုင်မလဲဆိုတာ ကြည့်ရပါမယ်။ ဂရင်းစလင်းပြိုင်ပွဲ ဒုတိယအဆင့်အထိ ကျွန်မယှဉ်ပြိုင်နိုင်မလားဆို ကြည့်ကြရအောင်" ဟု ပြောကြားခဲ့သည်။
ကလိုက်စတားစ်သည် ပထမအကြိမ် အနားမယူမီ ဂရင်းစလင်း ချန်ပီယံတစ်ကြိမ်အပါအဝင် စုစုပေါင်းလေးကြိမ်ရရှိဖူးပြီး ကမ္ဘာ့အဆင့် (၁) နေရာတွင်လည်း ရက်သတ္တပတ် ၂၀ ကြာ ရပ်တည်နိုင်ခဲ့သည်။