အသင်းပရိသတ်များ၏ လှောင်ပြောင်မှုကို နားလည်ကြောင်း နေမာ ဆို

အသင်းပရိသတ်များ၏ လှောင်ပြောင်မှုကို နားလည်ကြောင်း နေမာ ဆို
Photos: Getty Images & Twitter
Photos: Getty Images & Twitter
Published 15 September 2019

PSG အသင်းတိုက်စစ်မှူး နေမာက မိမိအနေဖြင့် အသင်းပရိသတ်များ၏ လှောင်ပြောင်အော်ဟစ်မှုများကို နားလည်ကြောင်း ပြောကြားခဲ့သည်။

PSG အသင်းတိုက်စစ်မှူး နေမာက မိမိအနေဖြင့် အသင်းပရိသတ်များ၏ လှောင်ပြောင်အော်ဟစ်မှုများကို နားလည်ကြောင်း ပြောကြားခဲ့သည်။

ဘရာဇီးလ်တိုက်စစ်မှူး နေမာသည် ပြီးခဲ့သည့်နွေရာသီအပြောင်းအရွှေ့ကာလအတွင်း PSG အသင်းမှထွက်ခွာရန် ကြိုးစားခဲ့သဖြင့် အသင်းပရိသတ်များ၏ ဒေါသထွက်ခြင်းကို ခံနေရသူဖြစ်သည်။ 

ထို့ကြောင့် PSG အသင်းပရိသတ်များသည် စနေနေ့က ကစားခဲ့သည့် လီဂူးပွဲစဉ် PSG (၁-၀) စထရာဘိုးပွဲစဉ်တွင် ပါဝင်ကစားခဲ့သည့် အသင်းတိုက်စစ်မှူး နေမာကို လှောင်ပြောင်အော်ဟစ်မှုများ ပြုလုပ်ခဲ့သလို၊ နေမာနှင့် သူ၏ဖခင်ဖြစ်သူကို ဆဲဆိုထားသည့်စာသားများကို ကွင်းအတွင်း မြင်တွေ့ခဲ့ရသည်။ 

သို့သော် နေမာက မိမိအနေဖြင့် အသင်းပရိသတ်များ၏ ခံစားချက်ကို နားလည်ကြောင်းနှင့် ပရိသတ်များကို အထူးပြောစရာစကားမရှိကြောင်း ပွဲအပြီးတွင် ပြောကြားခဲ့သည်။

နေမာက "အသင်းပရိသတ်တွေကို ကျွန်တော် နားလည်ပါတယ်။ သူတို့အတွက် ခက်ခဲမယ်ဆိုတာကိုလည်း ကျွန်တော် သိပါတယ်။ ဒါပေမဲ့ အခု ကျွန်တော်က PSG အသင်းကစားသမားပါ။ ကျွန်တော်အနေနဲ့ ပရိသတ်တွေကို အထူးတလည် ပြောချင်တဲ့စကား မရှိပါဘူး။ ကစားသမားဘဝတစ်လျှောက်လုံး လှောင်ပြောင်အော်ဟစ်မှုတွေကို ကျွန်တော် ခံခဲ့ရလို့ သိပ်တော့မဆန်းတော့ပါဘူး။ ကျွန်တော် အသင်းက ထွက်ချင်တယ်ဆိုတာကို လူတိုင်း သိပါတယ်။ ဒါကို အကြိမ်ကြိမ်လည်း ကျွန်တော် ပြောခဲ့တယ်။ ဒါပေမဲ့ အသေးစိတ်တော့ မပြောချင်ပါဘူး။ အခုအချိန်မှာ ကျွန်တော်က PSG အသင်း ကစားသမားဖြစ်ပြီး အသင်းအတွက် ကွင်းထဲမှာ ကျွန်တော် အစွမ်းကုန်ပေးဆပ်သွားမှာပါ"ဟု ပြောကြားခဲ့သည်။

နေမာသည် အပြောင်းအရွှေ့ကိစ္စများကြောင့် PSG အသင်း၏ ရာသီအစပွဲစဉ်များတွင် ပါဝင်ကစားခဲ့ခြင်းမရှိဘဲ စထရာဘိုးအသင်းအား (၁-၀) ဂိုးဖြင့် အနိုင်ရသည့်ပွဲတွင်မှ ပါဝင်ကစားခဲ့ခြင်းဖြစ်ပြီး အသင်းအတွက် အဖိုးတန်အနိုင်ဂိုးကို နောက်ပြန်ကန်ချက်ဖြင့် သွင်းယူပေးခဲ့သည်။ 

 

Most Read

Most Recent